ဗုဒ္ဓဟူး၊ ဇူလိုင် ၁၊ ၂၀၂၀

ဆီးချိုရောဂါကြောင့် မျက်စိကွယ်ခြင်းများ အများဆုံးဖြစ်ပွား

ရန်ကုန်၊မေ၅၊၂၀၁၈ ဆီးချိုသွေးချိုရောဂါသည် မကူးစက်နိုင်သော်လည်း အန္တရာယ်အကြီးမားဆုံးရောဂါဖြစ်နေကာ ပြည်တွင်းမှမျက်စိကွယ်ရသော လူနာအများစုမှာ ဆီးချိုသွေးချိုကြောင့်ဖြစ်ပွားနေရကြောင်းမြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်းကြီး၏တွဲဖက်အတွင်းရေးမှူးဒေါက်တာသိန်းမြင့်ကပြောသည်။ WHOမှထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ဆီးချိုသွေးချိုရောဂါဝေဒနာရှင် ပေါင်း၄၁၅သန်း ပမာဏရှိနေကာ မြန်မာနိုင်ငံအနေနှင့်အရွယ်ရောက်ပြီးသူအသက်၂၅နှစ်မှ၆၅နှစ်ကြားလူနာ၂ဒသမ၅သန်းသည်ရောဂါဖြစ်ပွားလျှက်ရှိနေသည်ကိုတွေ့ရှိရကာ ဆီးချိုဖြစ်နိုင်မည့်အစပျိုးနေသောလူနာမှာပျှမ်းအားဖြင့်၂ယောက်နှုန်းစစ်ဆေးတိုင်းတွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ်မှုမရှိပါက နိုင်ငံတွင်းလူဦးရေ၏တစ်ဝက်ခန့်မှာရောဂါဖြစ်နိုင်ခြေရှိနေသည်ဟု တွေ့ရှိရကြောင်းသိရသည်။ “ဒီရောဂါကဖြစ်ရင်ကုသတဲ့နေရာမှာစရိတ်စကအကြီးမားဆုံးရောဂါပါ။ဒီလိုပြောရတာကအခြားကူးစက်တတ်တဲ့ရောဂါတွေကဖြစ်ပြီးရင်ပျောက်ကင်းနိုင်ပေမယ့်။ဆီးချိုသွေးချိုရောဂါကတော့ဖြစ်သွားရင်တစ်သက်လုံးမပျောက်နိုင်ပဲဆေးကုသမှုခံယူရမယ့်အပြင်နောက်ဆက်တွဲရောဂါတွေကိုပါကုသနေရတာကြောင့်ဖြစ်ပါတယ်။ဥပမာလေဖြတ်သွားတာတွေမျက်လုံးကွယ်သွားတာတွေဖြစ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်ကြီး၏ တွဲဖက်အတွင်းရေးမှူးဒေါက်တာသိန်းမြင့် ကပြောသည်။ ဆီးချိုသွေးချိုရောဂါသည်၁၀စက္ကန့်အတွင်းတွင်လူတ စ်ယောက်နှုန်းရောဂါဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံကသာမက ကမ္ဘာတစ်ဝှမ်းကဦးစားပေး သတိပြုနိုင်ရန်အသိပေး...

နှုတ်ခမ်းကွဲ၊အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာရသူများကို အခမဲ့ကုသပေး မည့် အစီအစဉ်တွင်လူနာ (၁၄၀)ကျော် စာရင်းပေးထား

မန္တလေး၊ မေ ၄၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကုတင်၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ၌မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများ နှင့် မီးလောင်ပြီး လက်ချောင်း များပူးကပ်သွားသောသူများကို အခမဲ့ကုသပေးသွားမည့် အစီအစဉ်တွင် လူနာ(၁၄၀) ကျော်စာရင်းပေးထားကြောင်း သိရသည်။ ထိုသို့အခမဲ့ ကုသပေးရာတွင် ထိုင်းနိုင်ငံဘန်ကောက်မှ အထူးကုခွဲစိတ် ဆရာဝန်ကြီးများဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လာရောက်...

