အင်္ဂါ၊ မတ် ၃၁၊ ၂၀၂၀

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်း

နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်း များကို မြန်မာနိုင်ငံလေဆိပ်များသို့ ဆင်းသက်ခွင့်အား နှစ်ပတ်ကြာ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က သတင်းထုတ်ပြန်သည်။ ကူးစက်မြန် COVID-19 ရောဂါပြန့်ပွားမှု ကာကွယ်ရေး ကြိုတင် စီမံချက်အနေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို...

ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်ကို ဖြတ်သန်းဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမားများထဲမှ တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကပ်ရောဂါကြီး ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယခုချိန်တွင် နယ်စပ်ကိုဖြတ်ပြီးပြန်လာသည့် မြန်မာလုပ်သား ၂၃,၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး နေရပ်အသီးသီးကို ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် ထိုသူများတွင် COVIC-19 ကူးစက်ခံထားရသူများပါဝင်လာနိုင်ကြောင်းနှင့် အဆိုပါအခြေအနေကိုသတိပြုကြရန်နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက...

စိုးရိမ်လွန်ကဲပြီး ဆေးဝါးများဝယ်ယူစုဆောင်းမှုကြောင့် ဆေးပစ္စည်းများ ဈေးတက်

ဆေးပစ္စည်းများ အဓိကတင်သွင်းသည့် နိုင်ငံနှစ်ခု ပိတ်လိုက်ခြင်းနှင့် ပြည်သူလူထုမှ စိုးရိမ်လွန်ကဲပြီး ဆေးဝါးများဝယ်ယူ စုဆောင်းမှုကြောင့် ပြည်တွင်း၌ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဈေးအနည်းငယ် တက်လာကြောင်း မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများ အသင်းမှမတ် ၂၆ရက်တွင် သိရသည်။ ပြည်တွင်းဆေးပစ္စည်းနှင့် ဆေးဝါးဈေးကွက် ဈေးတက်ခြင်းသည် ပြည်သူများ စိုးရိမ်လွန်ကဲပြီး ဝယ်ယူစုဆောင်းမှု...

ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်

ဘုရားဖူးသူ အများအပြားလာရောက်လေ့ရှိသည့် တန်ခိုးကြီးစေတီတော်များဖြစ်သော ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်သတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့များမှ မတ် ၂၆ရက်တွင် သိရသည်။ COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းကဲ့သို့ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ဘုရားဖူးချိန်ကို ဘုရားဖူးချိန် ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ...

We Love Yangonက စားသောက်ကုန်များကို မူရင်းဈေးဖြင့် အိမ်တိုင်ရာရောက်ရောင်းချ

COVID19ကူးစက်မြန်ရောဂါကြောင့်အပြင်သွားလာရမည်ကိုစိုးရိမ်သူများအတွက် We Love Yangon ကအခြေခံစားသောက်ကုန်များကို မူရင်းဈေးအတိုင်း အိမ်အရောက်ပို့ဝန်ဆောင်မှု့ပေးကာ‌စတင်ရောင်းချပေးနေပြီဟု အဆိုပါအသင်းတာဝန်ရှိသူများထံမှ မတ် ၂၆ရက်တွင် သိရသည်။ COVID19ကြောင့် အခြေခံစားသောက်ကုန်များအလုအယက်ဝယ်ယူမှုများရှိနေသည့်အပြင် နေအိမ်မှအပြင်ထွက်ရန်စိုးရိမ်သူများအတွက် We Love Yangon ကရန်ကုန်ကိုချစ်မြတ်နိုးသူများ လုပ်ငန်းရှင်များ ပရဟိတအသင်းများစွာဖြင့် ပူးပေါင်းကာ အိမ်အရောက်ပို့ရောင်းချပေးခြင်းဖြစ်သည်ဟုဆိုသည်။ "ကျွန်တော်တို့ရောင်းချပေးတဲ့ဟာက မိသားစုငါးယောက်စာအတွက် ၂ပတ်စာလောက် လုံလောက်ပါတယ်"ဟုWe...

YBS လမ်းကြောင်း ငါးခုကို တစ်လကျော် အချိန်ပိုင်း ပြေးဆွဲမည်

Omni Focus General Services Public ကုမ္ပဏီမှ ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ပြေးဆွဲ ပေးနေသည့် YBS လမ်းကြောင်း ငါးခုကိုတစ်လကျော် အချိန်ပိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ခရီးသွားပြည်သူများ သွားလာရာ၌ ပိုမို အဆင်ပြေစေရန်...

COVID -19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီသို့ ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက်စရိတ်များ လှူဒါန်း

COVID -19 ကာကွယ်ထိန်းချုပ်ရေးဗဟိုအမျိုးသားအဆင့်ဗဟို ကော်မတီ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့ မှ ကိုယ်စားလှယ်များ၏ တစ်ရက်တာ နေ့တွက် စရိတ် လှူဒါန်းလိုက်ပြီဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က မတ် ၁၉ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။ “ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၉ ဦးရဲ့ နေ့တွက်စရိတ်...

