ဗုဒ္ဓဟူး၊ အောက်တိုဘာ ၂၈၊ ၂၀၂၀

RCSSတပ်သားများဖမ်းဆီးခံရမှုနှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများအပေါ် JMC-Uကို တင်ပြခြင်းမရှိ

ရန်ကုန် ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈ တပ်မတော်မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ တပ်သားများကို ဖမ်းဆီးခြင်းနှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု အပေါ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ကို တိုင်ကြားလာခြင်း မရှိသေးကြောင်း အတွင်းရေးမှူးအဖွဲ့ဝင်များကပြောကြာသည်။ JMC-U၏ ၁၄ကြိမ်မြောက်အစည်းအဝေးကို...

SSPP တပ်ဖွဲ့ဝင် ၄၀ကျော်ကို တပ်မတော်မှဖမ်းဆီးထား

ရန်ကုန် - ဇန်န၀ါရီ ၁၅ ၊ ၂၀၁၈ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင် ၄၀ကျော်ကို တပ်မတော်မှ နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးထားကြောင်း SSPPကဇန်န၀ါရီ ၁၄ ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ SSPPဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို ဇန်န၀ါရီ(၆)ရက် နေ့မှ(၁၃)ရက်နေ့အထိကျင်းပခဲ့ပြီး ဇန်န၀ါရီ ၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသဘောထားထုတ်ပြန်ကြေညာချက်တွင် SSPPအနေဖြင့် အစိုးရနှင့် ပြည်နယ်အဆင့် ၊...

ကျောက်မဲစစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အနွေးထည်နှင့် စောင် အရေးပေါ်လိုအပ်

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ၊ ၂၀၁၈ ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့ငယ်ခွဲတွင်ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း ၆ခုရှိ စစ်ဘေးရှောင်၁၀၀၀ ကျော် အတွက် အနွေးထည်နှင့်စောင်အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကျောက်မဲဇီဝိတလှုမှုကူညီရေးအသင်းမှဦးတင်မောင် သိန်းကပြောသည်။ "အဓိကတော့စောင်လိုတယ်။သူတို့တွေကပြေးလာတုန်းက ပီနံအိတ်တစ်လုံးထဲအကုန်စုပြီးထည့်လာတော့ အိမ်ကယူ လာတဲ့စောင်ပဲပါလာတယ်။တချို့ဆိုတစ်အိမ်ထောင်ကို ၁ထည်လောက်ပဲပါလာတော့မိသားစုသုံးလေးယောက်ဆိုအ ဆင်မပြေကြဘူးပေါ့။အနွေးထည်တွေလည်းလိုအပ်ပါတယ်"ဟု ဦးတင်မောင်သိန်းကပြောသည်။ ဒီဇင်ဘာ၂၇ရက်နေ့မှစ၍ တပ်မတော်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်...

မောင်တောမြောက်ပိုင်းတွင် တပ်မတော်ကားတစ်စီး ဖောက်ခွဲခံရ

ရန်ကုန် ၊ ဇန်န၀ါရီ ၅၊ ၂၀၁၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့မနက်ပိုင်းက ဆွဲမိုင်းထိသောကြောင့် တပ်မတော်မော်တော်ယာဉ်တစ်စီးဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ ပေါက်ကွဲမှုက ပြင်းတယ်။ ပေါက်ကွဲတဲ့နေရာနဲ့ ငါးမိုင်လောက်ဝေးတဲ့ ရွာကနေတောင် ပေါက်ကွဲတဲ့အသံကို ကြားရတယ်။ တပ်မတော် ကားတစ်စီးဖြတ်မောင်းချိန်ကို ဆွဲမိုင်းနဲ့ ဖောက်တာ။ ထိခိုက်ဒဏ်ရာ နည်းနည်းရှိတယ်လို့ကြားတယ်”...

ကျောက်မဲမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ခန့်အထိရှိလာ ပြည်နယ်အစိုးရထံသဘာဝဘေးရန်ပုံငွေအသုံးပြုခွင့် တောင်းခံ

ရန်ကုန် ၊ ဇန်န၀ါရီ ၃ ၊၂၀၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲ များကြောင့် ကျောက်မဲမြို့သို့စစ်ဘေးရှောင်ရောက်ရှိနေသည့် ဦးရေမှာ ၁၀၀၀ခန့်ရှိလာပြီဖြစ်ပြီး ပြည်နယ်အစိုးရထံမှ သဘာဝဘေး ရန်ပုံငွေ အသုံးပြုခွင့်ပေးရန်တောင်းခံထားကြောင်း ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ် (၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောသည်။ "စစ်ဘေးရှောင်တွေကိုထောက်ပံ့ပေးနိုင်ဖို့အတွက် ရှမ်းပြည်နယ်...

KNPP တပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့သည့်ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေး နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်ကြိုးပမ်းမည်

ရန်ကုန် ၊ ဇန်န၀ါရီ ၁ ၊၂၀၁၇ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကို အမှုမှန်ပေါ်ပေါက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)မှ ခွန်ရဲမင်းကျော်က ပြောသည်။ "ဒီကိစ္စဟာလူသတ်မှုဖြစ်တယ်။ လူသတ်မှုဆိုတာ ရဲအရေးပိုင်တဲ့ကိစ္စကို အခုထိတရားမစွဲသေးဘူး။ကျွန်တော်တို့က အမှု မှန်ပေါ်ပေါက်ရေးအတွက် လူထုကြားမှာ အသိပေးဆောင်ရွက်မယ့်ကိစ္စတွေရှိလာမယ်။ နည်းလမ်းပေါင်းစုံနဲ့ ဆက်လုပ် သွားမယ်။...

ကျောက်မဲမြို့တွင် စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာလ ၃၀ ရက် ၊၂၀၁၇။ ရှမ်းပြည်နယ်​​မြောက်ပိုင်း၊ ​ကျောက်မဲမြို့တွင်ပ​လောင်တိုင်းရင်းသား ​ကျေးရွာများဖြစ်​သည့်​ အာ​ပြောင်​​ကျေးရွာနှင့်​​ကျောက်​ဖြူ​ ​ကျေးရွာတို့မှ စစ်​​ဘေး​ရှောင်​များ​အတွက် စစ်​​ဘေး​ရှောင်​စခန်းများဖွင့်​လှစ်​၍ အစားအ​သောက်​၊ အဝတ်​အထည်​ နှင့် ကျန်းမာ​ရေး​စောင့်​​ရှောင့်​မှုများ ကူညီ​ဆောင်​ရွက်​​ပေးလျှက်​ရှိ​ကြောင်းသိရသည်​။ "ငြိမ်းချမ်း​ရေးယူထားတဲ့အဖွဲ့​တွေ ငြိမ်းချမ်း​ရေး မယူထား​သောအဖွဲ့​တွေ တိုက်​ပွဲ​တွေက ​ဗြောင်းဆန်​​နေတာပါဘဲ။အခုလည်း တစ်ဖက်​နဲ့တစ်ဖက်​​ ရှေမတိုး​နောက်​မဆုတ်​ အသင့်​အ​နေထားနဲ့ အင်​အားဖြည့်​​နေကြတယ်​"ဟု​ ​ကျောက်​မဲမြို့နယ်​ အမှတ်​(၂) မှ...

နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ်နှင့် သီးခြားတွေ့ဆုံခွင့် KNPP တောင်းခံထား

  ရန်ကုန်၊ဒီဇင်ဘာ ၂၈၊ ၂၀၁၇ ကယားပြည်နယ် လွိုင်ကော်မြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခွင့်ရရှိနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် တောင်းခံထားကြောင်း KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ် က ပြောသည်။ သီးခြားတွေ့ဆုံခွင့်ရရှိစေရန်အတွက် တောင်းဆိုထားသော်လည်း ငြိမ်းချမ်းရေးစကားဝိုင်းသို့ KNPP အား ဖိတ်ကြားထားခြင်းမရှိကြောင်း လည်း ၄င်းပြောပြချက်အရသိရသည်။ "တွေ့ခွင့်ရရင်တော့ တပ်မတော်...

ငြိမ်းချမ်းရေးထိန်းသိမ်းရန်သာ ပြည်နယ်အစိုးရနှင့် KNPP အဖွဲ့ဆွေးနွေး

  ရန်ကုန်၊ဒီဇင်ဘာ ၂၇ ၊ ၂၀၁၇ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့သည် ယမန်နေ့က ဝန်ကြီးချုပ်ရုံးခန်းတွင် အသတ်ခံရသူ လေးဦးနှင့်ပတ်သက်ပြီးတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ နှင့် ၂၀ ရက်များတွင်ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်ပြီး တွေ့ဆုံခဲ့ရာတွင် ငြိမ်းချမ်းရေးကိုဆက်လက်ထိန်းသိမ်းရေးကိုသာ ဦးစားပေးဆွေးနွေးခဲ့ပြီး KNPP အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်...

ဆက်ကြေးကောက်၊ လူသစ်စုဆောင်းခြင်း လုပ်ဆောင်နေသည့် RCSSတပ်ဖွဲ့ဝင် ၆ဦးအားဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန် 

ရန်ကုန် ၊ဒီဇင်ဘာ ၂၇ - ၂၀၁၇ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းလုပ်ဆောင်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင် ၆ဦးကို ဖမ်းဆီးခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ရက်စွဲဖြင့် သတင်းထုတ် ပြန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာအနီးတွင် RCSSတပ် ဖွဲ့ဝင်များကနောင်ချိုသွား ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ တရားမ၀င်သစ်လုပ်ငန်း လုပ်ကိုင်သူများနှင့်...