ကြာသပတေး၊ အောက်တိုဘာ ၂၉၊ ၂၀၂၀

တပ်ရင်းမှူး ၂ ဦး စီးနင်းလာသော ကားပေါ်မှ အသုံးအဆောင်ပစ္စည်းများ RCSS အဖွဲ့ ယူဆောင်သွား၊ ပြန်လည်မပေးပါက ပြင်းထန်စွာအရေးယူမည် ဟု တပ်မတော်သတိပေး

ဖေဖော်ဝါရီ ၁၄ ပဉ္စမလှိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းနှင့်ကျိုင်းတုံ အကြား ပြည်ထောင်စုကားလမ်းမကြီး ပေါ်၌ RCSS/SSA အဖွဲ့မှ အင်အား ၅၀ ဦးခန့်သည် ဆက်ကြေးကောက်ခံနေလျက်ရှိစဉ် ဖေဖော်ဝါရီလ ၁၂ ရက်ညနေပိုင်းတွင်တပ်ရင်း ၂ ရင်းမှ ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံ သို့ပြန်လာသည့် တပ်ရင်းမှူး ၂ ဦး...

အဓမ္မလူသစ်စုဆောင်းနေသည့် MNDAA သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်တိုက်ပွဲဖြစ်၊ လူသစ်စုဆောင်းခံရသည့် ဒေသခံများ လွတ်မြောက်ရေး လိုအပ်သလိုဆောင်ရွက်မည် ဟု တပ်မတော်ထုတ်ပြန်

ဖေဖော်ဝါရီ ၁၁ ပဉ္စမလှိုင်း ဒေသခံပြည်သူများအား အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် နယ်မြေကျော်လွန်လှုပ်ရှားမှုများဆောင်ရွက်လာသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများ ထိတွေ့မှုဖြစ်ပွား ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းထားသည်ကို အခွင့်ကောင်း ယူ၍ ကွမ်းလုံမြို့နယ်အတွင်း လူသစ်စုဆောင်းမှုကိုးကြိမ်နှင့် နယ်မြေကျော်လွန်လှုပ်ရှားမှု ခြောက်ကြိမ် အထိ ပြုလုပ်လာခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက်...

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၁၀ ညိုမှိုင်း မြောက်ဦးမြို့နယ်မြောက်ပိုင်း ထိပ်ဝပြင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။ တိုက်ပွဲမှာ နံနက် ၈ နာရီကျော်ခန့်အချိန်က ထိပ်ဝပြင်ကျေးရွာအနီး ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမအနီးတွင် ပေါက်ကွဲမှုတစ်ခုစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။ “တိုက်ပွဲကတော့ ထိပ်ဝပြင်ရွာနားမှာရှိတဲ့ ကျောက်ထုတ်လုပ်ရေးစခန်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်။ မနက် ၈ နာရီကျော်လောက်မှာဖြစ်တာပါ။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း...

ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးတိုက်ပွဲဖြစ်

ဇန်နဝါရီ ၂၈ ညိုမှိုင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ အုန်းချောင်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲမှာ ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ပွဲကြောင့် ကျေးရွားသားများ ကျေးရွာအတွင်းပိတ်မိနေခဲ့ကြပြီး စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။ “တိုက်ပွဲကတော့ မနက် ၈ နာရီအထိုးခင်လောက်မှာစဖြစ်ပါတယ်။ ဖြစ်တာကရွာနားမှာဖြစ်နေတာဆိုတော့ ရွာသားတွေ စိုးရိမ်နေကြတယ်။...

ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီ ၂၆ ညိုမှိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်အတွင်းမှာ ယနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်းဒေသ အိုးဖောက်ကျေးရွာအနီးရှိ အာကာတောင်တန်းတွင် ဖြစ်ကာ နံနက် ၉ နာရီခန့်တွင်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “မနက် ၉ နာရီလောက်ကနေ အသံတွေစကြားရပါတယ်။ လက်နက်ကြီးတွေနဲ့လည်း တော်တော်များများပစ်တယ်။ ပြီးတော့...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သတ်မှတ်နယ်မြေအတွင်း ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် တပ်မတော်သတိပေး

ဇန်နဝါရီ ၂၅ ကျော်သူမြင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေသည့်လုပ်ရပ်များမ လုပ်ရန်နှင့် နယ်မြေကျော်လွန်လှုပ်ရှားလျက် နယ်မြေလုတိုက်ပွဲများဖြစ်နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများသည် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက်(ပြည် ထောင်စုနေ့)နောက်ဆုံးထား၍ ဆုတ်ခွာရန် တပ်မတော်က ဇန်နဝါရီ(၂၅)ရက် ရက်စွဲဖြင့် သတိပေး ချက်တစ်စောင်အားထုတ်ပြန်ခဲ့သည်။ ၂၀၁၈ ဒီဇင်ဘာ(၂၁)ရက်က ထုတ်ပြန်ခဲ့သည့်...