မန္တလေး – မြစ်ကြီးနား ခရီးစဉ်ကို အဲကွန်းပါလေအိတ်ရထားဖြင့် မကြာခင်ပြေးဆွဲမည်

ရထားအမှတ် (၃၁) အဆန် နဲ့ (၃၂) အစုန် မန္တလေး - မြစ်ကြီးနား ခရီးစဉ်ကို ပထမဆုံး အဲကွန်းပါ လေအိတ်ရထားကို မတ်လ ၂၁ ရက်တွင်စတင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မန္တလေးဘူတာကြီးမှ မတ် ၁၆ရက်တွင် သိရသည်။ အဆိုပါအဲကွန်းပါ လေအိတ်ရထားများကို တောင်ကိုရီးယားနိုင်ငံ က...

မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီ၌ သောက်သုံးရေပြတ်နိုင်သည့် ကျေးရွာ ၅၁ ရွာရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီ၌ သောက်သုံးရေပြတ်လက်နိုင်သည့် ကျေးရွာ ၅၁ ရွာရှိကာ ရေဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းက သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီ သောက်သုံးရေပြတ်နိုင်သည့် မြို့နယ် (၁၃) မှ ရွာပေါင်း (၅၁) ရွာတွင် စုစုပေါင်း အိမ်ခြေ ၇၆၄၀ ၊...

YBS 101 ယာဉ်လိုင်းသစ်ဖြင့် တက္ကသိုလ် လေးခုကို ယခုလ ၂၇ ရက်တွင် စတင်ပြေးဆွဲမည်

  ယာဉ်လိုင်း နံပါတ်သစ် ၁၀၁ ဖြင့် တက္ကသိုလ်လေးခု ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် စတင် ချိတ်ဆက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။ Omni Focus ၏ ယာဉ်လိုင်းသစ်ဖြစ်သော YBS-101 သည် တက္ကသိုလ် လေးခု...

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် ဒုတိယ ခေါက်ကို မတ်လတွင် ပြေးဆွဲမည်

ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ် ဒုတိယ ခေါက်ကို မတ်လ လေးရက်တွင် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ ဖေဖော်ဝါရီ ၁၉ရက်က သိရသည်။ အဆိုပါ ဒေသခံပြည်သူများနှင့် ရန်ကုန်မှ ကိုကိုးကျွန်းဒေသသို့ သွားရောက် အလုပ်လုပ် ကိုင်နေကြသည့် ဌာနဆိုင်ရာ အသီးသီးက...

ယာဉ်လိုင်း နံပါတ် ၁၀၁ ဖြင့် တက္ကသိုလ် လေးခုကို ယခုလအတွင်း ချိတ်ဆက်ပြေးဆွဲမည်

ယာဉ်လိုင်း နံပါတ်သစ် ၁၀၁ ဖြင့် တက္ကသိုလ် လေးခု ကို ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) ပုံမှန် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ တက္ကသိုလ် လေးခုဖြစ်သည့်...

လွိုင်ကော်လေယာဉ်ကွင်းကို ဖေဖော်ဝါရီ တတိယပတ်အတွင်း သုံးရက်ကြာ ပိတ်ထားမည်

လေယာဉ်ပြေးလမ်းပြုပြင်မှုလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ကယားပြည်နယ်ရှိ၊ လွိုင်ကော်လေယာဉ်ကွင်းကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ၂၃ ရက်အထိ သုံးရက်ကြာခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လွိုင်ကော်လေယာဉ် ကွင်းမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ရရက်တွင် ပြောကြားခဲ့သည်။ “လေယာဉ်ပြေးလမ်းအသစ်နဲ့ အဟောင်းကြားမှာ (Slope) လျှောစောက်ပုံစံဖြစ်နေလို့ အဲ့တာလေးကို ဆောင် ရွက်မှာပါ၊ လေယာဉ်ပြေးလမ်းတစ်ခုလုံးကို ဆောင်ရွက်မှာမဟုတ်ပါဘူး။...

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ကာလတို ပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီး ခရိုင် မြို့နယ်များအလိုက် ရပ်ကွက် အချို့တို့တွင် လျှပ်စစ်ဓာတ်အား ကာလတို ပြတ် တောက်ဖြစ် ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သက်ဆိုင်ရာ ခရိုင် မြို့နယ်များအလိုက် ရပ်ကွက် အချို့တို့တွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformerများ ထိန်းသိမ်း...

တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ ၌ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးဆောင်ရွက်ထား

မန္တလေးမြို့တွင် ကျင်းပသည့် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ ၌ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးဆောင်ရွက်ထားရှိကြောင်း ဖေဖော်ဝါရီ ၁၀ရက်က အဆိုပါ ပွဲကျင်းပရေးကော်မတီမှ သိရသည် ။ ယင်းပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ပြီး...

လူမှုကွန်ရက်များ

253,415FansLike