ပဲခူးမြို့မှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦး တရားစွဲခံရ

0
142

ပဲခူး၊ မတ် ၂၇ ၊ ၂၀၁၈

ပဲခူးမြို့ရှိ ထိပ်​တန်းစီးပွား​ရေးလုပ်​ငန်းရှင်​ တစ်​ဦးအား ​မြေကျူး​ကျော်​သည်​ဟုဆိုကာ တရားစွဲဆိုခံထားရ​ကြောင်း မြို့နယ်​တရားရုံးမှ သတင်းရရှိသည်​။

အဆိုပါလုပ်​ငန်းရှင်​မှာ ပဲခူး​ရွှေ​မော်​​ဓောဘုရားလမ်းတွင်​ ခြံဝင်းကျယ်​ဖြင့်​​နေထိုင်​​သူဖြစ်​ပြီး အမျိုးသမီးတစ်​ဦးက ပုဒ်​မ ၄၇၇၊ ၄၄၂ တို့ဖြင့်​တရားစွဲဆိုထားခြင်း ဖြစ်​သည်​။

“တရားစွဲဆိုခံထားရတာ မှန်​ပါတယ်​။ ​လော​လောဆယ်​မှာ အမှုနဲ့ပတ်​သက်​ပြီး အာမခံ​ပေးထားပါတယ်​” ဟု ပဲခူးမြို့နယ်​တရားရုံးမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

ထိုကဲ့သို့ တရားရုံးမှ စီးပွား​ရေးလုပ်​ငန်းရှင်​ကြီးအား အာမခံ​ပေးလိုက်​သည့်​အ​ပေါ် ပဲခူးမြို့ခံအချို့ကတရားရုံး ဆုံးဖြတ်​ချက်​ကို ​လူမှုကွန်​ရက်​ စာမျက်​နှာတွင်​​ဝေဖန်​မှုရှိခဲ့ပြီး ကာတွန်းဆရာအချို့မှလည်း ယင်းကိစ္စနှင့်​ပတ်​သက်​၍ သ​ရော်​​ရေးသားမှုများရှိခဲ့သည်​။

“တရားရုံးရဲ့ဆုံးဖြတ်​ချက်​က မျက်​နှာကြီးရာဟင်းဖတ်​ပါ ဆိုသလိုဖြစ်​​နေတယ်​။ ဘယ်​လိုမျိုးကိုမဆို တရားဥပ​ဒေအတိုင်းတိတိကျကျ ​ဆောင်​ရွက်​သင့်​တယ်​”ဟု ပဲခူးမြို့ခံလည်းဖြစ်​ ​ရှေ့​နေတစ်​ဦးလည်းဖြစ်​သူ ဦးခင်​​ဇော်​က မှတ်​ချက်​​ပေးသည်​။

တရားစွဲဆိုခံထားရသည့်​ စီးပွား​ရေးလုပ်​ငန်းရှင်​ ဦး​ဇော်​ထိန်​သည်​ ယခင်​အစိုးရနှင့်​ နီးကပ်​သည့်​ဆက်​ဆံ​ရေးရှိခဲ့ပြီး ပဲခူးစက်​မှုဇုန်​နှင့်​ ပဲခူးမြို့အနီး တဝိုက်​တွင်​​မြေ​ပေးမိန့်​များစွာရရှိထားသူလည်းဖြစ်​သည်​။

အထက်​ပါ တရားစွဲဆိုခံရမှုနှင့်​စပ်​လျဉ်း၍ စီးပွား​ရေးလုပ်​ငန်းရှင်​ထံ တယ်​လီဖုန်းဖြင့်​ဆက်​သွယ်​ရန်​ကြိုးစားခဲ့​သော်​လည်း အဆက်​အသွယ်​မရခဲ့​ပေ။

မိုး​မြေ

Leave a Reply