တီဘီရောဂါဖြစ်ပွားမှုနှုန်း ပြည်နယ်များတွင် ကျဆင်းသော်လည်း ရန်ကုန်တိုင်းတွင် မကျဆင်း
ဧပြီ ၂၄
ယဉ်ကေနွယ်
ပြည်နယ်များတွင် တီဘီဖြစ်ပွားမှုနှုန်းသည် တိုင်းဒေသကြီးများထက် များပြားနေသော်လည်း ဖြစ်ပွားမှုနှုန်းကျဆင်းခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီးတွင် ကျြဆင်းလာမှုမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“အထူးသဖြင့် ပြည်နယ်များတွင် တီဘီဖြစ်ပွားမှုနှုန်းမှာ သိသိသာသာကျဆင်းသွားကြောင်းတွေ့ရှိရပါတယ်။သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီးမှာတော့ တီဘီဖြစ်ပွားမှုနှုန်းမှာ သိသိသာသာကျဆင်းခြင်းမရှိကြောင်း တွေ့ရှိရပါတယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖြင့်ထွေးကပြောသည်။
ယနေ့ နေပြည်တော်ရှိ ဟိုတယ်မက်စ် တွင်...
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၂၀၂၀ ပြည့်နှစ်တွင် ထိုးနှံပေးနိုင်မည်
ဇန်နဝါရီ ၂၄
မေစု
အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သည့် Cancer control plan အရ ကင်ဆာရောဂါ ထိန်းချုပ်လျော့ချရေး လုပ်ငန်းများ တွင် အပါအဝင် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၂၀ပြည့်နှစ်တွင် စတင်ဆောင်ရွက် မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန...
ကင်ဆာရောဂါဖြစ်ပွားမှု လျော့ချရေး ၃ နှစ်တာကာလ လှုပ်ရှားမှု ဆောင်ရွက်မည်
ဇန်နဝါရီ ၁၆
မေစု
ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဖြစ်ပွားသူများ ကိန်းဂဏာန်း မြင့်တက်လာပြီး မြန်မာနိုင်ငံတွင်လည်းရောဂါကြောင့်သေဆုံးသူ များလာနေသဖြင့် ၂၀၁၉ခုနှစ်မှစတင်ကာ ၂၀၂၁ ခုနှစ်အထိ ရောဂါဖြစ်ပွားမှုလျော့ချရေး အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့် နိုင်ငံတကာကင်ဆာထိန်းချုပ်ရေးအဖွဲ့ တို့ပူးပေါင်းပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ် ဖေဖော်ဝါရီလ ၄ရက်သည် ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ဖြစ်ပြီး...
ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှု ကင်းဝေးရန် သန်ချဆေးတိုက်ကျွေးမှု စတင်မည်
ဇန်နဝါရီ ၁၁
မေစု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြိမ် ၅၀မြောက် ညီလာခံတွင် ဆုံးဖြတ်သဘောတူမှုများ အရ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး ၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရန် ရည်မှန်းချက် အရ သန်ချဆေး တိုက်ကျွေးမှုကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။
ဇန်နဝါရီ လ...
ရှမ်းပြည်နယ်တွင် ဆုံဆို့နာ သံသယရှိလူနာများအား ဓာတ်ခွဲစမ်းသပ်ထား
ဇန်နဝါရီ ၁၁
မေစု
ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်နမိတ်ထိစပ်ရာ သီပေါ ၊ မိုင်းကိုင် ၊ ရပ်စောက် သုံးမြို့ဆက်စပ် သည့် ဒေသ မှ ရွာများတွင် ဆုံဆို့နာရောဂါ သံသယလူနာ တွေ့ရှိခဲ့ပြီး လူနာ၏ ရောဂါအဖြေကို တိတိကျကျ သိနိုင်ရန် အမျိုးသားဓာတ်ခွဲခန်း...
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသာစွာမြင့်တက်ပြီးသေဆုံးသူ ၁၀၀ ကျော်ထိရှိနေ
ဒီဇင်ဘာ ၂၃
မေစု
ခြင်မှ တစ်ဆင့်ကူးစက်ဖြစ်ပွား သည့်သွေးလွန်တုပ်ကွေးရောဂါ မှာဖြစ်ပွားမှုသိသာစွာမြင့်တက်လာ ပြီး သေဆုံးသူအရေအတွက် မှာ ၂၀၁၈ခုနှစ်အတွင်း၁၀၀ကျာ်ရှိလာကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်းတွင်လည်း သွေးလွန်တုတ်ကွေးဖြစ်ပွားမှုနှင့်သေဆုံးမှု သိသာစွာမြင့်တက်လာခဲ့ကာ ယခုနှစ်နိုဝင်ဘာလအထိ သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၂၂၂၀၄ဦးနှင့် သေဆုံးသူ ၁၀၇ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး နှင့်ဆင်ခြေထောက် ရောဂါစီမံချက် မှသိရသည်။
“၂၀၁၈ခုနှစ်မှာပဲ ရောဂါဖြစ်သူသေဆုံးသူများလာတာဖြစ်လို့...
