တနင်္ဂနွေ၊ ဖေ‌ဖော်ဝါရီ ၂၃၊ ၂၀၂၀

အာဂျင်တီးနားသမ္မတဟောင်း ဖာနန်ဒက်ဇ်အား နိုင်ငံရေးအရ ဖုံးဖိမှုဖြင့် ဖမ်းဆီးရန် ကြိုးပမ်း

ဗြူနိုအေးရီးစ် ။ဒီဇင်ဘာ ၈။၂၀၁၇။ အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ဒီကစ်ခ်ျနာအား နိုင်ငံရေးအရဖုံးဖိမှုဖြင့်ဖမ်းဆီးလိုကြောင်းအာဂျင်တီးနားတရားသူကြီးတစ်ဦးက ပြောဆိုလိုက်ပြီဖြစ်သည်။ အာဂျင်တီးနားနိုင်ငံအား ၂၀၀၇ ခုနှစ် ဒီဇင်ဘာမှစပြီး သမ္မတအဖြစ် ရှစ်နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဖာနန်ဒက်ဇ်သည် မကြာသေးမီတွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး လွှတ်တော်အမတ်တစ်ဦး၏ စုံစမ်းစစ်ဆေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသည်။ ဖာနန်ဒက်ဇ်ကို ဖမ်းဆီးနိုင်ရန် အထက်လွှတ်တော်သည် ဖာနန်ဒက်ဇ်ခံစားနေရသော...

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် SSPPနှင့် TNLA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားတော့ခြင်းမရှိဟုဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၇။၂၀၁၇။ ရှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် ၊မိုင်းရင်းကျေးရွာအနီးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အဖွဲ့ဝင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSAနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြားဒီဇင်ဘာ ၅ရက်နေ့မှစတင် ဖြစ်ပွားနေသည့် တိုက်ပွဲရပ်တန့်ခဲ့ပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာ့ဖုန်းကျော်ကပြောသည်။ "ကျွန်တော်တို့နဲ့SSPPကမဟာမိတ်တွေပါတိုက်ပွဲဖြစ်တာကကြီးကြီးမားမားမဟုတ်ပါဘူး။ နှစ်ဖက်ခေါင်းဆောင်တွေညှိ နှိုင်းပြီးပြေလည်သွားပါပြီ။ တိုက်ပွဲတွေမရှိတော့ပါဘူး"ဟုတာ့ဖုန်းကျော် ကဒီဇင်ဘာ ၇ရက်နေ့...

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ မန္တလေး မြို့ဝင်ဂိတ်များကို ပုဂ္ဂလိကသို့ ချထားပေးတော့မည်မဟုတ်

မန္တလေး။ ဒီဇင်ဘာ ၇ ။ ၂၀၁၇။ မန္တလေးမြို့ဝင် ဂိတ်များကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ချထားပေးတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန်က ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် ဒုတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့) မှာ...

အိန္ဒိယနိုင်ငံဘက်ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်များ ပြန်လာနိုင်ရန် လျှောက်လွှာ ပုံစံ ၆၀၀ ရွက် ပေးပို့ထား

နေပြည်တော် ။ဒီဇင်ဘာ ၇။ ၂၀၁၇။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ပြန်လာချင်သူများအတွက် အိန္ဒိယ အစိုးရထံသို့ လျှောက်လွှာ ပုံစံ ၆၀၀ ရွက်အား ပေးပို့ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ “ပြန်လည်လက်ခံတဲ့ နေရာမှာ ပိုပြီးတော့ လွယ်ကူအောင် ဒီဘက်ကနေ ပြန်လာချင်သူတွေအတွက်ကို...

