ဗုဒ္ဓဟူး၊ အောက်တိုဘာ ၁၆၊ ၂၀၁၉

ဗစ်တိုးရီးယားလေး၏ မိသားစုအပါအဝင် အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများတရားစွဲခံရ

စက်တင်ဘာ ၂၇ ယဉ်ကေနွယ် ဗစ်တိုးရီးယားလေး၏ မိသားစုအပါအဝင် ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများနှင့် တရားခွင်တွင် လာရောက်လေ့လာသူများကို Wisdom Hill ကျောင်း၏ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) ၂ ဖြင့် ပတ္တာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။ အမှုဖွင့်ခံထားရသူများတွင် ကလေးငယ်လေး၏ ဖခင်...

သားဖြစ်သူ၏ ရန်ပွဲကို ဝင်ရောက်ဖြန်ဖြေသည့် ဖခင် သေဆုံး

စက်တင်ဘာ ၂၆ နိုင်လင်းဦး စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာရှိ ကံတလူဘုရားမုဒ်ဦးဝတွင် သားဖြစ်သူ နှင့် အခြားသူမျ စကားများရန်ဖြစ်နေမှုကို ဝင်ရောက်ဖြန်ဖြေခဲ့သည့် ဖခင် သေဆုံးမှု စက်တင်ဘာလ ၂၅ ရက် ည ၉ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဦးမှတ်တင် (၆၀) နှစ်သည် သားဖြစ်သူ နေလင်းအောင်...

အောင်ကြီး ရှေ့နေ သိန်း ၁၀၀ ဖြင့်အာမခံ ရ

စက်တင်ဘာ ၂၅ ယဉ်ကေနွယ် နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ပုဒ်မ ၂ ခု ဖြင့်...

ယာဉ်မောင်းအောင်ကြီးအတွက် အာမခံလျှောက်ထားပေးမှု တရားရုံး လက်ခံ

စက်တင်ဘာ ၂၄ ယဉ်ကနွယ် ဗစ်တိုးရီးယားလေး အမှုနှင့် ပတ်သက်၍ တရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြီးအတွက် ယနေ့ပြုလုပ်သည့် ရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်မှ တရားရုံးတော်သို့ အာမခံလျှောက်လွှာ လျှောက်ထားပေးခဲ့သည်။ ထိုသို့ အာမခံလျှောက်လွှာပေးပို့ထားမှု အပေါ် တရားရုံးတော်မှ လက်ခံခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော် ကပြောသည်။ “အာမခံ လျှောက်တာက ကျွန်တော်က တင်လိုက်ပါတယ်။ တစ်ဖက်ကိုလည်း...

သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့်လူ ၂ ဦးကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက် ရုံးချိန်း

စက်တင်ဘာ ၂၄ ယဉ်ကေနွယ် ဗစ်တိုးရီးယားလေး၏ ၇ ကြိမ်မြောက်ရုံးချိန်းတွင် သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့် လူ ၂ ဦးကို ယနေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။ ထို့ပြင် တရားခံဟုယူဆထားသူ ယာဉ်မောင်းအောင်ကြီးအတွက်လည်း ယနေ့ တရားခွင် စစ်ဆေးမှုအခြေအနေ စစ်ဆေးမှုပေါ်မူတည်၍ အာမခံ ရရှိနိုင်ရေးအတွက်...

လူငယ် (၂) ဦးအား ပြိုင်ကားနှင့် တိုက်မိသည့်အမှု တရားခံပြသက်သေ ရုပ်ရှင်သရုပ်ဆောင် ကေညီ အား စစ်ဆေး

စက်တင်ဘာ ၂၃ နိုင်လင်းဦး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုမှ ယာဉ်မောင်းဖြစ်သူအား စက်တင်ဘာလ ၂၃ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်...

သံတုတ်၊ ကတ်ကြေးတို့ ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်းကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

စက်တင်ဘာ ၁၉ ကျော်သူမြင့် သံတုတ်၊ ကတ်ကြေး ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရန်ပြုတိုက်ခိုက် ကာ လက်နက်ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်း(ခ) သန်းထိုက်ဦး ကို သင်္ဃန်းကျွန်းမြို့နယ်ရဲ တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ စက်တင်ဘာ ၁၉ ရက် နံနက် ၅နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊...

နေပြည်တော်ကျောက်မျက်ပြပွဲသို့ နိုင်ငံသားကတ်အတု ကိုင်ဆောင်ပြီးလာရောက်သည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထား

စက်တင်ဘာ ၁၉ ယဉ်ကေနွယ် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို တရုတ်နိုင်ငံသား ၃ ဦးမှ နိုင်ငံသားကတ်အတုများ ကိုင်ဆောင်၍ စက်တက်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းမိရမိခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးကို ပြန်လည် စိစစ်၍...

