စနေ၊ စက်တင်ဘာ ၂၁၊ ၂၀၁၉

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး (၁၂)နှစ်မြောက်အထိမ်းအမှန်ကျင်းပ

စက်တင်ဘာ ၁၈ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၁၂)နှစ်မြောက် အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုင်းတွင် ကျင်းပခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော်များက တစ်နိုင်ငံလုံး စစ်ပွဲများ ရပ်ရေး နှင့်၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိုပူးပေါင်းဝန်းကြရန် တို့ ယနေ့အခမ်းအနားတွေ မိန်ကြားခဲ့သည်။ ဓာတ်ပုံ-...

အဝေးသင်ကာလအတွက် ခွင့်အလုံအလောက်ရရှိရေး ပညာရေးကောလိပ်ကျောင်းသားများ လှုပ်ရှားမှုပြုလုပ်

စက်တင်ဘာ ၁၈ နိုင်လင်းဦး အဝေးသင်ကာလတွင် ခွင့်အလုံအလောက်ရရှိရေးအတွက် စက်တင်ဘာလ ၁၈ ရက်နေ့က မန္တလေး ပညာရေးကောလိပ်ကျောင်းသားများ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည် ။ လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ပညာဆက်လက်သင်ကြားခွင့်ရရှိရေး ဒို့အရေး ဒို့အရေး၊ အဝေးသင် ခွင့်အလုံအလောက်ရရှိရေး ဒို့အရေး ဒို့အရေး စသည့် စာများရေးသားထားသည့် စာများကို မန္တလေး ပညာရေးကောလိပ်တွင် ပညာရေးဘွဲ့ဖြစ်သည့်...

တင်သွင်းထားသည့် ခြေဥပြင်ဆင် ဥပဒေကြမ်း ဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်ရန် ယုံကြည်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ပြော

စက်တင်ဘာ ၁၇ ယဉ်ကေနွယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်အပါအဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ရပ်ကို ယနေ့တင်သွင်းထားကြောင်း ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကဦးတီခွန်မြတ်က အသိပေးပြောကြားခဲ့သည်။ အဆိုပါ ဥပဒေမူကြမ်းတစ်ရပ်ကို...

အိမ်မွေးခွေးများ မှတ်ပုံတင် ပြုလုပ်နိုင်ရေး တိုင်းအစိုးရအဖွဲ့ရုံးကို ခွင့်ပြုချက်တောင်းထား

စက်တင်ဘာ ၁၇ နိုင်လင်းဦး မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အိမ်မွေးခွေးများ မှတ်ပုံတင် ပြုလုပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ခွင့်ပြုချက်တောင်းထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။ ထိုသို့ မှတ်ပုံတင်ပြုလုပ်ရန် တင်ပြထားရခြင်းသည် အိမ်မွေးခွေးများ စနစ်တကျ ဖြစ်စေရန်နှင့် စည်ပင်သာယာ မှ ခွေးလေခွေးလွင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျမွေးမြူထားသည့်...

တပ်ကိုယ်စားလှယ်အစုအဖွဲ့မှ ခြေဥပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ် လွှတ်တော်သို့တင်

စက်တင်ဘာ ၁၇ ယဉ်ကေနွယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်အပါအဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ တစ်ရပ်ကို တင်သွင်းထားကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကဦးတီခွန်မြတ်က အသိပေးပြောကြားခဲ့သည်။ အဆိုပါ ဥပဒေမူကြမ်းတစ်ရပ်ကို...

ရထား ၁၀ စင်း ပြေးဆွဲမှု ယာယီ ဖျက်သိမ်းမည်

စက်တင်ဘာ ၁၆ ဝေဝေဖြိုး ရန်ကုန်- မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အပိုင်း ၁ ဖြစ်သော ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ၃ နှစ်တာကာလအတွင်း ရထားအစင်းရေ ၁၀ စင်း ပြေးဆွဲမှု ယာယီဖျက်သိမ်းမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ (သွားလာပို့ဆောင်ရေး) အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်က ပြောသည်။ "ဒီရထားတွေကို...

