ကြာသပတေး၊ အောက်တိုဘာ ၂၉၊ ၂၀၂၀

WHO‌ယာဉ်ပစ်ခတ်ခံရမှု စစ်ဆေးရေးကော်မတီ စတင်စစ်ဆေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီး WHOမော်တော်ယာဉ် တစ်စီးပစ်ခတ်ခံရမှုနှင့်စပ်လျင်းပြီး စုံစမ်းစစ်ဆေးမှုကော်မတီဥက္ကဌ ဦးစောဦး ဦးဆောင်သောကော်မတီကမေ၁၄တွင် စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း သိရသည်။ အဆိုပါကော်မတီဥက္ကဌဦးဆောင်သော ကော်မတီဝင်များသည် မင်းပြားမြို့သို့မေ၁၄က ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတဝိုက်နှင့် ရာမောင်တံတားလုံခြုံရေးစခန်းတို့တွင် တာဝန်ရှိသူများ မျက်မြင်သက်သေများကို လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် မင်းပြားမြို့မရဲစခန်းတွင်သိမ်းဆီးထားသည့် ပစ်ခတ်တိုက်ခံရသောမော်တော်ယာဉ်နှင့် သေဆုံးသူခန္ဓာကိုယ်တွင်းမှ တွေ့ရှိရသည့်ကျည်ဆံထိပ်ဖူးတို့အား စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟုသိရသည်။ထို့အပြင်...

COVID-19 ကူးစက်ခံထားရသည့် ရုရှားရောက်တပ်မတော်သား ငါးဦးအနက် လေးဦး ရောဂါပျောက်ကင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သားငါးဦးသည် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး လေးဦးသည် ပျောက်ကင်းခဲ့ပြီးဖြစ်သည်ဟု တပ်မတော်ကသတင်း ထုတ်ပြန်သည်။ ရောဂါကူးစက်ခံထားရသည့် တပ်မတော်သားအရာရှိ ငါးဦးကို မော်စကိုမြို့အနီးရှိ လူနာများသီး သန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွင် ရုရှားကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ထပ်မံစစ်ဆေးရာ သင်တန်းသား လေးဦးအနက်မှ လေးဦး ပျောက် ကင်းခဲ့ခြင်းဖြစ်ကြောင်း...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝနှင့် မိုင်းလားအဖွဲ့တို့ကို COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများထောက်ပံ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NDAA(မိုင်းလား)နှင့် UWSA (ဝ) အဖွဲ့တို့ကို မေလ ၁၀ ရက်က သီးခြားစီတွေ့ဆုံ၍ COVID-19 ရောဂါ ထိန်းချုပ်ကုသကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ NDAA အဖွဲ့တွင် ဥက္ကဋ္ဌဦးစိုင်းလင်းကတက်ရောက်ခဲ့ပြီး၊ UWSA မှ ဦးညီကပ်တို့က ဦးဆောင်တက်ရောက်ခဲ့ကာ မိုင်းလားဒေသတွင်...

ULA/AAအကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများ၏ ငွေကြေး၊ပစ္စည်းများ၊ရန်ပုံငွေများအားထိန်းချုပ်တားမြစ်ရန် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ထုတ်ပြန်

AA အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများ၏ ငွေကြေးများ ၊ ပစ္စည်းများ နှင့် ရန်ပုံငွေများအားထိန်းချုပ်တားမြစ်ရန် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က မတ်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်သမားသို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ခြင်းမှ မရုပ်သည့်အချိန်အထိ အထက်ပါအမိန့်များသည် အာဏာသက်ရောက်ကြောင်းသိရသည်။ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအားစည်းရုံးခြင်း အကြောက်တရားဖြင့် လွှမ်းမိုးခြင်း ဒေသခံပြည်သူများအား...

မီးဝဗျူဟာကုန်းသို့ စစ်ကူပေးရန်လာသော ခမရ ၇၏ တပ်ရင်းမှူးအပါအ၀င် တပ်မတော်သား ၂၀ ဦးကို AA ဖမ်းဆီး

Photo-AA Info Desk ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးဝ ဗျူဟာကုန်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်မှာ တစ်လ ကျော်ကြာမြင့်လာပြီဖြစ်ပြီး မတ်လ ၁၀ ရက်တွင် ခမရ ၇ မှ တပ်ရင်းမှူး အပါအ၀င် တပ်မတော်သား ၂၀ ဦးကို...

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်က ဖြေရှင်းပေးရမည့် အမှု ၁၀ မှုခန့် ကျန်ရှိဟုဆို

စီးပွားရေးလုပ်ကိုင်ခွင့်ရရှိမှုနှင့်ပတ်သတ်ပြီး တိုင်ကြားထားသည့် အမှုပေါင်း များစွာ ရှိသော်လည်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ ဖြေရှင်းပေးရမည့် အမှုပေါင်း ၁၆ မှုရှိသည့်အနက် အမှု ၁၀ မှုခန့်သာ ဖြေရှင်းပေးရန် ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ သိရသည်။ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားစာ ၊အကြံပြုစာ များစွာရှိသော်လည်း ကော်မရှင်နှင့် သက်ဆိုင်သည့် အမှုသည်...

