အင်္ဂါ၊ မတ် ၃၁၊ ၂၀၂၀

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးစနစ်တခုပေါ်ပေါက်လာစေရန်ဆောင်ရွက်လျှက်ရှိ

ဒီဇင်ဘာ ၃။ ၂၀၁၇ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention –ECI) စနစ်တခုပေါ်ပေါက်လာစေရန်ဆောင်ရွက်လျှက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောသည်။ “ မသန်စွမ်းမှုဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခြင်းတို့ကိုခံစားနိုင်ခြေရှိသော မွေးကင်းစမှ အသက် ၅နှစ်အထိရှိတဲ့ ကလေးသူငယ်တွေရဲ့မိသားစုများအတွက် ၀န်ဆောင်မှုများပေးမည့် ပညာနယ်ပယ်မျိုးစုံ...

မန္တလေးမြို့အနီး ဆင်စခန်းတစ်ခု ထားရှိသွားမည်

ဒီဇင်ဘာ ၃။ ၂၀၁၇။ မန္တလေးမြို့ ရဲရွာရေအားလျှပ်စစ်စက်ရုံသို့ သွားသောကားလမ်းဘေးရှိ မကျည်းအင်းကျေးရွာ ဝှက်ကားရေတံခွန်အနီးတွင် ဆင်စခန်းတစ်ခုထားရှိသွားမည်ဖြစ်ကြောင်း သိရသည် ။ ဆင်စခန်းကို အများပြည်သူလေ့လာနိုင်ရန် ထားရှိသွားမည်ဟု သိရပြီး ဆင်စခန်းတည်ဆောက်ရေးအတွက် မြေနေရာပြုပြင်ခြင်းများကို လုပ်ဆောင်ကာ ယခုနှစ်ကုန်ပိုင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သည် ။ "အများပြည်သူလေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်တယ် ။ ဝင်ကြေးတော့ပေးရမယ် ။...

တိုင်းပြည်အတွက် အသက်စွန့်ခဲ့သည့် စစ်သည်တော်များအား ဂုဏ်ပြုပွဲကျင်းပ

ဒီဇင်ဘာ ၃၊ ၂၀၁၇။ ရန်​ကုန်​ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသော စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်​အနီးရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ဒီဇင်ဘာ ၃ ရက်နေ့၊ နံနက် ၉ နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ယင်းအခမ်းအနားကို အငြိမ်းစားစစ်မှုထမ်းဟောင်းများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီအချို့၊ စစ်မှုထမ်းဟောင်းများ၊ တပ်မတော်ကို ချစ်မြတ်နိုးသူများက တက်ရောက်...

လယ်တီဘုန်းကြီးကျောင်းဝင်းအတွင်း ဓာတ်လှေကား ပိတ်မိမှု ဖြစ်ပွား

ဒီဇင်ဘာ ၃။ ၂၀၁၇။ ဒီဇင်ဘာလ ၃ ရက် (ယနေ့)နံနက်ပိုင်း ၈ နာရီ ၅ မိနစ် အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ ကျိုက္ကဆံဘုရားလမ်းရှိ လယ်တီဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဓာန်လှေကား ပိတ်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဃန်းကျွန်း မီးသတ်​စခန်းမှ မီးငြိမ်းသတ်​ယာဉ်​(၁)စီး၊ တာ​မွေမြို့နယ်​ မီးသတ်​စခန်းမှ...

မန္တလေးမြို့ စက်မှုဇုန်ရှိ စက်ရုံအလုပ်သမားများသည် တစ်ရက်လုပ်ခ ၅၆၀၀ ကျပ်အထက် ရရှိရေးအတွက် ဆန္ဒပြတောင်းဆို

ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ စက်မှုဇုန်ရှိ စက်ရုံအလုပ်သမားများသည် တစ်ရက်လုပ်ခ ၅၆၀၀ ကျပ်အထက် ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေမှုကို သတင်းဓာတ်ပုံအဖြစ် တင်ပြလိုက်ပါသည်။

ဘင်္ဂါလီများကို ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း သေချာစွာစိစစ်၍ လက်ခံရန် တပ်ချုပ်ပြော

ဒီဇင်ဘာ ၂ ။ ၂၀၁၇။ တစ်ဘက်နိုင်ငံသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း သေချာစွာစိစစ်၍ လက်ခံရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါပြီး ယနေ့ နေ့လယ်ပိုင်းတွင်...

အမေရိကန်အထက်လွှတ်တော် အခွန်လျှော့ချကောက်ခံမည့် ဥပဒေကြမ်းကို အတည်ပြု

ဝါရှင်တန် ဒီဇင်ဘာ ၂ အမေရိကန်အထက်လွှတ်တော်သည် အကြိမ်ကြိမ်စေ့စပ်ညှိနှိုင်းပြီးနောက် အခွန်များစွာလျှော့ချကောက်ခံမည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်သည်။ စိတ်မပြတ်သားခဲ့သည့် ရီပတ်ဘလီကန်များက ယခုအကြိမ်တွင် ထောက်ခံမဲပေးခဲ့သောကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရီပတ်ဘလီကန်ပါတီအကြီးအကဲများကပြောဆိုခဲ့သည်။ ဥပဒေကြမ်းကြောင့် အသုံးစရိတ်လိုငွေပြမှု ဒေါ်လာ ၁ ထရီလီယံရှိလာနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ယခုဥပဒေကြမ်းသည် ၁၉၈၀ ခုနှစ်များမှစပြီး အခွန်အများဆုံးလျှော့ချကောက်ခံမည့် ဥပဒေကြမ်းလည်းဖြစ်သည်။ ယခုနှစ်အကုန်ပိုင်းတွင်...