တပ်ကိုယ်စားလှယ်အစုအဖွဲ့က ခြေဥပြင်ဆင်ရေး ဥပဒေကြမ်း လွှတ်တော်တင်မည်

စက်တင်ဘာ ၁၆ ယဉ်ကေနွယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ခြေဥပြင်မည့် ဥပဒေကြမ်းတစ်ခုကို စက်တင်ဘာလ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေး၏ ကြိုတင်လျာထားချက်အစီအစဉ်အရ သိရသည်။ ခြေဥပြင်ဆင်ရေး အတွက် ဥပဒေကြမ်းများ တင်သွင်းမှုတွင် ပြည်ခိုင်ဖြိုးပါတီ မှ ကျောင်းကုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင်...

ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များကို ၅ ဧကသာခွင့်ပြုပေးတော့မည်

စက်တင်ဘာ ၁၆ ယဉ်ကေနွယ် မိုးရာသီကုန်ပြန်ဖွင့်မည့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကြီးများကို ၅ဧကသာခွင့်ပြုရန် စီစဉ် နေ ပြီဖြစ် ကြောင်း မြန်မာ့ကျောက် မျက်ရ တနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမင်းသူ ကပြောသည်။ “အခုသွားမယ့်ဟာသည် ၅ ဧကပဲ၊ သူ့ဟာသူ ၅ ဧက ရှိရှိ၊ ၁၀ ဧက...

လွှတ်တော်တွင် မေးမြန်းချက်များကို ပြန်လည်စိစစ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း တိုးတက်လာမှုမရှိကြောင်း ပြည်ခိုင်ဖြိုးအမတ် ပြော

စက်တင်ဘာ ၁၆ ယဉ်ကေနွယ် ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်း၏ ဆက်စပ်မေးမြန်းချက်များအား ပြန်လည်စိစစ်ပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့ အထိ တိုးတက်လာမှု မရှိသဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်းအေး...

ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မည်

စက်တင်ဘာ ၁၆ ဝေဝေဖြိုး အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရသည်။ စီမံကိန်းကို အပိုင်း(၂)ပိုင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ အပိုင်း (၁) ကိုရန်ကုန် - တောင်ငူလမ်းပိုင်းအထိ သတ်မှတ်ထားပြီးယင်းအတွက် အမေရိကန်...

ဝန်ကြီးဌာနများအနေဖြင့် မေးခွန်းများကို အလေးမထားဘဲ တုံပြန်ဖြေဆိုနေခြင်းသည် လွှတ်တော်၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ ဟု ကိုယ်စားလှယ်ပြောဆို

စက်တင်ဘာ ၁၆ ယဉ်ကေနွယ် ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်နန်းခမ်းအေး မှ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို အဖွဲ့ထံမှ လုပ်ပိုင်ခွင့်ရ မြေဧရိယာ ခွင့်ပြုမိန့်၊ အမိန့်စာ အမှတ်နှင့် ရက်စွဲလွှဲမှားဖြေကြားခြင်း အပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည်နှင့် လုပ်ပိုင်ခွင့်ချမှတ်ထားသော မြေပုံ အချို့ကို...

ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

စက်တင်ဘာ ၁၆ ဝေဝေဖြိုး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ စပါးများကို တရားဝင် ဝယ်ယူရန် နှစ်နိုင်ငံ အစိုးရချင်း ကမ်းလှမ်းထားခြင်းဖြစ်ပြီး တောင်သူလယ်သမား များအတွက် အကျိုးအမြတ်နှင့် ဈေးကွက်ရှိမည်ဆိုပါက ရောင်းချနိုင်သည့် အခြေနေဖြစ်သည်ဟုဆိုသည်။ "အရေးကြီးဆုံးက စပါးတင်ပို့ရောင်းချတဲ့...