အပ်စိုက်ကုသမှုကို တရားဝင်ဖြစ်စေရန် တင်ပြထား
နိုဝင်ဘာ ၁၅
မေစု
အကြောရောဂါများ နှင့် လေဖြတ်ရောဂါများအား ကုသပေးရာတွင် ပျောက်ကင်းမှုများ ရှိသည့် အပ်စိုက်ကုသခြင်း အားတရားဝင်ကုသရေးဖြစ်လာစေရန် လွှတ်တော်ဥပဒေ ကော်မရှင်တွင် တင်ပြထားကြောင်း အပ်စိုက်ကုသသည့်ပညာရှင်များ အဖွဲ့ထံမှသိရသည်။
အပ်စိုက်၍ရောဂါများ ပျောက်ကင်းစေရန် ကုသရသောပညာရပ် သည်လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ခန့်ကပင် တရုတ်ပြည်မှစတင် ဆင်းသက်လာခြင်းဖြစ်ရာ သွေးလေများအားပုံမှန်လည်ပတ်ကာရောဂါများသက်သာပျောက်ကင်းအောင် ကုသရသည့် ပညာရပ်ဖြစ်ပြီး...
ဆီးချိုသွေးချိုဖြစ်နိုင်ချေရှိသူများအား အခြေခံ ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ ကုသပေးမည်
နိုဝင်ဘာ ၁၄
ယဉ်ကေနွယ်
အသက် ၄၀ ပြည့်ပြီးသည့် ဆီးချိုသွေးချိုဖြစ်နိုင်ချေရှိသူများအား အခြေခံကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ ကုသပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
“ဆီးချိုဖြစ်နိုင်ချေရှိသည့် သူများကို အခြေခံကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ စစ်ဆေးရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်းလိုအပ်သလို လွှဲပြောင်ူးပေးခြင်းများကိုဆောင်ရွက်လျှက်ရှိပါတယ်။ဒီလိုဆောင်ရွက်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်မျာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောသည်။
ယနေ့...
အသည်းရောဂါစီမံချက်တွင် ဝေဒနာရှင် ၃၀၀၀ ခန့် အခမဲ့ကုသပေးမည်
အောက်တိုဘာ၂၁
မေစု
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှဆောင်ရွက်လျှက်ရှိနေသော အသည်းရောဂါတိုက်ဖျက်ရေး စီမံချက် တွင် ဆေးရုံ အချို့၌ cပိုး အခမဲ့ကုသပေးခြင်း ကို ယခု၂၀၁၈ခုနှစ်တွင် လူနာ၃၀၀ခန့် ကုသပေးသွားရန်ရှိကြောင်း အသည်းရောဂါအထူးကုဌာန မှ သိရသည်။
ပြီးခဲ့သော၂၀၁၇ခုနှစ်မှ စတင်၍ အသည်းရောင်အသားဝါ cပိုး ကို လူ၂၀၀၀ ကျော်အား အခမဲ့ကုသပေး...
မျက်စိဆေးရုံအထူးကုဆေးရုံကြီး၌ မျက်စိပိုင်းဆိုင်ရာသာမာန်စမ်းသပ်မှုအပြင် အထူးသီးသန့်စမ်းသပ်မှုများကို ဆောင်ရွက်ပေးနေ
အောက်တိုဘာ ၂၀
မေစု
မျက်စိအထူးကုဆေးရုံကြီးရန်ကုန်တွင် မျက်စိပိုင်းဆိုင်ရာ သာမာန်စမ်းသပ်မှုအပြင်အထူးကုသမှုများကိုပါ ယခု ၂၀၁၈ခုနှစ်မှစတင်ကာ ဆောင်ရွက်ပေး၍ဖွင့်လှစ်ထားပြီး ပြည်သူများ လာရောက်ကုသနိုင်ကြောင်း သိရသည်။
မျက်စိ စမ်းသပ်ခြင်းနှင့်ပတ်သက်သော ကိရိယာများယခင်ထက်စုံလင်လာ ပြီးယခုနှစ်ဧပြီလနောက်ပိုင်းမှစတင်၍ အထူးသီးသန့် စမ်းသပ်ခန်း များနှင့် အဆိုပါဆေးရုံကြီး၌ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ်နောက်ပိုင်းလောက်ကစပြီးတော့ သာမာန်စမ်းသပ်မှုသပ်သပ်ရော ၊ အထူးစမ်းသပ်မှု သပ်သပ်ပါ လုပ်ဆောင်ပေးနေပါတယ်။ အရင်နှစ်တွေတုန်းကထပ်...
