ဗုဒ္ဓဟူး၊ ဇွန် ၃၊ ၂၀၂၀

၂၀၁၇ ခုနှစ်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်ဖိုး မီးလောင်ဆုံးရှုံးမှုဖြစ်ခဲ့၊ ယခင်နှစ်ကထက် ဆုံးရှုံးမှုတန်ဖိုးလျှော့နည်း

မန္တလေး ၊ဇန်န၀ါရီ ၃၊ ၂၀၁၈   မန္တလေးခရိုင်းအတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မီးလောင်မှုကြောင့် ဆုံးရှုံးသည့် တန်ဖိုး စုစုပေါင်းသည် ကျပ်သိန်း (၁၈၇၉) ကျော်ဖိုးအထိ ရှိခဲ့ခဲ့ပြီး ၂၀၁၆ ခုနှစ် မီးလောင်ဆုံးရှုံးမှု ထက်လျှော့နည်း...

၂၀၁၇ခုနှစ် လူကုန်ကူးခံရသူများတွင် အသက် (၁၈)နှစ်အောက် (၅၅)ဦးရှိ

မန္တလေး၊ဇန်န၀ါရီ ၂ ၊၂၀၁၈ ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရသူများထဲတွင် အသက် (၁၈) နှစ်အောက် (၅၅) ဦးပါဝင်ပြီး တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ က သိရသည်။ ၂၀၁၇ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ ဒီဇင်ဘာ(၁၅)ရက်နေ့ထိ လူကုန်ကူးမှု(၂၁၈)မှုရှိခဲ့သည့်အနက် လူကုန် ကူးခံရသူ(၃၅၂)ဦးရှိပြီး...

အသက် ၂၀ အရွယ် လူငယ်တစ်ဦးထံမှ ICE မူးယစ်ဆေးဝါးများ ကျပ်သိန်း (၁၅၅၀၀) ကျော်ဖိုး ဖမ်းမိ

နေပြည်တော် ၊ဇန်န၀ါရီ ၂ ၊၂၀၁၈ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကွန်ဟိန်းမြို့နယ်၊ သံလွင်တံတား (တာကော်) တွင် ဇန်န၀ါရီလ ၁ ရက်နေ့၌ က ICE မူးယစ်ဆေးဝါးများ ကျပ်သိန်း (၁၅၅၀၀) ကျော်ဖိုး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ခိုလန်ဘက်မှ ကွန်ဟိန်းဘက်သို့ မောင်းနှင်လာသည့် အသက်(၂၀...

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ရုံးချိန်း တရားလို ကျန်းမာရေးမကောင်း၍ ထပ်ချိန်း

မန္တလေး ၊ဇန်န၀ါရီ ၂ ၊၂၀၁၈ မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ရုံးချိန်းမှာ တရားလို ကိုကျော်မျိုးရွှေအနေဖြင့် ကျန်းမာရေး မကောင်းသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ပဲ ဇန်နဝါရီလ ၁၆ နေ့သို့...

၂၀၁၇ ခုနှစ်တွင် ယခင်နှစ်ထက် မုဒိမ်းမှုပိုများခဲ့

ရန်ကုန် ၊ဇန်န၀ါရီ ၁ ၊ ၂၀၁၈ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များအနက် လူသတ်မှုဖြစ်စဉ်များသည် ယခင်နှစ်ကထက် လျော့နည်းခဲ့ပြီး မုဒိမ်းမှု ၄၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ "အမှုတည်ဆောက်တဲ့နေရာမှာရဲကဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တည်ဆောက်ဖို့လိုတယ်။အချိုက အမှုတွေမှာ ရဲက...

YBS၂၁ မှစက်ဘီးသမားအား တက်ကြိတ်၊စက်ဘီးသမား ပွဲချင်းပြီးသေဆုံး

ဇန်​နဝါရီ ၁။၂၀၁၈။ ရန်ကုန်မြို့၊လိုင်မြို့နယ်၊ဘာတာမှတ်တိုင်အနီးတွင်ဇန်နဝါရီ၁ရက်နေ့ ​နေ့လယ်၁နာရီ၄၅မိနစ်အချိန်​ခန့်​၌ YBS ၂၁ကားနှင့်​စက်​ဘီးတို့ တိုက်မှု ဖြစ်​ပွားခဲ့​ကြောင်းလိုင်​မြို့နယ်​ ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။ "YBSယာဉ်​၂၁က အတိုက်​ခံရသူကိုတိုက်​တာ​ပေါ့။ ​သေသွားးတယ်။ ကားသမားကထွက်​​ပြေးသွားတယ်​"ဟု လှိုင်​မြို့နယ် ​ရဲတပ်​ဖွဲ့စခန်းမှ ရဲအရာရှိတစ်​ဦးမှ​ပြောသည်​။ ဖြစ်​စဉ်​မှာ ရန်​ကုန်​ဘက်​မှယာဉ်​​မောင်း ရိုင်း​အောင်​ထူး ​မောင်း​နှင်​လာ​သော ယာဉ်အမှတ် 3P 2090 ၊ YBS ၂၁ဘတ်​စ် ကားသည်​ ဘာတာမှတ်​တိုင်​ အနီးတွင်​...

