ဗုဒ္ဓဟူး၊ ဇွန် ၃၊ ၂၀၂၀

ဆိုင်ကယ်ကို ကြိုးဖြင့်​တားပြီး လုရန်​ကြံစည်​သူ ၂ ဦးအား ဖမ်းဆီးရမိ

မန္တလေး၊ ဇန်နဝါရီ ၁၂၊ ၂၀၁၈ မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်​ကိုင်း - မန္တလေးလမ်း တံတားဖြူအနီးတွင်​ ဆိုင်ကယ်များကို ကြိုးဖြင့်တားဆီးပြီး လုယက်ရန်ကြံစည်နေသူနှစ်ဦးကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး...

အုပ်​ချုပ်​​ရေးမှူး​ရွေးချယ်​ပွဲ မဲ​​​ပေးရန်​ သွားစဉ်​ပြန်​မ​ရောက်​သဖြင့်​ လူ​ပျောက်​တိုင်​ကြား

ရန်ကုန် ၊ ဇန်​နဝါရီ ၈ ၊ ၂၀၁၈ ရန်​ကုန်​တိုင်း​ဒေသကြီး၊ဒဂုံမြို့သစ်​(​တောင်​ပိုင်း) ၊ (၂၁)ရပ်​ကွက်​​၊ ပညာ​ရေး(၂)လမ်း၊မ/၄၃၃​ တွင်​နေထိုင်သော မဇင်​မာ​အေး(၃၇)နှစ်​သည်​ ဇန်​နဝါရီ ၇ ရက်နေ့၌ ​​အုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ပွဲသို့ မဲ​​​ပေးရန်​သွားစဉ်​ နေအိမ်​သို့ ပြန်​ရောက်လာခြင်း မရှိသောကြောင့် မိသားစုမှ လူ​ပျောက်​မှုဖြင့် တိုင်​ကြားထား​ကြောင်း ဒဂုံမြို့သစ်​ရဲတပ်​ဖွဲ့စခန်းမှသိရသည်​၊ "လူ​ပျောက်​ဖွင့်​ပြီး...

ဆေးရုံဝင်ပေါက် တံခါးသော့ပိတ်ထားသည့်အတွက် အချိန်မီဆေးကုသမှု မခံယူရသဖြင့် လူနာတစ်ဦး သေဆုံးမှု သက်ဆိုင်ရာသို့တိုင်ကြားမည်

သြဂုတ် ၇ နိုင်လင်းဦး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ ခန္တီးဆေးရုံကြီးတွင် ဆေးရုံဝင်ပေါက် တံခါးသော့ပိတ်ထားသည့်အတွက် အချိန်မီဆေးကုသမှု မခံယူရသဖြင့် လူနာတစ်ဦး သေဆုံးခဲ့မှုအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန တို့ထံ သြဂုတ်လ (၈) ရက်တွင် တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၃ ရက်...

တုတ်​ဓားကိုင်​​ဆောင်​ထား​သောလူတစ်​စုမှ အိမ်​ရှိပစ္စည်းများအား ဝင်​​ရောက် ​ဖျက်​ဆီး