လှိုင်သာယာမြို့နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးမည့်နေရာများတိုးချဲ့သွားမည်

ရန်ကုန် ၊မေ ၁ ၊၂၀၁၈ ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၌ ရွှေ့ပြောင်းသွားလာနေထိုင်မှုများနှင့် မူလစာရင်းရှိသူများအပါအဝင် လူဦးရေထူထပ်မှုမြင့်မားသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းပုံများအရ ယင်းအရေအတွက်အားကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးရာတွင်လုံလောက်မှုမရှိသေးသဖြင့် ဝန်ဆောင်မှုနေရာများအားတိုးချဲ့သွားမည်ဟုတိုင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။ လှိုင်သာယာမြို့နယ်အတွင်း စာရင်းရှိလူဦးရေမှာ၆သိန်း၇ထောင်ခန့်ရှိနေသော်လည်း အနယ်နယ်အရပ်ရပ်မှရွှေ့ပြောင်းလာသောလူအရေအတွက်များပါဝင်ပါကခန့်မှန်းခြေ လူဦးရေ၉သိန်း မှ၁၀သိန်းဝန်းကျင်တွင်ရှိနေခြင်းကြောင့် မြို့နယ်ဒေသန္တရကျန်းမာရေးဌာန၅ခုနှင့် ယင်းမြို့နယ်အတွင်းရွာများလည်းပါရှိနေသဖြင့် ကျေးလက်ကျန်းမာရေးဌာနပေါင်း၅ခုကိုတိုးချဲ့သွားနိုင်ရန်မေလအတွင်း ပြည်ထောင်စုဝန်ကြီးထံတင်ပြဆောင်ရွက်သွားမည်ဟုသတင်း ရရှိသည်။ "လူဦးရေအထူထပ်ဆုံးလှိုင်သာယာမြို့နယ်ကပြည်သူ တွေအတွက် ကျွန်တော်တို့ကျန်းမာရေးဌာန အနေနဲ့ဝန်ဆောင်မှုအတွင်coverလုပ်...

ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်အစမှအဆုံးကျန်းမာရေးအခြေအနေများအားထုတ်ပြန်မည်

ရန်ကုန် ၊ဧပြီ ၃၀ ၊ ၂၀၁၈ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကြောင့် လှိုင်သာယာမြို့ နယ်မှ နီးစပ်ရာရပ်ကွက်များ၏အတွက်ကျန်းမာရေးဝန်ကြီးဌာနမှ လေထုတိုင်းတာမှုများပြုလုပ်နေပြီး ဧပြီလ၂၁ရက်ကစတင်မီးလောင်ကျွမ်းချိန် မှမီးငြိမ်းသတ်ပြီးချိန်အထိ ဖြစ်စဉ်ကြီးတစ်ခုလုံးမှအခြေအနေများကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ရှိ ကျန်းမာရေးဦးစီးဌာနမှပြုလုပ်သောသတင်းမီဒီယာတွေ့ဆုံပွဲမှသိရသည်။ လှိုင်သာယာမြို့နယ်ရပ်ကွက်၂၀နှင့် မီးလောင်မှုတွင်မီးခိုးများသွားရာ လေကြောင်းသင့်နေသောရပ်ကွက်တို့တွင်လေထုတိုင်းတာစက်၂ခုအားကျန်းမာရေးဌာနမှတပ်ဆင်တိုင်းတာရာတွင် အဆိုပါနေရာမှလေထုအတွင်း ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် ကာဗွန်မိုနောက်ဆိုဒ် အရေအတွက်များယေဘုယျအားဖြင့် များပြားနေကြောင်း နှင့် မီးလောင်မှုကြောင့်ဖြစ်သည့်လေထုညစ်ညမ်းခြင်း...

ပထမဆုံးအာဟာရစုံ စစ်တမ်း ကောက်ခံမှုအစီရင်ခံစာများ ထုတ်ပြန် သွားမည်

ရန်ကုန်၊ ဧပြီ၂၃ ၊၂၀၁၈ မြန်မာပြည်သူများအနေဖြင့် အစာအာဟာရစားသုံးမှုတွင် ကိုယ်ခန္ဒာဖွံ့ဖြိုးမှု အား အထောက်အပံ့ပေးနိုင်သော စားသုံးမှု အတိုင်းတာမည်မျှရှိကြောင်း သိရှိနိုင်မည့် စစ်တမ်းတစ်ခုကို ပထမဆုံးအနေဖြင့် ပြည်နယ်နှင့်တိုင်း အလိုက်တွင် ကောက်ကွက်ပေါင်း ၄၅၀ သတ်မှတ်ကာ သုတေသန စစ်တမ်း ကောက်ခံနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အာဟာဖွံ့ဖြိုးရေးနှင့်...

