ဗုဒ္ဓဟူး၊ ဩဂုတ် ၂၁၊ ၂၀၁၉

တရုတ်နဲ့ဆွေးနွေးမှုရလဒ်ကောင်းရတယ်လို့ ထရမ့်ပြော၊ စည်းကြပ်ခွန်တန်ပြန်တိုးကောက်မယ်လို့ တရုတ်ကတိပြု

သြဂုတ် ၁၆ နိုင်ငံတကာသတင်း အမေရိကန်နဲ့တရုတ်ညှိနှိုင်းရေးမှူးတွေက ရလဒ်ကောင်းထွက်တဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေလုပ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှာ အမေရိကန်က တရုတ်သွင်းကုန်ဒေါ်လာ ၁၂၅ ဘီလီယံဖိုးလောက်ကို စည်းကြပ်ခွန်တိုးကောက်ဖို့ရှိနေပေမဲ့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကြာသပတေးနေ့မှာပြောပါတယ်။ “ကျွန်တော်နားလည်ထားတာတော့ စက်တင်ဘာမှာ အစည်းအဝေးဖြစ်မယ်။ ဒါပေမဲ့ စက်တင်ဘာထက်ပိုအရေးကြီးတာကတော့ ဖုန်းနဲ့တဆင့်ဆွေးနွေးတာမှာ ရလဒ်ကောင်းတာတွေထွက်လာတယ်ဆိုတာပဲ။” လို့ ထရမ့်ကပြောပါတယ်။ အရုပ်တွေ၊ ဆဲလ်ဖုန်းတွေ၊ လက်ပ်တော့တွေနဲ့...

တောင်ကိုရီးယားက ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းတာကို မြောက်ကိုရီယားပယ်ချ

သြဂုတ် ၁၆ နိုင်ငံတကာသတင်း တောင်ကိုရီးယားနဲ့နောက်ထပ်ဆွေးနွေးမှုတွေလုပ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားလုပ်ထားတဲ့အမှားတွေကြောင့် အခုလိုဆုံးဖြတ်တာလို့လည်း ပြောပါတယ်။ ကြာသပတေးနေ့က တောင်ကိုရီးယားသမ္မတမွန်းဂျဲအင်ရဲ့မိန့်ခွန်းကိုတုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားတာပါ။ ဒီနေ့သောကြာနေ့မနက်ပိုင်းမှာလည်း မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်းကနေ ပင်လယ်ထဲကို ဒုံးကျည်နှစ်စင်းစမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ အခုဒုံးကျည်စမ်းသပ်မှုက ပြီးခဲ့တဲ့တစ်လအတွင်း ၆ ကြိမ်မြောက်စမ်းသပ်မှုပါ။ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာလည်း မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပါတယ်။ ဇွန်လထဲ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်တို့ နျူကလီးယားဖျက်သိမ်းရေးညှိနှိုင်းဆွေးနွေးမှုတွေပြန်စဖို့ သဘောတူခဲ့ကြပြီးတဲ့နောက်...

လေဆိပ်အာဏာပိုင်တွေက ဆန္ဒပြခွင့်ကန့်သတ်လိုက်ပြီးနောက် ဟောင်ကောင်လေဆိပ်မှာ လေကြောင်းခရီးစဉ်တွေပြန်စ

ဇူလိုင် ၁၄ နိုင်ငံတကာသတင်း အင်္ဂါနေ့ညပိုင်းက ဆန္ဒပြသူတွေနဲ့အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ ဟောင်ကောင်လေဆိပ်မှာ လုပ်ငန်းလည်ပတ်မှုတွေပြန်ရှိနေပါပြီ။ လေဆိပ်အဆောက်အအုံတွေထဲ ဆန္ဒပြသူတွေဝင်ရောက်ခဲ့လို့ အင်္ဂါနေ့မှာတော့ လေကြောင်းခရီးစဉ်ရာချီကို ဖျက်သိမ်းခဲ့ပါတယ်။ တချို့ခရီးစဉ်တွေဖျက်သိမ်း၊ ရွှေ့ဆိုင်းတာတွေရှိနေသေးပေမဲ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ စီစဉ်ထားတဲ့အတိုင်းလေကြောင်းခရီးစဉ်တွေပြန်ပြေးဆွဲနေပါပြီ။ ရက်တော်တော်ကြာကြာအနှောင့်အယှက်တွေတွေ့ခဲ့ပြီးနောက် ဆန္ဒပြသူတွေ တချို့နေရာတွေကိုဝင်မှာကိုပိတ်ပင်ထားတဲ့ယာယီအမိန့်ရထားပြီလို့ ဟောင်ကောင်လေဆိပ်အာဏာပိုင်အဖွဲ့ပြောပါတယ်။ လေဆိပ်အာဏာပိုင်တွေက သတ်မှတ်ပေးတဲ့နေရာတွေထက် လေဆိပ်ထဲကကျန်တဲ့နေရာတွေမှာ ဆန္ဒထုတ်ဖော်တာနဲ့ ဆန္ဒပြတာတွေကို တားမြစ်ထားတယ်လို့ လေဆိပ်အာဏာပိုင်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ...