“ တူရကီနှင့်ဆီးရီးယားတို့ ရင်ဆိုင်အတွေ့ ”

  ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် နှင့် ၃ ရက်တို့တွင် ဆီးရီးယားအစိုးရစစ်တပ်နှင့် တူရကီစစ်တပ်တို့သည် မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ ဆီးရီးယားနယ်စပ် Idlib မြို့တွင် တပ်စွဲထားသော တူရကီတပ်ဖွဲ့ဝင်များနှင့် ဆီးရီးယား တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်ပြီး လက်နက်ငယ် လက်နက်ကြီးမျိုးစုံသုံး၍ ရင်ဆိုင်ပစ်ခတ်ခဲ့ကြခြင်းဖြစ်လေသည်။ ၂၁ ရာစုတွင် နှစ်နိုင်ငံတပ်မတော်များ...

နယ်မြေခံတပ်ဌာနချုပ်အား AA အဖွဲ့က ကျေးရွာအတွင်းမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ် ဟု တပ်မတော်ထုတ်ပြန်

ဧပြီ ၂၅ ပဉ္စမလှိုင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် အား ဧပြီ ၂၄ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာ အတွင်းနှင့် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တို့မှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ဧပြီ ၂၄...

တပ်မတော်နှင့် AA တိုက်ပွဲဖြစ်၊ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင်သုံးသည့် ဓာတ်မြေသြဇာများ တပ်မတော် သိမ်းဆည်းရမိ

ဧပြီ ၂၂ ပဉ္စမလှိုင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းတွင် တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲအတွင်း AAသောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများ သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဘူးသီးတောင်မြို့နယ်၊...

မြောက်ဦးတွင် တပ်မတော်နှင့် AA အကြား ၄ နာရီခန့် တိုက်ပွဲဖြစ်

မတ် ၂၆ ညိုမှိုင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ယမန်နေ့ ည ၁ နာရီခွဲအချိန်ကစတင်ပြီး မြန်မာ့တပ်မတော်နှင့် AA တို့အကြား လေးနာရီနီးပါးခန့်အကြာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ဦးကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့ကြေင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။ “လင်းမြွေတောင်၊ မကျည်းကုန်းမှာ ည ၁ နာရီခွဲကနေတိုက်ပွဲဖြစ်တာ ၅ နာရီလောက်မှ ပြီးတယ်။...

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မြို့နေ ပြည်သူလူထုနေအိမ်များပေါ်တွင် နေရာယူ၍ တပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်ပစ်ခတ် ဟု တပ်မတော်ထုတ်ပြန်

မတ် ၁၉ ပဉ္စမလှိုင်း ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန် မြောက်ဦးမြို့နေ တာဝန်သိပြည်သူအချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည်ချီတက်လာရာ AA အကြမ်းဖက်သောင်းကျန်းသူများက...

“AA ကို သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးထိရောက်စွာ ဆက်လုပ်မည်” ဟု တပ်မတော်ထုတ်ပြန်

မတ် ၁၁ ပဉ္စမလှိုင်း နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသည့် AA သောင်းကျန်းသူအဖွဲ့အား သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေး ထိရောက်စွာ ဆက်လက်လုပ်ဆောင်မည် ဟု တပ်မတော် က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနယ်စပ်မှတ်တိုင် အမှတ်ဘီပီ-၆၇ နှင့် ဘီပီ- ၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး...

ဆက်ကြေးကောက်သည့် RCSS/ SSA အဖွဲ့နှင့် တပ်မတော် ကျောက်မဲမြို့အနီးတွင် ပစ်ခတ်မှုဖြစ်

ဖေဖော်ဝါရီ ၂၀ ပဉ္စမလှိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဆိုင်တစ်ဆိုင်သို့ RCSS/ SSA အဖွဲ့က ရှမ်းဘာသာဖြင့် ရေးသားထားသော တစ်နှစ်စာအတွက် ဆက်ကြေးငွေကျပ် သိန်း ၁ဝဝ ပေးဆောင်ရန် တောင်းခံထားသည့်စာအား ဖေဖော်ဝါရီ ၁၈ ရက်တွင် ပေးပို့လာကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ ထိုသို့သိရှိရခြင်းကြောင့် တပ်မတော်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်နှင့်...

အာသံနှင့် ကသည်း လက်နက်ကိုင်သောင်းကျန်းသူများ၏ စခန်းတစ်ခုကို တပ်မတော်သိမ်းပိုက်

ဖေဖော်ဝါရီ ၂၀ ပဉ္စမလှိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးတစ်ဝိုက်ရှိ NSCN(K)စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့် ကသည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့သည် NSCN(K) အဖွဲ့စခန်းတစ်ခု အား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၈ ရက်မှ ၁၉ ရက်အထိ အဆိုပါ နေရာ...

မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ ၁၉ ညိုမှိုင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က စတင်ကာ မြန်မာ့တပ်တော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ မြောက်ဦးမြို့နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နှင့်အစပ် ကျောက်ဆည်ပြင် နှင့် ရန်အောင်ပြင်ကျေးရွာအကြား အနီးတဝိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ “တိုက်ပွဲဖြစ်တယ်ဆိုတာဟုတ်ပါတယ်။ ကျောက်ဆည်ပြင်ကျေးရွာနဲ့ ရန်အောင်ပြင်ကျေးရွာအကြားမှာဖြစ်ပွားနေတာပါ။ ရန်အောင်ပြင်ကျေးရွာနားက...