ဗုဒ္ဓဟူး၊ ဇူလိုင် ၁၊ ၂၀၂၀

ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှလက်ဆွဲနှုတ်ဆက်လို့မရဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲနှုတ်ဆက်လို့မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က မတ်လ ၁၀ ရက် လူထုတွေ့ဆုံပွဲတွင် ပြောခဲ့သည် ။ အဆိုပါ လူထုတွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့ရှိ အားကစားကွင်းတွင် ကျင်းပခဲ့ပြီး ပြင်းဦးလွင် ဒေသခံ တိုင်းရင်းသားများအပြင် အခြားဒေသများမှ ပြည်သူများလည်း လာရောက်ခဲ့ကြသည် ။ ``အချက်နှစ်ချက်ကို...

ဝူဟန်မြို့သို့ တရုတ်သမ္မတရှီကျင့်ပင် ကြိုတင်မကြေညာထားဘဲသွားရောက်

ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ ဝူဟန်မြို့သို့ တရုတ်သမ္မတရှီကျင့်ပင်က မတ် ၁၀ရက်တွင် သွားရောက်ခဲ့သည်။ရှီ၏ကြိုတင်မကြေညာထားသည့်ခရီးစဉ်သည် ဇန်နဝါရီ ၂၃ တွင် ဝူဟန်မြို့နှင့် မြို့ရှိရာနိုင်ငံအလယ်ပိုင်းရှိဟူဘေးပြည်နယ်တို့ကို အလုံပိတ်ပြီးနောက် ပထမဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ဝူဟန်မြို့ကိုလေယာဉ်နဲ့ရောက်ခဲ့ခြင်းမှာ ဒေသတွင်းဗိုင်းရပ်စ်ပြန့်ပွားမှုကပ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများကိုစစ်ဆေးရန်ဖြစ်ကြောင်း တရုတ်အစိုးရပိုင်ရှင်ဟွာသတင်းအေဂျင်စီကဖော်ပြသည်။ ရှေ့တန်းရောက်ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဘက်အရာရှိများ၊ လူမှုကူညီရေးဝန်ထမ်းများ၊ ရဲများ၊ လူနာများနှင့်ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်းလည်း ရှင်ဟွာကဖော်ပြသည်။ကမ္ဘာတစ်ဝန်းတွင် ယနေ့အထိ ဗိုင်းရပ်စ်ကြောင့် လူ...

မန္တလေးတိုင်းအတွင်း COVID -19 နှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုနေရသူ လေးဦးရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုနေရသူ လေးဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီးဒေသကြီး ကုသရေးဦးစီးဌာန က သိရသည် ။ အဆိုပါ လေးဦးအနက် နှစ်ဦးမှာ ကျောက်ပန်းတောင်းဆေးရုံတွင် မတ်လ ၂ ရက်က ထားရှိထားပြီး စင်္ကာပူနိုင်ငံ မှ ပိုးတွေ့လူနာနှင့်အနီးကပ်နေထိုင်ခဲ့သူ တစ်ဦးနှင့် ၎င်း၏ဇနီးတို့ဖြစ်ကာ ဓာတ်ခွဲနမူနာရယူ၍...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နိုင်သော လုပ်ငန်းရှင် များ၏ အခက်အခဲများကို အစိုးရသို့ တင်ပြမည်

  ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော လုပ်ငန်းရှင်များ၏ အခက်အခဲများကို အစိုးရမှ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော အခက်အခဲများကို နိုင်ငံတကာ အဖွဲ့များ အပါအဝင် လုပ်ငန်းရှင် ၁၀၀ ကျော်မှ တင်ပြခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အစိုးရအဖွဲ့နှင့်...

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ပြုလုပ်

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ( ၅) ကြိမ်မြောက် အထူးအစည်းအဝေးကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၀ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးပွဲကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည်...

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၀၀၀ ကျော်လာ

  Photo -People’s Daily China တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်COVID-19ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်သွားဖြစ်ကြောင်းတရုတ်အစိုးရက ဖေဖော်ဝါရီ ၁၉ရက်မှာ သတင်းထုတ်ပြန်ခဲ့သည်။သို့သော် ကူးစက်ခံရသူအရေအတွက်မှာ နှစ် ရက်ဆက်တိုက်ကျဆင်းလာကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်ဆီက ဆိုသည်။ လက်ရှိ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်ပြည်မကြီးမှာ ၇၄၁၈၅ ယောက်ရှိနေပြီး သေဆုံးသူ ၂၀၀၄...

ဝူဟန်မြို့မှ ပြန်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ နေရပ်ပြန်ပါက တိုင်းအစိုးရက ကားလက်မှတ်များ စီစဉ်ပေးမည်

ဖေဖော်ဝါရီ - ၁၄ တရုတ်နိုင်ငံ ဝူဟန်မြို့ က ရောက်ရှိလာသည့် မြန်မာကျောင်းသူကျောင်းသားများကို မန္တလေးမြို့ ကန်တော်န ဒီဆေးရုံတွင် ၁၄ ရက်တာ စောင့်ကြည့်နေပြီး နေရပ်ပြန်ပါက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကား လက်မှတ်များစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။ မြန်မာ ကျောင်းသား ကျောင်းသူ (၅၉) ဦး နှင့်...

ကိုရိုနာဗိုင်းရပ် ကာကွယ် ကုသရန်အတွက် ကျပ်သိန်း သုံးထောင်လျာထားဟု ကျန်းမာရေးဝန်ကြီးပြော

အစိုးရ အနေဖြင့် ကိုရိုနာဗိုင်းရပ်ပိုးအား ကာကွယ် ကုသရန် အတွက် အရေးပေါ် ရံပုံငွေ ကျပ်သိန်း သုံးထောင် လျာထားဆောင်ရွက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီ၁၁ရက်တွင်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ၁၁ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒလမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ၂၀၁၉ Novel Coronavirs...