သတ်မှတ်လစာအပြည့်မရရှိခြင်းအတွက် Maishaစက်ရုံကို အထည်ချုပ်ဝန်ထမ်းများက အလုပ်သမားရေးရာဝန်ကြီးဌာနသို့တိုင်ကြားမည်

ရန်ကုန်။ ဒီဇင်ဘာ ၇။ ၂၀၁၇။ အလုပ်ခန့်ထားစဉ်က ညှိနှိုင်းထားသည့်လုပ်ခလစာအပြည့်အ၀ပေးခြင်းမရှိသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်ရှိ Maisha အထည်ချုပ်စက်ရုံကို ယင်းအထည်ချုပ်စက်ရုံဝန်ထမ်း၁၀၀ကျော်က အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်ရုံးချုပ်ထံယနေ့တိုင်ကြားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မတင်ဇာလင်းကပြောသည်။ အလုပ်ခန့်ထားစဉ်က စက်ချုပ်ကျွမ်းကျင်တစ်ဦးလျင်အရည်အချင်းစစ်ဆေး၍ အနိမ့်ဆုံးလစာ ၁၈၀၀၀၀ကျပ်မှ အမြင့်ဆုံး၃၀၀၀၀၀ကျပ်အထိပေးမည်ဟု ညှိနှိုင်းခဲ့သော်လည်း လစာပေးချေသည့်အချိန်တွင်အနိမ့်ဆုံးလစာအောက် သာပေးချေသည့်ခဲ့ပြီး စက်ရုံနှင့်ညှိနှိုင်းခဲ့သော်လည်းအဆင်မပြေခဲ့ကြောင်းသိရသည်။ " အလုပ်ခန့်တုန်းက အဆင့်ဆင့်စစ်ဆေးပြီး...

ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြား ကျပ်သိန်း ၃၈၀ ကျော်ဖိုးဖမ်းဆီးရမိ

မန္တလး ။ ဒီဇင်ဘာ ၇။ ၂၀၁၇။ မန္တလေးမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က ဘိန်းဖြူ နှင့် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၃၈၀ ကျော်ဖိုးနှင့်အတူ တရားခံ(၄) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။ သတင်းအရ သက်ဆိုင်ရာ...

ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတထရမ့် အသိအမှတ်ပြု

ဝါရှင်တန် ဒီဇင်ဘာ ၇ ဂျေရုဆလင်အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ်သတ်မှတ်ရန် အချိန်ပင်နောက်ကျနေပြီဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ အစ္စရေးနှင့်ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ဆုံးအဆင့်မှသာ ဂျေရုဆလင်မြို့၏အဆင့်အတန်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ယခင်က သဘောတူညီခဲ့သည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့က သဘောတူညီပါက အစ္စရေးနှင့်...

၂၀၁၈ ခုနှစ် မတ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပူတင်ပြောဆို

မော်စကို ဒီဇင်ဘာ ၇ လာမည့်နှစ် မတ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။ နီရှ်နီနိုဂိုရော့ဒ်မြို့ရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံရှိ အလုပ် သမားများကို မိန့်ခွန်းပြောဆိုရင်း ပူတင်က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပူတင်သည် သမ္မတသို့မဟုတ် ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ ခုနှစ်ကတည်းက...

ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်နေပြီဟု မြောက်ကိုရီးယားပြောဆို

ပြုံယမ်း ဒီဇင်ဘာ ၇ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်း၊ အမေရိကန်က မြောက်ကိုရီးယားအား ကြိုတင်လက်ဦးမှုရယူကာ တိုက်ခိုက်မည်ဟု ကြွေးကြော်နေခြင်းတို့ကြောင့် ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အမေရိကန်အစိုးရအရာရှိများ၏စစ်လိုလားမှုကြောင့် ကိုရီးယားကျွန်းဆွယ်၌ စစ်ဖြစ်ရန် နီးစပ်နေပြီဖြစ်ကြောင်း ၊စစ်ကိုမလိုလားသော်လည်း...

ကွန်ဂိုနိုင်ငံရှိ ပဋိပက္ခများကြောင့် ၂၀၁၇ ခုနှစ်အတွင်း နေအိမ် စွန့်ခွာ ထွက်ပြေးသူ ၁ ဒသမ ၇ သန်းရှိနေပြီဖြစ်။

ပုံစာ။ ကွန်ဂိုရှိ စစ်ဘေးရှောင်ဒုက္ခသည်များ။ ကာဆိုင်း ဒီဇင်ဘာ ၇ ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ယခုနှစ်အတွင်း နေအိမ်များကိုစွန့်ခွာထွက်ပြေးသူ ၁ ဒသမ ၇ သန်းရှိနေကြောင်း ပရဟိတအဖွဲ့များကပြောဆိုခဲ့သည်။ ကွန်ဂိုသည် ကမ္ဘာပေါ်တွင် ပဋိပက္ခကြောင့် နေအိမ် စွန့်ခွာထွက်ပြေးသူ အများဆုံးနှင့် အခြေအနေအဆိုးရွားဆုံးနိုင်ငံဖြစ်နေသည်မှာ နှစ်နှစ် ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ပရဟိတအဖွဲ့များကပြောဆိုခဲ့သည်။ ကွန်ဂို၌ ပြည်သူ့စစ်အဖွဲ့မျိုးစုံသည်...

မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၂၅ % အထိ ကျဆင်းလာခဲ့ကြောင်း UNODC ထုတ်ပြန် 

နေပြည်တော်။ဒီဇင်ဘာ ၆။၂၀၁၇။ မြန်မာနိုင်ငံအတွင်း၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို UNODC က စစ်တမ်းများ ကောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် စိုက်ပျိုးမှု ၂၅ % အထိ ကျဆင်းလာခဲ့ကြောင်း စစ်တမ်းဖော်ပြချက်နှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။ “ ဒီအစီရင်ခံစာအရ ဘာတွေ့လဲဆိုရင် ဒီနှစ်မှာ ဘိန်းစိုက်ပျိုးမှု...

ကျူးများကို စီမံချက်များ စနစ်တကျ ရေးဆွဲ၍ ဖယ်ရှားရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်း

မန္တလေး။ ဒီဇင်ဘာ ၆။၂၀၁၇။ မန္တလေးမြို့အတွင်း အများသူငှာပိုင်ဆိုင်သော မြေကွက်လပ်များ ၊ လမ်းမြေ ၊ တာဝါတိုင်အောက် ၊ ရေဆိုးပြစ်မြောင်းဘေး နှင့် သံလမ်းဘေးတို့တွင် ကျူးကျော်နေထိုင်တဲ့သူများကို မြို့ပြအင်္ဂါရပ်နဲ့ ညီညွှတ်စေရန် စီမံချက်များ စနစ်တကျ ရေးဆွဲ၍ ဖယ်ရှားရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ ဒီဇင်ဘာလ...

လင်းမြွေ အကောင် ၈၀၀ ကျော် ဖမ်းဆီးရမိ

မန္တလေး။ ဒီဇင်ဘာ ၆၊ ၂၀၁၇ မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအနီးရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်​ဘာလ ၅ ရက်နေ့က လင်းမြွေအကောင် (၈၀၀) ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရသည် ။ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် အဖွဲ့စုံက စစ်ဆေးမှုများပြုလုပ်နေစဉ် မန္တလေးမှ...

ပြည်တွင်းရှိပိုလျှံ ပဲများကို ငွေကျပ် ၁၅ ဘီလီယံ သုံးစွဲပြီး ပဲစိုက်တောင်သူများထံမှ ဝယ်ယူသိုလှောင်သွားမည်

နေပြည်တော်။ ဒီဇင်ဘာ ၆။ ၂၀၁၇။ ပြည်တွင်းရှိပိုလျှံပဲများကို ငွေကျပ် ၁၅ ဘီလီယံ သုံးစွဲပြီး ပဲစိုက်တောင်သူများထံမှ ဝယ်ယူသိုလှောင် သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။ '' တောင်သူတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်ပေါက်ဈေးက နိမ့်ကျမယ်ဆိုလို့ ဆိုလို့ ရှိရင် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကော်မတီရဲ့...

၂၀၁၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ရုရှား ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုကြောင်း အိုင်အိုစီ ဆုံးဖြတ်

ဆိုးလ် ဒီဇင်ဘာ ၆ တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့၌ လာမည့်နှစ်တွင်ကျင်းပမည့် ဆောင်း ရာသီ အိုလံပစ်အားကစားပြိုင်ပွဲများတွင် ရုရှားအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ( အိုင်အိုစီ) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ တားမြစ်ဆေးသုံးစွဲခြင်းမရှိကြောင်း သက်သေပြနိုင်သည့် ရုရှား အားကစား သမားများသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း အိုင်အိုစီကပြောဆို ခဲ့သည်။ ရုရှားနိုင်ငံ...

လူမှုကွန်ရက်များ

253,236FansLike