ဗုဒ္ဓဟူး၊ ဖေ‌ဖော်ဝါရီ ၂၆၊ ၂၀၂၀

လူထုဗဟိုပြုစီမံကိန်းအတွက် ရန်ကုန်တိုင်းအတွင်း စီမံကိန်းမြို့နယ်ရွေးချယ်ရန် ဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်းအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ် ခဲ့ကြောင်းသိရသည်။ အဆိုပါ စီမီကိန်းကို ပြည်သူလူထုကြား...

ပုဂံရှေးဟောင်းနယ်မြေအတွင်း အမြင်မတော်သည့် ကိစ္စရပ်များတားဆီးနိုင်ရန် လှည့်လည်စစ်ဆေးခြင်းများလုပ်မည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းနယ်မြေအတွင်း အမြင်မတော်သည့် ကိစ္စရပ်များတားဆီးနိုင်ရန် အစိုးရ ၊ အရပ်ဖက် အဖွဲ့ဌာနပေါင်းစုံဖြင့် လှည့်လည်စစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည် ။ ထိုသို့ အစိုးရ ၊ အရပ်ဖက် အဖွဲ့ဌာနပေါင်းစုံဖြင့် လှည့်လည်စစ်ဆေးခြင်းများပြုလုပ်ရန် မြို့နယ်၊ ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ထံ...

ငြိမ်းချမ်းရေးလက်နက်ကလွဲလို့ ဘာတခြားနည်းကိုမှ မလိုဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ငြိမ်းချမ်းရေးလက်နက်က လွဲလို့ ဘာတခြားန ည်းကိုမှ မလိုဘူးဟု   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးဆိုတာ နောက်ဆုံးကိုယ့်စိတ်ထဲကစတာပါ။ မငြိမ်းချမ်းတဲ့နေရာနဲ့...

ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် မြေကွက်များထဲမှ သုံးကွက် ပယ်ဖျက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက် သော်လည်းကောင်း ရောင်းချပေးလျက်ရှိရာ ယင်းမြေကွက်များထဲမှ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မြေကွက် သုံးကွက်အား ရောင်းချမှုစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်က အသိပေးကြေညာချက်အရ သိရသည်။ အဆိုပါ မြေကွက်စာရင်းများအနက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း လျှောက်ထားနိုင်သည့်...

ရန်ကုန်တိုင်းအစိုးရက ခေါင်းစဉ်မဲ့အဆောက်အဦးပြင်ရန်ကျပ်သန်းပေါင်း ရှစ်ရာကျော်တောင်းခံ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခေါင်းစဉ်တိတိကျကျဖော်ပြမထားဘဲ ငွေကျပ်သန်း ရှစ်ရာကျော်ကို တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၂၄ရက်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်၌ ဝေဖန်ထောက်ပြခဲ့သည်။ ထို့ပြင် မည်သည့်နေရာကအမှိုက်များကိုစွန့်ပစ်မည်ဟုတိကျစွာမပြောဘဲ ငွေကျပ်သန်း၂၃၀ တောင်းခံထားသည့်အပြင် ကျောင်းများတွင် အသိပညာပေးဗီနိုင်းများရိုက်ရန်နှင့် ရေပိုက်ဆက်များဝယ်ယူရန်ဟုဆိုကာ ငွေကျပ်သန်း၁၄၅၉ဒဿမ၆၂၀တောင်းခံခြင်းများအတွက် ပြန်လည် စိစစ်ပေးရန် လွှတ်တော်တွင်ဆွေးနွေးခဲ့သည်။ "အဆောက်အဦးပြုပြင်ဖို့...

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ပြုလုပ်

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ( ၅) ကြိမ်မြောက် အထူးအစည်းအဝေးကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၀ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးပွဲကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည်...

ရန်ကုန်တိုင်းအစိုးရ ဝယ်ယူခဲ့သောကျောင်းကားများ ပုဇွန်တောင် အိုးရှင်းအနီး YRTA ကားဝင်းထဲသို့ ပြောင်းရွေ့

ရန်ကုန်တိုင်းဒေသကြီး အစိုးရဦးဆောင်ဝယ်ယူခဲ့သည့် ကျောင်းကားအစီးနှစ်ရာအနက် အကုန်လုံး ပြေးဆွဲနိုင်ခြင်းမရှိသေးဘဲ ယင်းကဲ့သို့ မပြေးဆွဲနိုင်သေးသည့် ကျောင်းကားများကို ပုဇွန်တောင်မြို့နယ် အိုးရှင်းကုန်တိုက်အနီးသို့ပြောင်းရွှေ့ကာ ရပ်နားထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဖေဖော်ဝါရီ၂၄ရက်တွင် ပြောကြားခဲ့သည်။ စတင်ဝယ်ယူခဲ့စဉ်ကတည်းက အဆိုပါကျောင်းကားများကို အပြည့်အဝပြေးဆွဲနိုင်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနီး ရှင်စောပုကားရပ်နားကွင်းတွင် ရပ်နားထားပြီး ယင်းနောက် အင်းစိန်မြို့နယ် ရွာမအနီးသို့ပြောင်းရွေ့ထားခဲ့ဖူးကြောင်းလည်း...

မလေးရှားဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

မလေးရှားဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ကြောင်း စာတင်လိုက်ပြီဟု မလေးရှားဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်ကပြောသည်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် မလေးရှားစံတော်ချိန် ၁ နာရီတွင် နုတ်ထွက်စာကို မလေးရှားဘုရင်ထံတင်သွင်းခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် အချက် အလက်များကိုမသိရသေးဟု ဆိုသည်။ ဒေါက်တာ မဟာသီယာ မိုဟာမက်၏ PPBM၊...

လုယက်သူများကို ပြန်လည်ခုခံခဲ့သူမှာ ရိုးသားကြိုးစားသူဖြစ်ကြောင်း FAME ဆေးဝါးစက်ရုံကထောက်ခံ

  လုယက်သူများကို ပြန်လည်ခုခံခဲ့သည့် မျိုးသက်လွင်မှာ ရိုးသားကြိုးစားတဲ့ ၀န်ထမ်းတစ်ဦးသာဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် ပြစ်မှုမှတ်တမ်းမရှိဘဲ အများချစ်ခင်သူ တစ်ဦးသာဖြစ်ကြောင်း FAME ဆေးဝါးစက်ရုံကထောက်ခံစာကို ဖေဖော်ဝါရီ ၂၄ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် တရားဥပဒေနှင့်အညီ ဥပေဒဘောင်အတွင်းမှ လိုအပ်သလိုကူညီပေးနိုင်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ မေတ္တာရပ်ခံခဲ့ပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ FAME ဆေးဝါးစက်ရုံ...

မန္တလေးတိုင်းအတွင်း လာမည့် နွေရာသီတွင် ပုံမှန်အပူချိန်ထက် ပိုနိုင်

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် နွေရာသီ မတ်လ ၊ ဧပြီလ နှင့် မေလများတွင် ပုံမှန်အပူချိန်ထက် ပိုနိုင်ပြီး ရာခိုင်နှုန်း ၆၀ မှ ၈၀ ကြားရှိကြောင်း မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။ နွေရာသီ ကာလ မိုးထစ်ချုန်း ရွာသွန်းနိုင်မှုသည်...

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုများ တိုက်ဖျက်ရေးတွင် ဆောင်ရွက်မှုအားနည်းသည်ဟု နိုင်ငံတကာစွပ်စွဲချက်ကို ဖြေရှင်း

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလွန်အားနည်းသည်ဟု နိုင်ငံတကာ၏ စွပ်စွဲချက်အ‌ပေါ် ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ဖြေရှင်းခဲ့ရကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ဖေဖော်ဝါရီ ၂၂ရက်က ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အာရှ-ပစိဖိတ်ဒေသ...

ရိုဟင်ဂျာမရှိဟုဆိုသည့် စကားလုံးကို ပြောဖို့ ဘာကြောင့် ဝန်လေးနေရလဲဟု USDP မေးခွန်းထုတ်

နိုင်ငံတော်အစိုးရအနေဖြင့် ရိုဟင်ဂျာမရှိဘူးဆိုသည့်စကားလုံးကို ပြောဖို့ ဘာကြောင့်ဝန်လေးနေရလဲဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ "မရှိတဲ့ နိုင်ငံသားလဲ။ ဒါကြောင့်မလို့ မရှိတဲ့နိုင်ငံသားကို မရှိဘူးလို့ပြောဖို့ ဘာလို့ဝန်လေးနေတာလဲ။ နောက်ကွယ်က ဘယ်ကဲ့သို့သော သဘောတူညီချက်တွေရှိထားလို့လဲလို့...

၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းကို တပ်ကိုယ်စားလှယ် ၅၀ ဦးသာ ပါဝင်ဆွေးနွေးမည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ပြင်ဆင်သည့် ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၀ ဦး သာ ၀င်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ရက်တွင် သိရသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၅ရက်တွင် စတင်ဆွေးနွေးရန်လျာထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦး...

ဗစ်တိုးရီးယားအမှုသည် တရားခံပျောက်စရာ အကြောင်းမရှိဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဌ ဝေဖန်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုသည် တရားခံ ပျောက်စရာ အကြောင်းမရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌဖြစ်သူ ဦးတင်ထွေးက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးတင်ထွေးကဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဒီအမှုမျိုးက တရားခံပျောက်စရာ အကြောင်းမရှိဘူး။ ပျောက်စရာ အကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့...

အလုပ်သမားအရေး ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ရှစ်ဦးကို အမိန့်ချ

အလုပ်သမားအရေး အခက်အခဲများကို အစိုးရ အနေဖြင့် ထိထိရောက်ရောက် ဖြေရှင်းပေးရေး ဆန္ဒပြခဲ့သည့် အလုပ်သမား ခေါင်းဆောင် ရှစ်ဦးကို ထောင်ဒဏ် ၇ ရက် (သို့မဟုတ်) ဒဏ်ငွေတစ်သောင်းကျပ် ပေးဆောင်ရန် ဖေဖော်ဝါရီလ ၂၁ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တရားသူကြီး က အမိန့်ချခဲ့သည်။ အဆိုပါ...

လူမှုကွန်ရက်များ

253,259FansLike