စားသောက်ကုန် အရည်အသွေး စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်း ISO လက်မှတ်ရရှိတော့မည်

စားသောက်ကုန် အရည်အသွေး စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်း အောက်တိုဘာလတွင် နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရရှိတော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁တွင်မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း (MFPEA)မှ သိရသည်။ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA)မှ ဆောင်ရွက်နေသည့် စားသောက်ကုန် အရည်အသွေး...

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်က ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်း

တရုတ်နိုင်ငံကနေစတင်ပြန့်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ် 2019-nCoVကိုတိုက်ဖျက်ရာမှာပါဝင်နေတဲ့လုပ်ငန်းတွေအကူအညီဖြစ်ဖို့ အခုတစ်ပတ်ကစပြီး ဒေါ်လာ ၄၃ ဘီလီယံလှူဒါန်းသွားမယ်လို့ တရုတ်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ပါတယ်။ ကပ်ရောဂါထိန်းချုပ်ဖို့နဲ့ကာကွယ်ဖို့ပါဝင်နေတဲ့လုပ်ငန်းစုတွေကို ချေးငွေထုတ်ပေးနိုင်ဖို့ ဘဏ္ဍာရေးအဖွဲ့အစည်း တွေကိုထောက်ပံ့မယ့်အထူးပြန်ချေးငွေပထမတစ်သုတ်ကို တနင်္လာနေ့ကစပြီးထုတ်ပေးသွားမယ်လို့ တရုတ်ပြည်သူ့ဘဏ်ကပြောပါတယ်။ တစ်နိုင်ငံလုံးအနှံ့ရှိတဲ့ဘဏ် ၉ဘဏ်၊ ပြည်နယ်နဲ့မြို့ ၁၀ မြို့မှာရှိတဲ့ ဒေသအလိုက်ဘဏ်တွေဟာ အထူးထောက်ပံ့ ငွေအတွက် အရည်အချင်းပြည့်မီတယ်လို့...

Corona Virus နှင့် ပတ်သက်၍ သတင်းမှား ဖြန့်သူများကို အရေးယူမည်ဟု မန္တလေးမြို့တော်ဝန်ပြော

  Corona Virus နှင့် ပတ်သက်၍ သတင်းမှား ဖြန့်သူများကို စီစစ် အရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ရက်တွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောကြားခဲ့သည် ။ တရားဝင် သတင်းမီဒီယာမဟုတ်သော ဝက်ဆိုဒ်အချို့တွင် ဝူဟန်မြို့ က ပြန်လာသည့်သူများအနက် အချို့မှာ Corona Virus ကူးစပ်ခံနေရကြောင်း...

မြန်မာတနိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာ

ဇွန် ၁၈ ဝေဝေဖြိုး မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁၄၄ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးထိရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည်ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုသည်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်သောကြောင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ "ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံးမှာ...

Tablet ရထားသည့် သားဖွားဆရားမများ ကျန်းမာရေးစကားဝိုင်းများလုပ်ပေးရန် တိုက်တွန်းသင့် ဟု ကျန်းမာရေးဝန်ကြီး ပြော

ဧပြီ ၂၅ ယဉ်ကေနွယ် Tablet ရထားသည့် သားဖွားဆရားမများအနေဖြင့် ကျန်းမာရေးစကားဝိုင်းများလုပ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက တိုက်တွန်းသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြံပြုပြောကြားလိုက်သည်။ “ပေးထားတဲ့ Tablet တွေနဲ့ သားဖွားဆရာမ တစ်ယောက်ကို တစ်လမှာ စကားဝိုင်းသုံးဝိုင်းလောက်ပေါ့ ။ အကြီးကြီး မဟုတ်ပါဘူး။အိမ်ထောင်စု ၄...

တီဘီရောဂါဖြစ်ပွားမှုနှုန်း ပြည်နယ်များတွင် ကျဆင်းသော်လည်း ရန်ကုန်တိုင်းတွင် မကျဆင်း

ဧပြီ ၂၄ ယဉ်ကေနွယ် ပြည်နယ်များတွင် တီဘီဖြစ်ပွားမှုနှုန်းသည် တိုင်းဒေသကြီးများထက် များပြားနေသော်လည်း ဖြစ်ပွားမှုနှုန်းကျဆင်းခဲ့ရာမှ ရန်ကုန်တိုင်းဒေသကြီးတွင် ကျြဆင်းလာမှုမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ “အထူးသဖြင့် ပြည်နယ်များတွင် တီဘီဖြစ်ပွားမှုနှုန်းမှာ သိသိသာသာကျဆင်းသွားကြောင်းတွေ့ရှိရပါတယ်။သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီးမှာတော့ တီဘီဖြစ်ပွားမှုနှုန်းမှာ သိသိသာသာကျဆင်းခြင်းမရှိကြောင်း တွေ့ရှိရပါတယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖြင့်ထွေးကပြောသည်။ ယနေ့ နေပြည်တော်ရှိ ဟိုတယ်မက်စ် တွင်...

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၂၀၂၀ ပြည့်နှစ်တွင် ထိုးနှံပေးနိုင်မည်

ဇန်နဝါရီ ၂၄ မေစု အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သည့် Cancer control plan အရ ကင်ဆာရောဂါ ထိန်းချုပ်လျော့ချရေး လုပ်ငန်းများ တွင် အပါအဝင် ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၂၀ပြည့်နှစ်တွင် စတင်ဆောင်ရွက် မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန...