သောကြာ၊ ဖေ‌ဖော်ဝါရီ ၂၈၊ ၂၀၂၀

မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေ ၃၄၈၁၇.၈၅၆ ဧက ကို တောင်သူများ လက်ဝယ်ပြန်ပေးပြီးဖြစ်ဟုဆို

မန္တလေး ။ဒီဇင်ဘာ ၁၃။၂၀၁၇။ မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေ ၃၄၈၁၇.၈၅၆ ဧက ကို တောင်သူများ လက်ဝယ်ပြန်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနဝန်ကြီး ဒေါက်တာစိုးသန်း က မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားခဲ့သည် ။ မြစ်သားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၏ သိမ်းဆည်းခံလယ်ယာမြေများ ဖြေရှင်းခြင်းဆိုင်ရာ မူဝါဒ...

ကျပ် သိန်း ၇၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မန္တလေး။ ဒီဇင်ဘာ ၁၃။ ၂၀၁၇။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မိုးကုတ် - မိုင်းလုံ ကားလမ်းပေါ်တွင် မူးယစ်သတင်းအရ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်စဉ် မောင်းလုံမှ...

လကမ္ဘာသို့ လူသားပါဝင်သော ခရီးစဉ်အတွက် စီစဉ်ရန် အမေရိကန်သမ္မတ ထရမ့် ညွှန်ကြားချက်တစ်ခု လက်မှတ်ရေးထိုး

ဝါရှင်တန် ဒီဇင်ဘာ ၁၃ ၁၉၇၂ ခုနှစ်မှစပြီး ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာသို့ အာကာ သယာဉ်မှူးပါဝင်သည့် အာကာသယာဉ်စေလွှတ်နိုင်ရေး စီစဉ်ရန် နာဆာအား ညွှန်ကြားမှုတစ်ခုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၁၂ ရက် အနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ ပုဂ္ဂလိကဏ္ဍနှင့်ပူးပေါင်းပြီး ကာလရှည်လေ့လာမှုနှင့် လ၏မျက်နှာပြင်ကို အသုံးပြုမှုတို့ကို အဓိကထားမည်ဖြစ်သည်။ လကမ္ဘာသို့ လူသားပါဝင်သော...

တိုက်ချင်းပစ်ဒုံးကျည်ထုတ်လုပ်ရေးတွင်ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များအား ကင်ဂျုံအန် ချီးကျူးဂုဏ်ပြု

ပြုံယမ်း ဒီဇင်ဘာ ၁၃ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည်ထုတ်လုပ်ရေးတွင်ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များနှင့် ဝန်ထမ်းများအား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒီဇင်ဘာ ၁၂ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း ရိုက်တာစ်သတင်းအရ သိရသည်။ မြောက်ကိုရီးယားသည် အဆင့်အမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်သည့် ဟွာဆောင် ၁၅ ကို နိုဝင်ဘာ ၂၉ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ယင်းဒုံးကျည်သည်...

အိန္ဒိယအစိုးရက ရုပ်သံ၌ ကွန်ဒုံးကြော်ငြာများ ပိတ်ပင်မှုကို နိုင်ငံသားများ မေးခွန်းထုတ်

ဒေလီ ဒီဇင်ဘာ ၁၃ အိန္ဒိယအစိုးရက နေ့ပိုင်း ရုပ်သံအစီအစဉ်များ၌ ကွန်ဒုံးကြော်ငြာများကို ပြသခြင်းမပြုရန် ပိတ်ပင်မှုကို နိုင်ငံသားများက မေးခွန်း ထုတ်နေကြပြီဖြစ်သည်။ ကွန်ဒုံးကြော်ငြာများကို ကလေးငယ်များ မကြည့်ရှုသင့်သောကြောင့် ၎င်းတို့အား ည ၁၀ နာရီမှ နံနက် ၆ နာရီကြားသာ ပြသရမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။...

ပြင်သစ်၌ စာသင်ခန်းအတွင်း ကလေးများအား မိုဘိုင်းဖုန်း အသုံးပြုခွင့်ပေးထားခြင်းကို ပိတ်ပင်မည်

ပါရီ ဒီဇင်ဘာ ၁၃ ၂၀၁၈ ခုနှစ် စက်တင်ဘာမှစပြီး စာသင်ခန်းအတွင်း ကလေးများအား မိုဘိုင်းဖုန်းအသုံးပြုခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ပြင်သစ်ပညာရေးဝန်ကြီးက ဒီဇင်ဘာ ၁၂ ရက်တွင်ပြောဆိုခဲ့သည်။ ကလေးငယ်များ စာသင်ခန်းအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို ပိတ်ပင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ယာန်းမီရှဲဘလန်ကာကပြောဆိုခဲ့သည်။ လက်ရှိတွင် ပိတ်ပင်ထားသော်လည်း ပြင်သစ်ရှိ ဒေသတချို့တွင် ကလေးငယ်များ...

အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၏ ပထမကြိမ်မြောက် အစည်းအဝေးကျင်းပ

  နေပြည်တော် ဒီဇင်ဘာလ ၁၃ ၂၀၁၇ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၏ ပထမကြိမ်မြောက် အစည်းအဝေးကို စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြုခဲ့သည်။ အစည်းအဝေးကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၁)...

ဧကကျယ်မြေကွက်များနှင့် ပလပ်မြေကွက် ၁၃၅ ကွက်ကို ဂရန်ဖျက်သိမ်း

  မန္တလေး ။ ဒီဇင်ဘာ ၁၂။ ၂၀၁၇ မန္တလေးမြို့အတွင်း အစိုးရအကူးအပြောင်းကာလတွင် ရယူထားသည့် အများပြည်သူနှင့် သက်ဆိုင်သော ဧကကျယ်မြေ ကွက်များနှင့် ပလပ်မြေ စုစုပေါင်း (၁၃၅) ကွက်ကို ဂရန်များပယ်ဖျက်ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပခဲ့သော...

ပန်ဆယ်လို အကောင့် ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

  ရန်ကုန်။ဒီဇင်ဘာ ၁၂။ ၂၀၁၇။ လူမှုကွန်ရက်စာမျက်နှာတွင် ရဟန်းတစ်ပါး အရိုက်ခံရမှုနှင့် ပတ်သတ်ပြီးဝေဖန်ရေးသားခဲ့သည့် ပန်ဆယ်လို အကောင့် ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ)ဖြင့် တာမွေမြို့မရဲစန်းတွင်အမှုဖွင့်ထားကြောင့် တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။ " ပန်ဆယ်လိုအကောင့်ကို ၆၆ ဃ နဲ့ အမှုဖွင့်ထားပါတယ် သူရဲ့လိပ်စာကိုတော့မသိသေးပါဘူး"ဟု ၄င်းကပြောသည်။ ပြီးခဲ့သည့် နှိုဝင်ဘာလတွင် ထောက်ကြန့်လမ်းဆုံရှိ...

ဘာသာရေးနှင့်လှုမှုရေးအဖွဲ့အစည်းခေါင်းဆောင် ၁၇၀ခန့် တက်ရောက်မည့် ပထမဆုံး Myanmar Interfaith Dialogue Forim 2017 ကျင်းပမည်

  ရန်ကုန် ။ ဒီဇင်ဘာ ၁၂ ။ ၂၀၁၇ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘာသာရေးနှင့် လူမှု အဖွဲ့အစည်းခေါင်းဆောင် ၁၇၀ခန့်တက်ရောက်မည့် နိုင်ငံလုံး ဆိုင်ရာMyanmar Interfaith Dialogue Forum 2017 ကို ဒီဇင်ဘာ ၁၃ရက်နေ့တွင် ရန်ကုန်မြို့ရှိ International Business center (IBC)...

အစိုးရ၏ စီးပွားရေးဆိုင်ရာမူဝါဒ မရှိခြင်းကြောင့် ကုမ္ပဏီများ အခက်များနှင့်ရင်ဆိုင်နေရ

  ရန်ကုန်။ ဒီဇင်ဘာ ၁၂။ ၂၀၁၇။ မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုသည် အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါများမရှိခြင်း အပါအဝင် အချက်လေးခုနှင့် ရင်ဆိုင်နေရကြောင်း ရိုလန်ဘာဂျာ စစ်တမ်းတစ်ခုက ဖော်ပြသည်။ အဆိုပါစစ်တမ်းတွင် ကျွမ်းကျင်လုပ်သားရှာပါးခြင်း အစိုးရ၏ စီးပွားရေးဆိုင်ရာမူဝါဒ မရှိခြင်း မမျှော်မှန်းနိုင်သည့် ဥပဒေ နည်းဥပဒေများ ချမှတ်လာ နိုင်ခြင်း မမျှော်လင့်သော...

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်

နေပြည်တော်။ ဒီဇင်ဘာ ၁၂။၂၀၁၇။ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်နေ့ဖွင့်လှစ် ရောင်းချလျှက်ရှိကြောင်း သိရရှိရသည်။ ပြပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြပွဲ၌ ကျောက်မျက်အတွဲပေါင်း ၁၉၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုကျင်းပပြုလုပ်သည့်...

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ယုံကြည်မှု ယမန်နှစ်ထက် သိသိသာသာကျဆင်း

  ရန်ကုန်။ဒီဇင်ဘာ ၁၂။ ၂၀၁၇။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ယုံကြည်မှုသည် ယမန်နှစ်က ၇၃ ရာခိုင်နှုန်းကျော်ရှိခဲ့ သော်လည်း ယခုနှစ်တွင် ၄၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းခဲ့ကြောင်း ရိုလန်ဘာဂျာ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါစစ်တမ်းကို ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရိုလန်ဘာဂျာအဖွဲ့တို့က ပူးပေါင်းလေ့လာထားခြင်းဖြစ်သည်။ စီးပွားရေးဆိုင်ရာ ယုံကြည်မှုသိသိသာသာ ကျဆင်းသော်လည်း...

ငွေကျပ် သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်ပွား

မန္တလေး။ဒီဇင်ဘာ ၁၂။ ၂၀၁၇။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၅ လမ်း ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလမ်းလျှောက်လာသူ နှစ်ဦးထံမှ ငွေကျပ်သိန်း (၈၀၀) ကျော် တန်ဖိုးရှိသည့် လက်ဝတ်လက်စား နှင့် ငွေများထည့်ထားသောအိတ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး...

မဟာမုနိ ဘုရားအရှေ့မုဒ်အနီး ဈေးဆိုင်ခန်းများမှ လမ်းပေါ် ထွက်နေသည့်အမိုးများကို ဖယ်ရှားရှင်းလင်း

မန္တလေး။ဒီဇင်ဘာ ၁၂။၂၀၁၇။ မန္တလေးမြို့၏ အထင်ကရဘုရားဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်ဘုရား အရှေ့မုဒ်အနီးတွင်ရှိသော ဈေးဆိုင်ခန်းများမှ လမ်းပေါ်ထွက်နေသည့် အမိုးအကာများကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖယ်ရှားခဲ့ပါသည်။ ယင်းဖယ်ရှားမှုကို မဟာမုနိရုပ်ရှင်တော်မြတ်ဘုရား ဂေါပက အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး ဖယ်ရှားပေးရန်အတွက် နှုတ်ဖြင့်လည်းကောင်း ၊ စာဖြင့်လည်းကောင်း စုစုပေါင်း (၇) ကြိမ်ခန့် အကြောင်းကြားထားပြီး...

လူမှုကွန်ရက်များ

253,255FansLike