ရန်ကုန် ၊ ဇန်​နဝါရီ ၃၊၂၀၁၈ ရန်​ကုန်​တိုင်း​ဒေသကြီး၊ဒဂုံဆိပ်​ကမ်းမြို့နယ်​တွင်​ တုတ်​ဓား ကိုင်​​ဆောင်​ထား​သောလူတစ်​စုမှ အိမ်​ရှိပစ္စည်းများအားဝင်​​ရောက်​ဖျက်​ဆီးခဲ့​မှုဖြစ်​ပွားခဲ့ကြောင်း ဒဂုံဆိပ်​ကမ်းရဲတပ်​ဖွဲ့ စခန်းမှသိရသည်​။ "ဖြစ်​တဲ့ညမှာပဲ တရားခံ​တွေကို ဖမ်းမိတယ်​။ တစ်ရပ်​ကွက်​တည်း သား​တွေပါ။ ခု ရမန်​ယူထားတယ်​"ဟု ဒဂုံဆိပ်​ကမ်းမြို့နယ်​ရဲတပ်​ဖွဲ့စခန်းမှတာဝန်​ရှိသူမှ​ပြောသည်​။ ဖြစ်​စဉ်​မှာ ဒဂုံဆိပ်​ကမ်းမြို့နယ်​၊(၈၈)ရပ်​ကွက်​၊​ သော်​ကမြိုင်​(၂)လမ်း၌ ဇနနဝါရီ၁နေ့တွင်မမြမဉ္စူမိုးသည်​​နေအိမ်၌ရှိ​နေစဉ်​​မောင်​ဖြစ်သူ ​ကျော်​​ကျော်​လင်းမှာရန်​ဖြစ်​​နေ​ကြောင်းကြားသိရသဖြင့်​​ ​နေအိမ်​သို့ပြန်​​ခေါ်လာခဲ့သည်​။ ထို့​နောက်​​ကျော်​​ကျော်​လင်းမှာ သူငယ်​ချင်းများထပ်​မံခိုက်​ရန်​ဖြစ်​ပွားသံများ ကြား၍ ​ဖြစ်ပွားရာသို့ပြန်လည်သွားခဲ့ရာဦး​ကျော်တင်စိုး၊ ​အောင်​​လေး ၊ ​အောင်​စိုးတင်​၊စည်​သူတို့မှာပြတ်​ရှထိုးသွင်းဒါဏ်​ရာများဖြင့်​...

ခေတ်ပေါ်ပစ္စည်းများ လိုချင်မှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူငယ်များ ပြစ်မှုကျူးလွန်မှု ပိုများလာ

မန္တလေး၊ ဇန်န၀ါရီ ၅ ၊၂၀၁၈ ခေတ်ပေါ်ပစ္စည်းများ လိုချင်မှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူငယ်များ ပြစ်မှုကျူးလွန်မှု ပိုများလာကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။ "လူငယ်အများစုက ခိုးမှုတွေ ကျူးလွန်နေကြတာကိုတွေ့ရမယ် ။ ဒါဟာ ခေတ်ကာလအရ ခေတ်ပေါ်ပစ္စည်းတွေ လိုချင်တာတွေပါမယ် ။ နောက်ပြီး...

နာမည်ကြီး တံဆိပ်များကပ်ထားသည့် အရက်တု ပုလင်း (၅၇၀၀) ကျော်အား ဖမ်းဆီးရမိ 

ဇန်နဝါရီ ၂ နိုင်လင်းဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ အကွက်(၆၁၉)၊ ၂၉ လမ်း နှင့် လမ်း ၃၀ ကြား၊ ၇၇ လမ်း နှင့် ၇၈ လမ်းကြားရှိ တိုက်ခန်းအမှတ် (၁) မှ နာမည်ကြီး တံဆိပ်များကပ်ထားသည့် အရက်တု ပုလင်း (၅၇၆၀)...

မဟာဝိဟာရကျောင်းတိုက်အား စွပ်စွဲရေးသားခဲ့သူ အကောင့်ပိုင်ရှင်ဟောင်းမှ လာရောက်ရှင်းလင်း၊ အမှုပိတ်သိမ်းရခြင်းမရှိသေး

အောက်တိုဘာ ၉ ကျော်သူမြင့် မှော်ဘီမြို့ရှိ မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များသည် သီလရှင်များနှင့် မေထုန်မှီဝဲနေ သည်ဟု စွပ်စွဲရေးသားခဲ့သည့် Khin Khin Account ပိုင်ရှင်မှ လူမှုကွန်ရက်တွင် ယင်းသို့ စွပ်စွဲရေး သားခဲ့ခြင်းမရှိဟု ယမန်နေ့က လာရောက်ရှင်းလင်းခဲ့သည်ဟု ကျောင်းတိုက်မှ သတင်းထုတ်ပြန် သည်။ အောက်တိုဘာ ၈ ရက်က ယင်းကျောင်းတိုက်တွင်...

တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်စဉ် အသတ်ခံရ

မန္တလေး၊ ဇန်နဝါရီ ၁၀၊ ၂၀၁၈ မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး ၇၈ လမ်းပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီခန့်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၁) နယ်မြေရဲစခန်း က သိရသည်။ သေဆုံးသူသည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သော ဒေါ်ဝင်းကြည်...