တပ်မတော်နှင့် AA ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်

ဇန်နဝါရီ ၂၀ ညိုမှိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။ အဆိုပါတိုက်ပွဲများမှာ ယနေ့နံနက် ၁၀ နာရီခန့်လောက်ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ သြရမတောင်တန်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေမှာ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။ “တိုက်ပွဲက ၁၀ နာရီလောက်မှာ စဖြစ်ပါတယ်။ ရွာနဲ့တော့နည်းနည်းဝေးပါတယ်။ ဒါပေမယ့်...

ဖာပွန်မြို့နယ်၊ ဘော်စဲခို ကျေးရွာအနီး တပ်မတော် ယာဉ်တန်းအား KNU အဖွဲ့က နှောင့်ယှက်ပစ်ခတ် ဟု တပ်မတော်ထုတ်ပြန်

ဇန်နဝါရီ ၁၉ ပဉ္စမလှိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ဘော်စဲခို- လွယ်မူပလောလမ်း ပြုပြင် ဖောက်လုပ်လျက်ရှိသော မြေထိုးစက်အား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်ဖွဲ့ ဝင်များကို KNU အဖွဲ့မှ အင်အားလေးဦးခန့် မှ ဇန်နဝါရီ ၁၇ ရက်က လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ ဖာပွန်မြို့နယ်၊...

AA အဖွဲ့၏ ယာယီစခန်းတစ်ခုအား သိမ်းပိုက်ရရှိ ဟု တပ်မတော်ထုတ်ပြန်

ဇန်န၀ါရီ ၁၇ ပဉ္စမလှိုင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ယာယီစခန်းတစ်ခုအား တပ်မတော်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။ တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူများနှိမ်နင်းရေးနှင့် နယ်မြေလုံခြုံရေးများကို လုပ်ဆောင်လျက်ရှိစဉ် တပ်မတော်စစ်ကြောင်းတစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၅၀ ဦးခန့်...

ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး...

ဇန်န၀ါရီ ၄ ပဉ္စမလှိုင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူ အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀...

ဘူးသီးတောင်မြို့နယ်အတွင်းမှ ရဲကင်းစခန်းများအား AA ဝင်တိုက်

ဇန်နဝါရီ ၄ ညိုမှိုင်း ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၄ ခုအား ယနေ့နံနက်အစောပိုင်းတွင် AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ “ဟုတ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်က ကင်းစခန်းတွေ တိုက်ခိုက်ခံလိုက်ရပါတယ်။ AA ကတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းပဲ ကျွန်တော်တို့ရဲ့ အထောက်အကူအဖွဲ့တွေ၊ စစ်ကူအဖွဲ့တွေနဲ့ နယ်ခြားစောင့်ရဲ့ အထောက်အကူအဖွဲ့တွေ ရောက်ရှိသွားပြီး လောလောဆယ်မှာတော့...

စစ်ရေးလှုပ်ရှားမှုရပ်ထားသော တပ်မတော်အား RCSS က တိုက်ခိုက်သောကြောင့် စစ်သည်အချို့ကျဆုံး ဒဏ်ရာရ 

ဒီဇင်ဘာ ၂၈ ကျော်သူမြင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသည့် အချိန်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်မတော်စစ်ကြောင်းအား ဝင်ရောက်တိုက်ခိုက်သဖြင့် တပ်မတော်သားအချို့ ကျဆုံး ၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ၍ ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင် ဘာ ၂၁ ရက်မှ ဧပြီ ၃၀ အထိ...

“မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်ဆွေးနွေးရန် စစ်ရေးလှုပ်ရှားမှု ၄လ ကျော် ရပ်ဆိုင်းထားမည်” ဟု တပ်မတော်ထုတ်ပြန် 

ဒီဇင်ဘာ ၂၁ ကျော်သူမြင့် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးရန် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအ လိုက် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးမည်ဟု တပ်မတော်က ယနေ့ရက်စွဲဖြင့် ကြေညာ သည်။ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ၂၀၁၈ ဒီဇင်ဘာ ၁၂...

ဆက်ကြေးကောက်သည်ဆိုသော တအောင်းအဖွဲ့နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၉ ကျော်သူမြင့် တအောင်း(ပလောင်)အဖွဲ့နှင့် တပ်မတော်တို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်နှင့်မူဆယ် မြို့အကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်အွန်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ “အခုကတော့ ကားအသွားအလာရှိသွားပါပြီ။ မနက်ပိုင်းကတော့ တိုက်ပွဲဖြစ်တယ်။ ကားတွေတော့ ရပ်ထားရတာပေါ့”ဟု သိန္နိမြို့ ဒေသခံတစ်ဦးက ပြောသည်။ တအောင်း(ပလောင်)အဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့မှ ကားများကို...

KNU ဥက္ကဋ္ဌအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ ခေါင်းဆောင်အဖြစ်ရွေးချယ်

စက်တင်ဘာ ၁၁ ကျော်သူမြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ရွေးချယ်လိုက်သည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စက်တင်ဘာ ၈ရက်မှ ၁၁ရက်နေ့အထိ ကျင်းပသည့် PPST ထိပ်သီး ခေါင်းဆောင်များအစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဆောင်ရွက်မည်ဖြစ်သည်။ လေးရက်ကြာဆွေးနွေးပွဲတွင်...