စပါးတိုက်စစ်မှူးအလီကို အီတလီနဲ့ပွဲစဉ်မှာ အရန်ခုံ၌သာထားရှိမည်ဟု ဆောက်ဂိတ်ဆို 

0
145

မတ် ၂၇ ၊ ၂၀၁၈

အင်္ဂလန်အသင်းရဲ့ နည်းပြဆောက်ဂိတ်ဟာ အီတလီအသင်းနဲ့ ခြေစမ်းမယ့်ပွဲစဉ်မှာ စပါးတိုက်စစ်မှူး အလီကို ပွဲထွက်ခွင့်ပေးမှာ မဟုတ်ဘဲ အရန်ခုံမှာသာ ထားရှိမယ်လို့ ဆိုခဲ့ပါတယ်။

အဆိုပါစပါးတိုက်စစ်မှူးဟာ နိုင်ငံအသင်းမှာရော ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြနိုင်သော်လည်း သူ့ရဲ့ ကစားပုံတွေဟာ နှေးကွေးပြီး ပြေးအားမကောင်းတဲ့အတွက် အသင်းရဲ့ လူစာရင်းကနေ ခေတ္တ ချန်လှပ်ခံထားရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းယှဉ်ပြိုင်ခဲ့တဲ့ နယ်သာလန်နဲ့ ခြေစမ်းပွဲစဉ်မှာလည်း အလီဟာ အရန်ခုံ၌သာ ထိုင်ခဲ့ရပြီး ဒုတိယပိုင်း ၆၈ မိနစ်ရောက်မှသာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ လင်ဂတ်နဲ့ လူစားဝင် ကစားခဲ့ရပါတယ်။ အလီဟာ နည်းပြဆောက်ဂိတ်ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းရဲ့ လူစာရင်မှာ ပါဝင်ခွင့်ရခဲ့သော်လည်း ပွဲထွက်ခွင့်ဆုံးရှုံးနေသူ ဖြစ်ပါတယ်။

အလီဟာ ယူရို ၂၀၁၆ ရဲ့ အင်္ဂလန်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းတွေ လည်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ်လည်း သူဟာ နိုင်ငံအသင်း နည်းပြတွေရဲ့ ပြောနေကျပုံပြင်တွေအတိုင်း စကားလုံးတွေနဲ့ အတူ နိုင်ငံအသင်းရဲ့ ဦးစားပေးကစား သမားအဖြစ် ကစားခွင့် မရခဲ့ပါဘူး။

“ယူရိုပြိုင်ပွဲမှာတော့ ကျွန်တော်ဟာ ကောင်းကောင်းကြီး သင်ခန်းစာ ရရှိခဲ့ပါတယ်။ လေ့လာသင်ယူမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ပြင်သစ်က ပြန်လာခဲ့ရတဲ့ သင်ခန်းစာတွေက အရမ်းဆိုးရွားလွန်ခဲ့ပါတယ်။ အခု ရုရှားကတော့ အခြေအနေလုံးဝ မတူတော့ပါဘူး။ အရမ်းအရေးကြီး ပါတယ်။ ကျွန်တော်ဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါ တယ်။ ဒါကြောင့် အင်အားအကောင်းဆုံးနဲ့ ကြိုးစားစုဖွဲ့မှုတွေလည်း ရှိထားပါတယ်။ အကောင်းဆုံး တိုက်ပွဲဝင်ဖို့ ထိတွေ့ဖို့ ပြင်ဆင် ထားပါ တယ်”ဟု အလီက ဆိုပါတယ်။

NN

Leave a Reply