ခရုမှတဆင့်ကူးစက်ရောဂါကို ကုသရန် အရှေ့တောင်အာရှ ကျန်းမာရေးအဖွဲ့ကို အကူအညီတောင်းခံ

ရန်ကုန် ဧပြီ ၂၀ ၂၀၁၈ ခရုမှတဆင့် ကူးစက်တတ်သောSchisto -somiasis ရောဂါသည်မြန်မာနိုင်ငံရှိ ဒေသအချို့တွင် တွေ့ရှိသဖြင့် ကုသရန်လိုအပ်သော ဆေးဝါးနှင့် နည်းပညာပိုင်းဆိုင်ရာများကို အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ ရှိ အရှေ့တောင်အာရှ ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက် အကူအညီတောင်ခံ၍ လိုအပ်သည့်ဓါတ်ခွဲခန်းပစ္စည်းများမှာရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ...

ပြင်ဦးလွင် ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ နှင့် မီးလောင်ဒဏ်ရာ ရသူများကို အခမဲ့ကုသပေးသွားမည်

မန္တလေး၊ ဧပြီ ၁၁၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး တွင် မွေးရာပါ နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများ နှင့် မီးလောင်ပြီး လက်ချောင်းများ ပူးကပ်သွားသော လူနာများကို အခမဲ့ကုသပေးသွားမည် ဖြစ်ကြောင်း သွားနှင့် ခံတွင်းဌာနက သိရသည်။ ကုသပေးရာတွင် ထိုင်းနိုင်ငံဘန်ကောက်မှ အထူးကု...

အစိုးရဆေးရုံများတွင် ဆေးများပိုလျှံနေ၊ လူနာများ ဆေးမရခြင်းမှာ မဖြစ်နိုင်ဟု ကျန်းမာရေးဝန်ကြီးဆို

ရန်ကုန်၊ ဧပြီ ၁၀၊ ၂၀၁၈ အစိုးရဆေးရုံများတွင် ဆေးများပိုလျှံနေပြီး လူနာများဆေးမရခြင်းဆိုသည်မှာ မဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောသည်။ “ဆေးမရတာဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တော်တော်များများ အလျှံအပါယ် ပါ။ များလွန်းလို့မသုံးနိုင်တဲ့အတွက် expired ဖြစ်တာတွေတောင်တွေ့ ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဆေးဝယ်တဲ့အခါ ပိုက်ဆံတွေအလျှံပါယ်ပို...

တရုတ်နိုင်ငံသား ပတ်ပိုစ့်ကိုင်ဆိုင်ကာ တရားမ၀င် ဆေးကုသနေသည်ဟု ယူဆရသူကို ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည်

ရန်ကုန် ၊ ဧပြီ ၇ ၊ ၂၀၁၈ လမ်းမတော်မြို့နယ် (Sun Clinic နေ၀န်းဆေးခန်း) တွင် တရုတ်နိုင်ငံသား ပတ်ပိုစ့်ကိုင်ဆိုင်ကာ တရားမ၀င်ဆေးကုသမှုပေးနေသည်ဟု ယူဆရသူ တရုတ်နိုင်ငံသား တစ်ဦးနှင့် FDA ထောက်ခံချက်မရှိသည့် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းစည်းရမိခြင်းအပေါ် ဥပဒေကြောင်းအရ ဆက် လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်...

ကမ္ဘာ့ကျန်းမာရေးနေ့အကြို အထိမ်းအမှတ်ပွဲ ကျင်းပ

ရန်ကုန်၊ ဧပြီ ၆၊၂၀၁၈ နှစ်စဉ်ဧပြီ ၇ရက်တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမတွင် ဧပြီ၆ရက်နေ့က အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးနေ့အခမ်းအနားကျင်းပရခြင်းသည် ဘိုးဘွားများကိုယ်တိုင် မိမိတို့ရပ်ရွာတွင် ရင်ဆိုင်ကြုံ​တွေ့နေရသော ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အရေးကိစ္စများကို ပြောဆိုတင်ပြနိုင်ရန်နှင့် လက်ရှိအစိုးရမှ ဆောင်ရွက်နေသည့် သက်ကြီးများအတွက်...