အစားအစာများတွင် အာဟာရပါဝင်မှု အရောင်များဖြင့် သတ်မှတ်ပေးနိုင်ရေး စီစဉ်
အောက်တိုဘာ ၁၄
မေစု
မြန်မာနိုင်ငံရှိအစားအသောက် စားသုံးသူများအကြား ဆား ၊ သကြား ပါဝင်နှုန်းမြင့်မား သည့် အစားအသောက်များအား ပါဝင်သည့်ပစ္စည်း ပမာဏ မသိရှိပဲစားသုံးနေရ သည်ကို စစ်တမ်းကောက်ကာ အစာအာဟာရ ပါဝင်မှုအား အရောင်များဖြင့်သတ်မှတ်သည်အထိ ပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ အာဟာရ ဆိုင်ရာဌာ နမှ မြန်မာလူမျိုးများ...
ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်း လျော့ချနိုင်ရန် ကွမ်းယာဆိုင်လိုင်စင်အတွက် ညှိနှိုင်းနေ
အောက်တိုဘာ ၈
မေစု
ကင်ဆာ နှင့် နှလုံးရောဂါ များကို ဖြစ်စေသော ကွမ်းယာနှင့်ဆေးရွက်ကြီး ထွက် ပစ္စည်းသုံးစွဲ ခြင်းလျော့ချနိုင်ရန် ကွမ်းယာဆိုင်လိုင်စင် အတွက် ညှိနှိုင်းနေ ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှသိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပ စ္စည်းသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသော ရောဂါ အန္တရာယ်များကြောင့် သေဆုံးမှုထောင်ချီ ရှိနေခြင်း...
ရှေးဦးသူနာပြုစုခြင်း အခြေခံပညာကျောင်း ၁၅ ခုတွင်သင်ကြားမည်
အောက်တိုဘာ ၆
မေစု
MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်း ပညာပေးဖြန့်ဝေမှုအား မြို့ကြီး၃ မြို့မှ အခြေခံပညာကျောင်း ၁၅ခုတွင် ကျောင်းနေအရွယ် ကလေးများအားသင်ကြားပေးသွားမည်ဟုသိရသည်။
အရေးပေါ်ကျန်းမာရေးအခြေအနေတွင် အဓိကကျသည့် ရှေးဦးပြုစုခြင်းသင်ခန်းစာများကို First Aid For All ကျန်းမာရေးပညာပေးအစီအစဉ်အနေနှင့် မန္တလေးတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် နယ်ရှိမူလတန်းကျောင်း ၁၅...
ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းတိုးလာ၍ ကျွဲရိုင်းအချိုရည် လုံးဝပိတ်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးပြော
အောက်တိုဘာ ၆
ဝေဝေဖြိုး
အချိုရည်အများစုကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းတိုးလာ၍ နာမည်ကြီး အချိုရည်တစ်ခုကိုလုံးဝပိတ်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။
အောက်တိုဘာ ၅ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယအကြိမ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
" အစားသောက်တိုင်းမှာ nomal...
နှလုံရောဂါဝေဒနာရှင် ကလေးများအား ဂျပန်အဖွဲ့အစည်းအကူညီဖြင့် အခမဲ့ခွဲစိတ်ကုပေးသည့် စီမံကိန်းလုပ်ဆောင်နေ
အောက်တိုဘာ ၂
မေစု
ရန်ကင်းကလေးဆေးရုံကြီးတွင် မွေးစမှအသက်၁၄နှစ် အရွယ်နှလုံးရောဂါဝေဒနာရှင် ကလေးငယ်ပေါင်း ၄၀၀ကျော် အတွက် ဂျပန်အဖွဲ့အစည်းတစ်ခု ၏အကူအညီဖြင့် အခမဲ့ခွဲစိတ်ကုသပေးသည့် စီမံကိန်းတစ်ခုပြုလုပ်ပေးနေကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်းဖြစ်သည့် SANKEI SHIMBUN လူမှုအဖွဲ့အစည်းသည် ၅နှစ်ကြာ နှလုံးရောဂါအခမဲ့ခွဲစိတ်ကုသပေးသည့် စီမံကိန်းကို MoU လက်မှတ်ရေးထိုးပြီးဆောင်ရွက်နေကြောင်းသိရသည်။
"ကျန်းမာရေးဝန်ကြီးဌာနနဲ့Mouထိုးထား တာက ၂၀၂၀ခုနှစ်...