အင်္ဂါ၊ မတ် ၃၁၊ ၂၀၂၀

လက်သန့်ဆေးရည်နှင့် အရက်ပြန် ဝယ်ယူမှုများတိုးမြှင့်လာကြောင့် ထုတ်လုပ်မှုနှစ်ဆတိုးထုတ်

အင်းစိန်မြို့နယ်ရှိ အစိုးရပိုင် ဆေးဝါထုတ်လုပ်ရေးစက်ရုံ BPIသည် ဈေးကွက်အတွင်း လိုအပ်လျက်ရှိသော COVID-19 ရောဂါ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည် နှင့် အရက်ပြန် ဗူးများကို ပိုမိုထုတ်လုပ်မည်ဖြစ်ကြောင်းကို ဆေးဝါစက်ရုံ (အင်းစိန်) မှ သိရသည်။ ယခုအခါတွင် ဆေးဝါထုတ်လုပ်မှုကို ယခင်ကထက် နှစ်ဆတိုးမြှင့်ထုတ်လုပ်နေပြီး လက်သန့်ဆေးရည်ဗူးများကို 50mL ၊...

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို COVID-19 Fund ထံမှ ချေးငွေများ လျှောက်ထားနိုင်

ကုန်သည်စက်မှုအသင်းချုပ်တွင် COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအနေဖြင့် COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများစတင်လျှောက်ထားနိုင်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။ ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလော စီးပွားရေး...

ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်ကို ဖြတ်သန်းဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမားများထဲမှ တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကပ်ရောဂါကြီး ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယခုချိန်တွင် နယ်စပ်ကိုဖြတ်ပြီးပြန်လာသည့် မြန်မာလုပ်သား ၂၃,၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး နေရပ်အသီးသီးကို ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် ထိုသူများတွင် COVIC-19 ကူးစက်ခံထားရသူများပါဝင်လာနိုင်ကြောင်းနှင့် အဆိုပါအခြေအနေကိုသတိပြုကြရန်နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက...

မန္တလေးမြို့ရှိ ဈေးများကို ပိတ်မည်မဟုတ်ကြောင်း ခေတ္တဝန်ကြီးချုပ်ပြော

မန္တလေးမြို့ရှိ ဈေးများကို ပိတ်မည်မဟုတ်ဘဲ ဈေးကော်မတီများကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်များကို လိုက်နာရန်ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မတ် ၂၆ရက်တွင်ပြောကြားခဲ့သည်။ COVID - 19 ရောဂါကြောင့် မန္တလေးကုန်စည်ဒိုင်တွင် မတ်လ ၂၅ ရက်က စတင်၍ ရောင်းဝယ်မှုများရပ်နားသွားရန်စီစဉ်သော်လည်း မန္တလေးမြို့တော်ဝန် အနေဖြင့်...

အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချမည်

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုသက်သာသောနှုန်းထားဖြင့် လှည့်လည် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းချုပ်မှ မတ် ၂၆ရက်တွင်သိရသည်။ ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင် အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ မတ်လ...

စိုးရိမ်လွန်ကဲပြီး ဆေးဝါးများဝယ်ယူစုဆောင်းမှုကြောင့် ဆေးပစ္စည်းများ ဈေးတက်

ဆေးပစ္စည်းများ အဓိကတင်သွင်းသည့် နိုင်ငံနှစ်ခု ပိတ်လိုက်ခြင်းနှင့် ပြည်သူလူထုမှ စိုးရိမ်လွန်ကဲပြီး ဆေးဝါးများဝယ်ယူ စုဆောင်းမှုကြောင့် ပြည်တွင်း၌ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဈေးအနည်းငယ် တက်လာကြောင်း မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများ အသင်းမှမတ် ၂၆ရက်တွင် သိရသည်။ ပြည်တွင်းဆေးပစ္စည်းနှင့် ဆေးဝါးဈေးကွက် ဈေးတက်ခြင်းသည် ပြည်သူများ စိုးရိမ်လွန်ကဲပြီး ဝယ်ယူစုဆောင်းမှု...

ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်

ဘုရားဖူးသူ အများအပြားလာရောက်လေ့ရှိသည့် တန်ခိုးကြီးစေတီတော်များဖြစ်သော ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်သတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့များမှ မတ် ၂၆ရက်တွင် သိရသည်။ COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းကဲ့သို့ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ဘုရားဖူးချိန်ကို ဘုရားဖူးချိန် ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ...