တီဘီရောဂါရှာဖွေစက်များတိုးချဲ့တပ်ဆင်မည်

ရန်ကုန်၊ ဧပြီ ၅ ၊ ၂၀၁၈ အမျိုးသားမဟာဗျူဟာကျန်းမာရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကရောဂါကြီးများ လျော့နည်းပပျောက်ရေးအတွက် လုပ်ဆောင်နေပြီး လာမည့်၂၀၂၀ခုနှစ်အထိ တီဘီနှင့် ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေရေး စက်များတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှ သိရသည်။ တီဘီနှင့် ဆေးယဉ်ပါးတီဘီရောဂါရှာဖွေရေး စက်များကို လာမည့်သတ်မှတ် ကာလများအတွင်း ၁၀ခုကျော်အထိ တိုးချဲ့တပ်ဆင်၍ ရောဂါလျော့နည်းပပျောက် ရေးအတွက်ဆောင်ရွက်သွားမည်ဟုသိရသည်။ "တီဘီသံသယရှိ...

ကျန်းမာရေးအာမခံ ပုံစံအသစ်များ ဝန်ဆောင်မှုပေးရန် စီစဉ်နေ

ရန်ကုန်၊ ဧပြီ၂ ၊၂၀၁၈ လက်ရှိတွင် ရောင်းချဝန်ဆောင်မှုပေးနေသော ကျန်းမာရေးအာမခံအစား ဝန်ဆောင်မှုပုံစံ အမျိုးအစားအသစ်များ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ ကျန်းမာရေးအာမခံအမျိုးအစားကို၂၀၁၅ခုနှစ် ဇူလိုင်လအတွင်းက တစ်ယူနစ်လျှင် ငွေကျပ်၅၀၀၀၀ဖြင့် စတင်ရောင်းချခဲ့ပြီး ၃နှစ်ကျော် သက်တမ်းအတွင်း အာမခံထားရှိမှုသည် ဝယ်ယူသူရှိသော်လည်း နည်းပါးနေသောကြောင့် ခံစားခွင့်အပါအဝင် လိုအပ်ချက်များကို...

ပုဂ္ဂလိက ဆေးရုံများတွင် အလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဆောင်ရွက်နေ

မန္တလေး၊ မတ် ၂၀၊ ၂၀၁၈ အာမခံထားရှိသည့် အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ပေးရန် ပုဂ္ဂလိက ဆေးရုံများနှင့် ချိတ်ဆက်၍ ရှေ့ပြေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုဖူလုံရေးဦးစီးဌာနမှ သိရသည်။ ယင်းရှေ့ပြေးစီမံချက်ကို မန္တလေး၊ ရန်ကုန်၊ ထားဝယ်နှင့် မြစ်ကြီးနားမြို့တို့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး မန္တလေးတွင် မြို့တော်ဆေးရုံ၊ မန္တလာဆေးရုံနှင့်...

တီဘီရောဂါ ကုသပျောက်ကင်းနှုန်းတွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများထက် သာလွန်နေ

ရန်ကုန် ၊မတ်၂၂ ၊၂၀၁၈ မြန်မာနိုင်ငံသည် တီဘီရောဂါကုသပျောက်ကင်းနှုန်းတွင် ၈၀ရာခိုင်နှုန်းရှိပြီး အခြားနိုင်ငံ များတွင် ၅၀ရာခိုင်နှုန်းသာ ကုသပျောက်ကင်းမှု ရှိခြင်းကြောင့် တီဘီရောဂါဆေးဝါး ကုသနိုင်မှုတွင် အခြားနိုင်ငံများထက် သာလွန်နေကြောင်း အောင်ဆန်း တီဘီရောဂါ အထူးကုဆေးရုံကြီးမှသိရသည်။ တီဘီရောဂါကို ကုသရာတွင် ပထမအကြိမ်ရောဂါဖြစ် ဖူး၍ ဒုတိယအကြိမ်ထပ်မံဖြစ်ပွားပါက တီဘီဆေးကို ၈လကြာပေးပြီး ကုသရမည်ဖြစ်ကာ...

သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ကလေးနို့မှုန့်နှင့် ဖြည့်စွက် အာဟာရ ထုတ်ကုန်များ စစ်ဆေးတွေ့ရှိ

ရန်ကုန်၊ မတ်၁၃၊ ၂၀၁၈ ပြည်တွင်းဈေးကွက်အတွင်း သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ကလေးနို့မှုန့်နှင့် ဖြည့်စွက် အာဟာရ ထုတ်ကုန်များ စစ်ဆေးတွေ့ရှိကြောင်း ယနေ့ ကျင်းပသော Save the Children ၏အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။ ကလေးနို့မှုန့်များ၏ ဈေးကွက်မြှင့်တင်ရေး အခြေအနေများသည် မြန်မာ ကလေးငယ်များ၏ ကျန်းမာရေးကိုခြိမ်းခြောက်နေပြီး ယင်းနို့မှုန့်များ နှင့်...