နှစ်သစ်ကူးညတွင် ထိခိုက်ဒဏ်ရာဖြင့် ဆေးရုံတက်ရောက်သူ (၆၁) ဦးရှိ (၄) ဦးသေဆုံး

မန္တလေး ၊ဇန်န၀ါရီ ၁ ၊၂၀၁၈ မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသော ညတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်သူ (၆၁) ဦး ရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိကြောင်း မန္တလေး အထွေထွေ...

မသင်္ကာလို့ စစ်ဆေးရာ ဆိုင်ကယ်သူခိုးဖြစ်နေ

မန္တလေး၊ဇန်န၀ါရီ ၁ ၊ ၂၀၁၈ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် ၉ လမ်း နှင့် မင်းကြီးရန်နောင်လမ်းထောင့် လမ်းမပေါ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာသူတစ်ဦးအား စစ်မေးရာမှ ဆိုင်ကယ် (၇) စီးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း...

မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် သတင်းပေးအားနည်းနေဟု ဒေါက်တာဇော်မြင့်မောင်ပြော

မန္တလေး၊ဇန်န၀ါရီ ၁၊၂၀၁၈ မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ဖမ်းဆီး အရေးယူရာတွင် သတင်းပေးအားနည်းသည့်အတွက် အခက်အခဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မန္တလေး - မူဆယ် ကားလမ်း မှ လည်းကောင်း ၊ တောင်ကြီး -...

အချုပ်ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်​ဘာ၃၀ရက်၊၂၀၁၇ ကသာမြို့နယ်​တွင်​ ဒီဇင်​ဘာ၃၀ရက်နေ့လယ် ၂နာရီ ခန့်​အချိန်​က ဝန်​သိုမြို့မှလာ​သောအချုပ်​ကားနှင့်​ ဆိုင်​ကယ်​​တို့ တိုက်​မူဖြစ်​ပွားပြီး တစ်ဦး​သေဆုံး​ကြောင်း ကသာရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။ "ဝန်းသိုရဲတပ်​ဖွဲ့စခန်းကအချုပ်​ကားပါ။ အပြန်​မှာဖြစ်​တာ။ အခင်းဖြစ်​​နေရာမှာ တစ်​ဦး​သေနှစ်​ဦး​ဆေးရုံ​ပို့တယ်​။ အချုပ်​ကား​မောင်းသူက ရဲဒုတပ်​ကြပ်​ဝင်းလှိုင်​ပါ။ အခုတော့အချုပ်​ထဲ ရောက်​ပြီ "ဟု ကသာမြို့နယ်​ရဲ တပ်​ဖွဲ့မှူးရုံးမှရဲအရာရှိတစ်​ဦးက ပြောသည်​။ ဖြစ်​စဉ်​မှာ ဝန်​သိုရဲတပ်​ဖွဲ့စခန်းမှ ရဲဒုတပ်​ကြပ်​ဝင်းလှိုင်​​​ မောင်းနှင်​လာ​သော အချုပ်​ကားသည်​ ကသာမြို့မှအပြန်​ မြို့အထွက်​သံလမ်းကူး​နေရာ၌ အမျိုးသမီး သုံးဦး​မောင်းနှင်​လာ​သော ဆိုင်​ကယ်​နှင့်​တိုက်​မိပြီး...

အချုပ်သား ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးအား ရဲစည်းကမ်းအရ အရေးယူမည်

မန္တလေး၊ဒီဇင်ဘာ ၃၀၊၂၀၁၇ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တရားရုံးအချုပ်မှ တရားခံတစ်ဦး ထွက်ပြေးသွားသည့်အတွက် ရဲတပ်သား (၄) ဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထောင်ထုတ်တရားခံ ဇင်သူထက် (ခ) ငထက် (ခ) ကိုထက်သည်...