တရုတ်ကပြန်လာသူ ၁၆ ဦးကို ပုဗ္ဗသီရိကုတင် ၅၀ ဆေးရုံ၌ စောင့်ကြည့်မည်

တရုတ်နိုင်​ငံကပြန်လာသူ ၁၆ ဦးကို ​နေပြည်​​တော်​ရှိ ပုဗ္ဗသီရိမြို့နယ်၊ ကုတင် ၅၀ဆေးရုံ၌ သီးခြားထားကာ စောင့်ကြပ်ကြည့်ရှုသွားမည်​ဖြစ်​​ကြောင်း အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​မောင်​​မောင်​​ဆွေက​ပြောသည်​။ ထိုသို့လုပ်ဆောင်ရခြင်းသည်ရောဂါဖြစ်ပွားနေသည့် အချိန်မျိုးတွင်ြ​ပကပြန်​လာသူအချို့သည်​ ​နေအိမ်​တွင်​ ၁၄ရက်ကြာ​စောင့်​ကြပ်​ကြည့်​ရှုခြင်းကိုမလိုက်​နာသည့်​အတွက်​ ယခုကဲ့သို့စီစဉ်​ခြင်းဖြစ်ကြောင်း သိရသည်။ "အခုထားရတဲ့ရည်​ရွယ်​ချက်​က​ရောဂါပိုးရှိလို့မဟုတိဘူး။သံသယ​တွေ​ပျောက်​​စေချင်​လို့ WHO ရဲ့ Standard အတိုင်း၊လမ်းညွန်​မှုအတိုင်း ဝန်​ကြီးဌာနရဲ့လမ်း​ညွန်​မှု ​ရောဂါကူးစက်​ဖြစ်​ပွားခဲ့တဲ့ နိုင်​ငံကပြန်​လာတဲ့လူတိုင်းကို လုပ်​ရမယ်​ဆိုတဲ့အတိုင်းစံညွန်းအတိုင်းကိုနေပြည်​​တော်​​ကောင်​စီရဲ့ကြီးကြပ်​မှု၊အနီးကပ်​လမ်းညွှန်​မှုနဲ့ဝန်​ကြီးဌာနကလုပ်​တယ်​၊​ဆေးရုံ​တွေကလုပိတယ်​၊​နေပြည်​​တော်​ကျန်းမာ​ရေးဦးစီးဌာနကလုပ်​တယ်​​။ကျွန်​​တော်​တို့...

We Love Yangonက စားသောက်ကုန်များကို မူရင်းဈေးဖြင့် အိမ်တိုင်ရာရောက်ရောင်းချ

COVID19ကူးစက်မြန်ရောဂါကြောင့်အပြင်သွားလာရမည်ကိုစိုးရိမ်သူများအတွက် We Love Yangon ကအခြေခံစားသောက်ကုန်များကို မူရင်းဈေးအတိုင်း အိမ်အရောက်ပို့ဝန်ဆောင်မှု့ပေးကာ‌စတင်ရောင်းချပေးနေပြီဟု အဆိုပါအသင်းတာဝန်ရှိသူများထံမှ မတ် ၂၆ရက်တွင် သိရသည်။ COVID19ကြောင့် အခြေခံစားသောက်ကုန်များအလုအယက်ဝယ်ယူမှုများရှိနေသည့်အပြင် နေအိမ်မှအပြင်ထွက်ရန်စိုးရိမ်သူများအတွက် We Love Yangon ကရန်ကုန်ကိုချစ်မြတ်နိုးသူများ လုပ်ငန်းရှင်များ ပရဟိတအသင်းများစွာဖြင့် ပူးပေါင်းကာ အိမ်အရောက်ပို့ရောင်းချပေးခြင်းဖြစ်သည်ဟုဆိုသည်။ "ကျွန်တော်တို့ရောင်းချပေးတဲ့ဟာက မိသားစုငါးယောက်စာအတွက် ၂ပတ်စာလောက် လုံလောက်ပါတယ်"ဟုWe...