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး နိုင်ငံတော်အစိုးရကို ဒုတိယအကြိမ်တရားစွဲဆိုမည်

သြဂုတ် ၇ ကိုလူသစ် ၂၀၀၈ခုနှစ်တွင် ရေးဆွဲအတည်ပြုပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်ရန် နိုင်ငံတော်အစိုးရကို ဒုတိယအကြိမ်ထပ်မံတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၁၉၉၀ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအကြံပေးဖြစ်သူ ဦးအောင်သူရကပြောကြားသည်။ ''နိုင်ငံတော်ကို တရားစွဲရတာ။အရင်ကတော့ သမ္မတဦးထင်ကျော်ကိုတရားစွဲတာပေါ့။အခုတော့ ဦးဝင်းမြင့်ပေါ့။ကျွန်တော်တို့က တရားလွှတ်တော်ချုပ်အထိ သွားရမှာဆိုတော့ စာချွန်တော်တွေအထိသွားရမှာပါ''ဟု ၁၉၉၀ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအကြံပေးဖြစ်သူ ဦးအောင်သူရကပြောကြားသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းရန်အတွက် နိုင်ငံတော်အစိုးရအား ဒုတိယအကြိမ်တရားစွဲဆိုမှုကို ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ပြည်ထောင်စုတောင်သူလယ်သမားတိုင်းရင်းသားအဖွဲ့၊လူ့အခွင့်အရေးဆိုင်ရာစုံစမ်းဖော်ထုတ်ရေးအဖွဲ့အပါအဝင်...

ကသာမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခြင်းခံ ခဲ့ရ​သောမူကြိုတန်းတက်​​နေသူ(၆)နှစ်​အရွယ်​ကလေးမ​လေးသေဆုံး

ဇန်​နဝါရီ ၆၊၂၀၁၈။ စစ်​ကိုင်းတိုင်း​ဒေသကြီး ၊ကသာမြို့နယ် စကားကုန်းအုပ်စု၊ ရွှေပြည်သာ ရွာသစ်​​ကျေးရွာတွင်​ ဇန်နဝါရီ ၄ ရက် ညအချိန်က သက်ငယ် မုဒိမ်းမှု ဖြစ်​ပွားခဲ့ပြီး ကျူးလွန်ခြင်းခံခဲ့ရ​သော မူကြိုတန်းတက်​​နေသူ(၆) နှစ်အရွယ် က​လေးမ​လေးသည်​ ဇန်​နဝါရီ၅ရက်​နေ့တွင်​ ​သေဆုံးသွား​ကြောင်း ကသာမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။ "အဲ့ဒါနဲ့ပတ်​သက်​လို့အမှုဖွင့်​ပြီးပြီဆို​တော့တရားခံ ​ပေါ်​ပေါက်​​ရေး စုံစမ်း​ဖော်ထုတ်​​နေပါတယ်​"ဟုကသာမြို့နယ်​ ရဲတပ်​ဖွဲ့မှူးရဲမှူးမြင့်​​အောင်​မှ ​ပြောသည်​။ ဖြစ်​စဉ်​မှာ ကသာမြို့နယ်​စကားကြီးကုန်း​ကျေးရွာအုပ်​စု၊ ​ရွှေပြည်​သာ...

ကမ္ဘောဇဘဏ်တွင်အပ်ထားသည့် ကျပ်သိန်း (၅၀၀) ပျောက်ဆုံးမှု ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား

မေ ၂၇ နိုင်လင်းဦး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မုံရွာ ကမ္ဘောဇဘဏ် (၁) တွင်အပ်နှံထားသည့် ကျပ်သိန်း (၅၀၀) ပျောက်ဆုံးမှုအား မုံရွာမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး အမြန်ဆုံး ဖြေရှင်းပေးစေ လိုကြောင်း အဆိုပါငွေပျောက်ဆုံးသူ ကိုဦး က ပြောသည် ။ ငွေပျောက်ဆုံးသူအနေဖြင့် ငွေစုစာအုပ်ကို ၂၀၁၇ ခုနှစ်...