We Love Dauk Zaw Group တွင် ဝန်ကြီးချုပ်ပုံများသုံးပြီး ဂုဏ်သိက္ခာကျဆင်းစေရန်ရေးသားသည်ဟုဆိုကာ နှစ်ဦးကို အမှုဖွင့်

စက်တင်ဘာ ၁၈ နိုင်လင်းဦး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများကိုအသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ယက် Facebook တွင် ရေးသားသည့် အကောင့် ပိုင်ရှင်နှစ်ဦးအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။ Aung pyae San Win နှင့် Swan Ka Bar အမည် တို့ဖြင့်...

အဂတိအမှုဖြင့်တရားစွဲခံထားရသည့် ဒုရဲအုပ် အမှု တိုင်ကြားထားသူအား စစ်ဆေး

စက်တင်ဘာ - ၁၈ နိုင်လင်းဦး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဒုရဲအုပ်အား စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး အဆိုပါ ရုံးထုတ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်မှု ကော်မရှင်ထံ တိုင်ကြားခဲ့သူအား စစ်ဆေးခဲ့ကြောင်း သိရသည် ။ အမှုတွင် ယခင် အမှတ် (၃) နယ်မြေရဲစခန်းမှူ...

အိမ်အကူ မိန်းကလေးကို အက်ဆစ်ဖြင့်လောင်းသည့် အမျိုးသမီး (၂) ဦး အား အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချ

စက်တင်ဘာ ၁၆ နိုင်လင်းဦး မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း အိမ်အကူအဖြစ် အလုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်လောင်းခြင်း၊ မျက်စိကွယ်အောင်လုပ်ခြင်း တို့ကို ကျူးလွန်ခဲ့သည့်အမျိုးသမီးနှင့် ပါဝင်ပတ်သက်သူကို စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံရန် အမိန့်ချခဲ့သည် ။ ကျူးလွန်သူများဖြစ်သည့်...

သာသနာ့မြေများတွင် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများဆောင်ရွက်မှုမရှိစေရန် ဆောင်ရွက်လျှက်ရှိ

စက်တင်ဘာ ၁၄ နိုင်လင်းဦး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာသနာ့နယ်မြေများဖြစ်သည့် ဘုန်းကြီးကျောင်းများတွင် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများဆောင်ရွက်မှုမရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည် ။ အချို့ ရာဇဝတ်မှုများ၊ လောင်းကစားဒိုင်များ၊ စာရွက် စာတမ်း အတုပြုလုပ်မှုများ စသည်တို့ကို ဘုန်းကြီးကျောင်းမျာအတွင်းမှ ဖမ်းဆီးရမိသည့်အတွက် စာရင်းကောက်ခံမှုများပြုလုပ်ရန် သံဃာ့နာယက သို့ လျှောက်ထားထားကြောင်း...

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မန္တလေးတွင်မိသည့် AA အဖွဲ့ဝင်များကို စစ်ဆေးနေ

စက်တင်ဘာ ၁၄ နိုင်လင်းဦး မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် AA လက်နက်ကိုင်အဖွဲ့ဝင်များ နှင့် ပတ်သက်၍ စစ်ဆေးစဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၅) ဦးနှင့်အတူ...

စစ်ကိုင်းတွင် အတူနေဦးဇင်းနှစ်ပါး စကားများရာမှ ဓါးထိုးမှုဖြစ်ပွား

စက်တင်ဘာ ၁၃ နိုင်လင်းဦး စစ်ကိုင်းမြို့ မီးရထားရပ်ကွက် တေဇောတာရုံကျောင်းတိုက်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ (တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့) နံနက် ၆ နာရီအချိန်ခန့် က အတူနေဦးဇင်းနှစ်ပါး စကားများရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်း က သိရသည်။ ဖြစ်စဉ်မှာ ဦးဇင်းဂန္ဓမာအား တစ်ကျောင်းတည်းနေ အတူသီတင်း သုံးဖော်ဖြစ်သည့် ဦးဇင်းနန္ဒသီဟ...

ဗစ်တိုးရီးယားလေး မှ တရားခွင်တွင် တိကျစွာ ထွက်ဆိုနိုင်ခဲ့

စက်တင်ဘာ ၁၁ ယဉ်ကေနွယ် ယနေ့ ၆ ကြိမ်မြောက်ရုံးချိန်း တွင် ဗစ်တိုးရီးယားလေးကို video conferencing ဖြင့် ရုံးတော်မှ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဗစ်တိုးရီးယားလေးမှ တရားခွင်တွင် စစ်ဆေးမေးမြန်းမှုအား ထွက်ဆိုရာတွင် ၎င်း ၏ မိဘများကို ပြောပြမှုထက် တိကျစွာ ထွက်ဆိုနိုင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်က ပြောသည်။ “ကလေးရဲ့...

လူမှုကွန်ရက်များ

208,228FansLike