လူမှုမီဒီယာများ၌ မရေးသားမီတွင် ဦးစွာစဉ်းစားသင့်ဟု သမ္မတဟောင်း ဘားရက်အိုဘားမား သတိပေး

နယူးဒေလီ ဒီဇင်ဘာ ၂ ခေါင်းဆောင်များအနေဖြင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် ဝှက်စ်အပ်ကဲ့သို့ လူမှုမီဒီယာများ၌ ပို့စ်မလုပ်မီတွင် စဉ်းစားသင့်ကြောင်း အမေရိကန်သမ္မတဟောင်းဘားရက်အိုဘားမားက နယူးဒေလီ၌ ပြုလုပ်သော တွေ့ဆုံပွဲတစ်ခု၌ ဒီဇင်ဘာ ၁ ရက်တွင်ပြောဆိုခဲ့သည်။ လူမှုမီဒီယာများကြောင့် ရှုပ်ထွေးသိမ်မွေ့သည် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အလျင်စလိုမှတ်ချက်ချမှုများရှိလာသောကြောင့် အိုဘားမားက ယခုလိုသတိပေးလိုက်ခြင်းဖြစ်သည်။ လူမှုမီဒီယာများ၏စွမ်းအားနှင့် ကန့်သတ်ချက်တို့ကိုနားလည်ထားရန် လိုအပ်ကြောင်း...

အိမ်ဖြူတော်၌ ကြွက်နှင့် ပိုးဟပ်များသောင်းကျန်းနေဟု ဆို

ဝါရှင်တန် ဒီဇင်ဘာ ၂ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရုံးစိုက်သည့် အိမ်ဖြူတော်၌ ကြွက်များ၊ ပိုးဟပ်များသောင်းကျန်းနေပြီး အိမ်သာကမုတ်များ ပျက်စီးနေကြောင်း အိမ်ဖြူတော်ဝန်ထမ်းများက ပြုပြင်ထိန်းသိမ်းရေးတာဝန်ရှိသူများကို ပြောဆိုမှုများရှိနေသည်။ ထရမ့်အစိုးရလက်ထက်တွင်သာမက ဘားရက်အိုဘားမား သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း ပြုစုခဲ့သည့် အိမ်ဖြူတော်တွင်း ပြုပြင်ထိန်းသိမ်းရေးအလုပ်အစီအစဉ်စာရင်းကို အင်န်ဘီစီသတင်းဌာနက ရရှိခဲ့ခြင်းဖြစ်သည်။ အိမ်ဖြူတော်ရှိ စားသောက်ခန်းနှင့် အစည်းအဝေးခန်းတို့၌ ကြွက်များကို မကြာခဏမြင်တွေ့ခဲ့ရကြောင်း...

အိန္ဒိယ၌ ၁၅ မိနစ်တိုင်း ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံနေရ

နယူးဒေလီ ဒီဇင်ဘာ ၂ အိန္ဒိယနိုင်ငံ၌ ၁၅ မိနစ်တိုင်း ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံနေရကြောင်း အစိုးရ၏စာရင်းအင်းများအရ သိရသည်။ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ မြင့်တက်လာနေကြောင်း အမျိုးသားရာဇဝတ်မှုမှတ်တမ်းဗြူရို၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ မကြာသေးမီလများအတွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရပြီးနောက် ကိုယ်ဝန်ရှိကာ ကလေးမွေးခဲ့သည့် သတင်းထွက်ပေါ်ခဲ့ပြီးနောက် အိန္ဒိယ၌...

Myanmar Bike Week ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပခဲ့

မြန်မာတစ်နိုင်ငံလုံးရှိ ဆိုင်ကယ်ချစ်သူများ ၏ Myanmar Bike Week ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ကျင်းပခဲ့ပါသည်။

အမျိုးသားကဇာတ်ရုံ(မန္တလေး)ကို ပုဂ္ဂလိကသို့ငှားရမ်းသွားမည်

ဒီဇင်ဘာ ၂ ။ ၂၀၁၇။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ကျုံးဘေးရှိအမျိုးသားကဇာတ်ရုံ (မန္တလေး) ကို ပုဂ္ဂလိကသို့ ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည် ။ ယင်းအမျိုးသားကဇာတ်ရုံသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန လက်အောက်တွင် တည်ရှိပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းငှားရမ်းရန်အတွက် တင်ဒါခေါ်ထားခြင်းဖြစ်သည် ။ "ငှားရမ်းဖို့ တင်ဒါခေါ်တာကို...

မန္တလေး မီးလောင်မှု နေအိမ် (၄) လုံး ပျက်စီး

ဒီဇင်ဘာ ၂ ။ ၂၀၁၇ ။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား (ဆ) ရပ်ကွက်တွင် နေ့လည် ၁၁ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် (၄) လုံးမီးလောင်ပျက်စီးခဲ့ပါသည် ။ မီးလောင်မှုကြောင့် RC တိုက် (၁) လုံး...

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား

ဒီဇင်ဘာ ၂ ။ ၂၀၁၇ ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂ ရက် (ယနေ့) နံနက် ၈ နာရီမိနစ် ၂၀ အချိန်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁/၅ နှင့် ၂၁/၆ ကြား၌ နေပြည်တော်မှ ရန်ကုန်သို့...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲကျင်းပ

ပေကျင်း၊ ဒီဇင်ဘာ ၁ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အလုပ်သဘောချစ်ကြည်ရေးခရီးရောက် ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံ တော်ချိန် ၁၁ နာရီ မိနစ် ၂၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး...

လူမှုကွန်ရက်များ

253,415FansLike