ပန်​ဆယ်​လို​အမှု ​တောင်းပန်​ပါက​​ ရုပ်​သိမ်း​ပေးမည်​ ဟု တရားလိုပြော

(ကျွန်​မလည်း သူ့အ​ပေါ်​​ဘာအပြစ်​မှလုပ်​ထားတာမရှိဘူး။ကျွန်​မ​ဘက်​က​တော့ ကျွန်​မ​ရေးထားတာ​တွေနဲ့ပတ်​သက်​ပြီးယုံကြည်​မှုရှိတဲ့အတွက်​ တောင်းပန်​တဲ့လမ်းကိုမ​ရွေးချယ်​ဘဲ တရားရင်​ဆိုင်​မယ့်​လမ်းကို​ရွေးလိုက်​တာပါ) ​သော်​လင်းထက်​ ဇူလိုင်​ ၃၁ ပန်​ဆယ်​လိုအ​ကောင့်​ပိုင်​ရှင်​ မအိမ့်​ပိုးဥဘက်​မှ ​​တောင်းပန်​ပါက အမှုကိုရုပ်​သိမ်း​ပေးသွားမည်​ဟု တရားလို အငြိမ်းစားတပ်​​မ​တော်​သားက​ယ​နေ့ရုံးချိန်းအပြီးတွင်​​ပြောကြားခဲ့သည်​။ "လူငယ်​လည်းဖြစ်​​တော့ ​မှားလည်းမှားတတ်​တယ်​ အဲ့တာ​ကြောင့်​မို့လို့ သူ့ဘက်​က တောင်းပန်​ရင်​အမှုကို​ရုပ်​သိမ်း​ပေးပါမယ်​ မ​တောင်းပန်​ရင်​​တော့ ဥပ​ဒေအတိုင်းဆက်​သွားမယ်​"ဟုအငြိမ်းစားတပ်​မ​တော်​သားတစ်​ဦးဖြစ်​သူ ဦးတာက​​ပြောသည်​။ ဖြစ်​စဉ်​မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရပ်ကွက်...

လှည်းကူးတွင် တပ်ကြပ်ကြီး တစ်ဦးအမည်ပါရှိသည့် သံသေတ္တာအတွင်းမှ ကျည်ဆန် ကိုးထောင်ကျော် ဖမ်းမိပြီး လှိုင်သာယာတွင် ကျည် ၁၀၀ တောင့် ထပ်မံဖမ်းမိ

အောက်တိုဘာ ၂ ပဉ္စမလှိုင်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ရဲတံခွန်အဝေးပြေးကား လက်မှတ်အရောင်းဆိုင်တွင် တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ နှစ်လုံးအတွင်းမှ ကျည် ၉၅၀၄ တောင့် ကို ယမန်နေ့က ဖမ်းမိခဲ့ကြောင်း သိရသည်။ အဆိုပါကျည်ဆန်များသည် ရဲတံခွန်အဝေးပြေးကား လက်မှတ် အရောင်းဆိုင်၌ ငြိမ်းချမ်းအောင် (စိစစ်ဆဲ) မှ...

ရွှေတိဂုံစေတီတော်မှ ရွှေဆိုင်းများအား အလုပ်သမားများက ခိုးမှုဖြစ်

မတ် ၉ ပဉ္စမလှိုင်း ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ရွှေဆိုင်းများကို အလုပ်သမားများက ခိုးယူမှုတစ်ခု မတ် လ ၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ ရွှေတိဂုံစေတီ အထက်ပစ္စယာ ဝင်/ထွက်ပေါက် စစ်ဆေးရေးဂိတ်၌ စစ်ဆေးနေစဉ် အထက်ပစ္စယာ ငြမ်းစင်ပေါ်၌ ရွှေချခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ပြန်ဆင်းလာသည့် "ရွှေယဉ်မင်း"...

မန္တလေးသေနတ်ဖြင့် ပစ်သတ်မှု သတင်းမထုတ်ပြန်နိုင်သေး

သြဂုတ် ၁၃ နိုင်လင်းဦး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင့် ရွာလယ်လမ်းအနီးတွင် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က ဖြစ်ပွားသည့် သေနတ်ဖြင့် ပစ်သတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် မပေးနိုင်သေးကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ က ပြောသည်။ ယင်းပစ်ခတ်မှုတွင် ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ယောက်အား...

လူမှုကွန်ရက်များ

253,415FansLike