ရဲတပ်သားက ဓားထောက်ပြီး ရဲရုံးစာရေးမအိမ်ကို ဝင်ရောက်လုယက်

မန္တလေး၊ဒီဇင်ဘာ ၃၀၊၂၀၁၇ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဆင်နှစ်ကောင်ရပ်ကွက်အတွင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ရဲတပ်သားက ဓားထောက်ပြီး ရဲရုံးစာရေးမအိမ်ကို ဝင်ရောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ ရဲတပ်သားမှာ မြစ်သားမြို့မရဲစခန်း မှ ဖြစ်ပြီး ကျူးလွန်ခံရ သူမှာ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး က...

မဘိမ်းမြို့နယ် ​​ငို့​တောတွင်​ သစ်​လုံးတင်​ကားတိမ်း​မှောက်​၊ တ​စ်ဦး​သေဆုံး

  ဒီဇင်​ဘာ ၂၉။ ၂၀၁၇။ ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊မဘိမ်းမြို့နယ်အ​ရှေ့​တောင်ဘက်​ ​တောတွင်း ငို့​တောတွင်​ သစ်​လုံးတင်​ကားတိမ်း​မှောက်​၍တစ်ဦး​သေဆုံးခဲ့​ကြောင်း မဘိမ်းမြို့နယ်​ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။ "တရားခံက​တော့မမိ​သေးဘူး။ ထွက်​​ပြေးသွားတယ်။ ကားနဲ့ သစ်လုံး​တွေကို​တော့ သက်​​သေခံဖြစ်​သိမ်းထားတယ်​။ ကားလိုင်​စင်​ရှိ/မရှိစီစစ်​ဆဲပါ"ဟုမဘိမ်းရဲတပ်​ဖွဲ့စခန်းမှ တာဝန်​ရှိသူက The Fifth Wave News (ပဉ္စမလှိုင်းမီဒီယာ)၏ဆက်​သွယ်​​မေးမြန်းချက် ​ကို​ဖြေကြားသည်​။ ဖြစ်​စဉ်​မှာ ဒီဇင်​ဘာလ၂၈ရက်နေ့ ည​နေ ၅နာရီ၃၀မိနစ်ခန့်​ အချိန်တွင် ​"ဘဟဲ​" ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးဝင်းမြင့်​​အောင်​မှ...

နောင်​ချိုတွင် စိတ်​ကြွ​ဆေးပြား ၆၀၀ ဖမ်းမိ

  ရန်ကုန်၊ဒီဇင်​ဘာ ၂၉၊၂၀၁၇ ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)​နောင်​ချိုမြို့အဝင်​ အိုရီယမ်​တယ်​ တိုးဂိတ်​အနီး တွင် ​စိတ်​ကြွ​ဆေးပြား(၆၀၀)ဖမ်းမိ​ကြောင်း နောင်​ချိုရဲတပ်​ဖွဲ့စခန်းမှ သိရသည်​။ "အမှုကစစ်​​နေတုန်းပါ။ နှစ်​​ယောက်​လုံးက​တော့လားရိုး ကပဲ။ မူးယစ်​တပ်​ဖွဲ့(၂၄)လားရိုးအဖွဲ့နဲ့ ​နောင်​ချိုရဲတပ်​ဖွဲ့ပူး​ပေါင်းပြီး စစ်​​ဆေး​ရေးလုပ်​ရင်း ဖမ်းမိတာပါ။ ​ဆေးပြားက(၆၀၀) ၊နှစ်​ရာထုတ်​သုံးထုတ်​ပါ"ဟု နောင်​ချို စခန်းမှ တာဝန်​မှူး ဒုရဲအုပ်​တင်​ဦးကThe Fifth Wave News (ပဉ္စမလှိုင်းမီဒီယာ) ၏ဆက်​သွယ်​​မေးမြန်းချက်​ကို​ဖြေကြားသည်​။ ဖြစ်​စဉ်​မှာ...

သုံးလာင်းပြိုင်လူသတ်မှု ပထမဆုံးအကြိမ် ရုံးထုတ် 

ရန်ကုန်၊ဒီဇင်ဘာ ၂၈၊၂၀၁၇ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုကို အနောက်ပိုင်းခရိုင် တရားရုံး၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ " ဒီနေ့က ရုံးထုတ်ပြီး ရမန်ယူတာပါ။ တရားခံဘက်က ရှေ့နေမငှားဘူးလို့ ပြောတဲ့အတွက် နိုင်ငံတော်က ရှေ့နေငှားပေးဖို့ဆောင်ရွက်တာ ဒီလောက်ပါပဲ" ဟု သေဆုံးသူများ၏...

လူမှုကွန်ရက်များ

253,415FansLike