ဒီမိုကရေစီ ဆိုသည့် အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံမဟုတ်ဘဲ နိုင်ငံရေးအသိများ မြင့်မားရန်လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြော

စက်တင်ဘာ ၁၅ ယဉ်ကေနွယ် ဒီမိုကရေစီ ဆိုသည့် အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံလမဟုတ်ဘဲ ဒီမိုကရေစီယဉ်ကျေးမှုတွေ နိုင်ငံရေး အသိတွေ မြင့်မားရန်လိုအပ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးကျော်မိုးအောင်ကပြောကြားလိုက်သည်။ "ဒီမိုကရေစီ ဆိုသည့် အသုံးအနှုန်းကို ခံတွင်းတွေ့နေရုံလမဟုတ်ဘဲ ဒီမိုကရေစီယဉ်ကျေးမှုတွေ နိုင်ငံရေး အသိတွေ မြင့်မားကြဖို့လိုပါတယ်။ဒီမိုကရေစီဆိုတာ ပါတီနိုင်ငံရေး မဟုတ်ပါဘူး။ အားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးဖြစ်ပါတယ်"ဟု ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်ကပြောသည်။ ယနေ့...

ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့်​ချိုးမခံ​ရ​အောင်​ ဝိုင်းဝန်း​စောင့်​​ရှောက်​ကြရန်​ သမ္မတတိုက်​တွန်း

စက်​တင်​ဘာ ၁၅ ယဉ်ကေနွယ် ပြည်​သူလူထု အသက်ချွေးဖြင့် ခက်​ခက်​ခဲခဲရရှိလာသည့်​ဒီမိုက​ရေစီအပင်​​ပေါက်​​လေးကိုအညွန့်​ချိုးမခံ​ရ​အောင်​ ဝိုင်းဝန်း​စောင့်​​ရှောက်​ကြရန်​နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​က တိုက်​တွန်း​ပြောကြားလိုက်သည်​။ "ပြည်သူလူထုရဲ့ အသက် သွေးချွေးနဲ့ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲ ရရှိလာတဲ့ ဒီမိုကရေစီအပင်ပေါက်လေးကိုအညွန့်ချိုးမခံရအောင်အားလုံးကဝိုင်းဝန်းပြုစုပျိုးထောင်စောင့်ရှောက်ကြစေလိုပါတယ် ဒီမိုကရေစီရှင်သန်ရေးအတွက်နိုင်ငံသားအားလုံးငေးငိုင်မနေကြရန် အလစ်အငိုက်မမိကြရန်အရေးကြီးလှပါတယ်''ဟု သမ္မတဦးဝင်းမြင့် က​ပြောသည်​။ ​ယနေ့ နေ့လည်ပိုင်း က နေပြည်တော် လွှတ်​​တော်​အ​ဝေန်း အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ခုနှစ်​အပြည်​ပြည်​ဆိုင်​ရာ ဒီမိုက​ရေစီ​နေ့အခမ်းအနားအဖွင့်​အမှာစကား​ပြောကြားရာတွင်​ နိုင်ငံတော်...

သန့်​စင်​ခန်းသွားချိန်တွင် စက်ပိတ်သွားသည့်အတွက် အလုပ်​ထုတ်​ခံရသော အလုပ်သမား ​(၄) ဦး အလုပ်ပြန်ဆင်းခွင့်ရရေး အလုပ်​သမား သမဂ္ဂများ ဆန္ဒပြ

စက်​တင်​ဘာ - ၁၅ နိုင်လင်းဦး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ မီကို​ကော်​ဖီမစ်​စက်​ရုံမှ အလုပ်​သမား (၄) ဦးအား သန့်​စင်​ခန်းသွားချိန်တွင် စက်ပိတ်သွားသည့်အတွက် ဟုဆိုကာ အ​ကြောင်းမဲ့ အလုပ်​ထုတ်​ခံခဲ့ရမှုနှင့်ပတ်သက်၍ အလုပ်ပြန်လည် ခန့်ထားပေးရေး စက်တင်ဘာလ ၁၅ ရက်နေ့က အလုပ်​သမား သမဂ္ဂများ ဆန္ဒပြခဲ့ကြသည် ။ မီကို​ကော်​ဖီမစ်​ စက်​ရုံ...

လူမှုကွန်ရက်များ

208,228FansLike