COVID-19  ဖြစ်ပွားပါက သီးသန့် ခွဲထားနိုင်ရန် အဆင့်မြင့်ကွန်ဒိုများ အသင့်ပြင်ထားဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

COVID-19 ရောဂါ ဖြစ်ပွားလာပါက ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်း ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ကူးစက်မှုရှိလာပါက သီးသန့်ခွဲထားနိုင်ရန်အဆင့်မြင့်ကွန်ဒို တိုက်ခန်းပေါင်း ၅ဝဝ ခန့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၁ရက်က ပြုလုပ်ခဲ့သည့် Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ်...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ တွေ့ဆုံ ဆွေးနွေးပွဲများ ယာယီရပ်ဆိုင်း

ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများနှင့် အစည်းအဝေး ဟောပြောပွဲများ၊ သင်တန်းများအား ဧပြီလ ၃၀ ရက်အထိ ကျင်းပခြင်းမပြုဘဲ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပရန်ရှိသည့် သားငါးကဏ္ဍ လုပ်ငန်းရှင်များ၊ ပုံမှန်...

ထိုင်းစစ်တပ်က မြို့တော်လမ်းမများကို ညဘက်တွင် ပိုးသတ်ဆေးများဖြန်း

ထိုင်းစစ်တပ်က မတ် ၁၉ ရက် မနက်ပိုင်းတွင် ဘန်ကောက်မြို့လမ်းမများကို ပိုးသတ်ဆေးများဖြန်းပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန်လုပ်ဆောင်ခဲ့သည်။ ယခုမတ်လကုန်အထိ ည ၁ နာရီမှ မနက် ၅ နာရီအထိ ထိုင်းစစ်သားများကို နေ့စဉ်ရှင်းလင်းရေးတာဝန်ချထားမည်ဖြစ်သည်။သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးများကို ရေဖြင့်ရောနှောအသုံးပြုမည်ဖြစ်သည်။ ထိုင်းစစ်ဦးစီးချုပ်အပီရတ် ကောင်ဆွန်ပွန်သဘာပတိအဖြစ်ပြုလုပ်သည့် ထိုင်းစစ်တပ်ထိပ်သီးအစည်းအဝေးကခွင့်ပြုခဲ့သည့် ပိုးသတ်ဆေးဖြန်းခြင်းကို ထိုင်းကြည်းတပ်၊ လေကြောင်းကာကွယ်ရေး အမြှောက်တပ်ဖွဲ့နှင့်...

ဦးစားပေး ကုစားရမည့် ကဏ္ဍသုံးခုအတွက် မတည်ငွေ ကျပ်တစ်ရာဘီလီယံဖြင့် COVID-19 Fund ထူထောင်

COVID 19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့် ဦးစားပေး ကုစားရမည့် ကဏ္ဍ သုံးခုအတွက် အစိုးရမှ ငွေကျပ်တစ်ရာဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ...

မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်ခွင့် ယာယီပိတ်

COVID -19 ရောဂါကြောင့် မန္တလေးမြို့ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်ခွင့်ကို မတ်လ ၁၈ ရက်မှစ၍ ယာယီပိတ်ကြောင်း စာထုတ်ခဲ့သည် ။ COVID - 19 ရောဂါကို ကူးစက်မြန် ကမ္ဘာ့ ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့...

ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိတော့ကြောင်း တရုတ်အစိုးရထုတ်ပြန်

ကမ္ဘာတ၀န်းကိုကူးစက်ပျံ့နှံ့နေတဲ့ကိုရိုနာဗိုင်းရပ်ဟာ စတင်တွေ့ရှိခဲ့တဲ့ဝူဟန်မြို့နဲ့ ဝူဟန်ရှိတဲ့ဟူဘေးပြည်နယ်တို့မှာ နောက်ထပ်ကူးစက်ခံရမှုမရှိတော့ဘူးလို့ မတ် ၁၉ ရက်မှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်နိုင်ငံမှာ နောက်ထပ်ကူးစက်သူ ၃၄ ယောက်သာရှိနေပြီး အဲဒီလူအားလုံးဟာ နိုင်ငံခြားကလာသူတွေလို့ ၀န်ကြီးဌာနကပြောတာပါ။ဟူဘေးပြည်နယ်မှာ နောက်ထပ်သေဆုံးသူ ရှစ်ယောက်ရှိလာပြီး သေဆုံးသူ ခြောက်ယောက်ဟာ ဝူဟန်ကဖြစ်ပါတယ်။ ဘေကျင်းမှာတော့ နောက်ထပ်ကူးစက်ခံရသူ...

လူမှုကွန်ရက်များ

253,415FansLike