တရုတ်သွင်းကုန်တချို့ကို အမေရိကန်စည်းကြပ်ခွန်ရွှေ့ဆိုင်း၊ ကျန်တာတွေကို အခွန်လျှော့ပေး

သြဂုတ် ၁၄ နိုင်ငံတကာသတင်း အမေရိကန်ပြည်ထောင်စု တရုတ်ထုတ်ဆဲလ်ဖုန်းတွေ၊ လက်ပ်တော့တွေနဲ့ တခြားပစ္စည်းတွေကို စည်းကြပ်ခွန်ရွှေ့ဆိုင်းလိုက်ပြီး တခြားတရုတ်သွင်းကုန်တွေကိုလည်း စည်းကြပ်ခွန်ပစ်မှတ်ထားတဲ့စာရင်းကနေ လျှော့ပေးနေလို့ အင်္ဂါနေ့က ဝေါစထရိဈေးကွက်မှာ လှုပ်ခတ်ခဲ့ပါတယ်။ တရုတ်သွင်းကုန်အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးလောက်ကို အခွန် ၁၀ ရာခိုင်နှုန်းတိုးကောက်ဖို့ ဆက်စီစဉ်နေပြီး တရုတ်ရဲ့အထိအခိုက်ရှိစေတဲ့ကုန်သွယ်ရေးမူဝါဒတွေကြောင့် အမေရိကန်ဆီတင်ပို့နေတဲ့တရုတ်သွင်းကုန်တွေတိုင်းကို သွင်းကုန်ခွန်ထပ်တိုးနေတယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက အင်္ဂါနေ့မှာပြောပါတယ်။ စက်တင်ဘာ ၁...

စူပါတိုင်ဖွန်းမုန်တိုင်းလီကီမားကြောင့် တရုတ်မှာ သေဆုံးသူ ၄၉ ယောက်ရှိနေ

သြဂုတ် ၁၃ နိုင်ငံတကာသတင်း တရုတ်နိုင်ငံအရှေ့ဘက်ကမ်းခြေကို အခုနှစ်ရဲ့ ၉ ခုမြောက်တိုင်ဖွန်းမုန်တိုင်းလီကီမာဝင်ရောက်လို့ အပျက်အစီးတွေဖြစ်ပြီး လေပြင်းတွေနဲ့ မိုးကြီးခဲ့လို့ အင်္ဂါနေ့အထိဆိုရင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၉ ယောက်ရှိပြီး ၂၁ ယောက်ပျောက်ဆုံးနေပါတယ်။ ကျီဂျန်း၊ ရှန်ဒေါင်းနဲ့ အန်းဟွီပြည်နယ်တွေကို မုန်တိုင်းဝင်ရောက်ခဲ့ပြီး လူ ၁ သန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။ အနည်းဆုံးလူ ၄၉ ယောက်သေဆုံးပြီး နောက်ထပ်ဒါဇင်ချီပျောက်ဆုံးနေတယ်လို့...

ဟောင်ကောင်နယ်စပ်မှာ လက်နက်တွေဆင်ထားတဲ့စစ်သုံးကားတွေနေရာဖြန့်ကျက်ချထားတာကို တရုတ်အစိုးရမီဒီယာမှာဖော်ပြ

သြဂုတ် ၁၃ နိုင်ငံတကာသတင်း ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးကြားနယ်စပ်မြို့တစ်မြို့မှာ လက်နက်တွေတပ်ဆင်ထားတဲ့ သယ်ပို့ယာဉ်တွေနဲ့တင့်ကားတွေစုဝေးနေတာကို တရုတ်အစိုးရပိုင်People’s Daily သတင်းစာက တနင်္လာနေ့မှာဖော်ပြပါတယ်။ ရှန်ကျန်းမြို့မှာ လက်နက်တပ်ဆင်ထားတဲ့ကားတွေသွားလာနေတာနဲ့ တချို့ကားတွေရပ်နားထားတာကို သတင်းရုပ်သံ ၂ ခုမှာ ဖော်ပြထားပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးဆီပြန်လွှဲပေးခဲ့ပြီးတဲ့နောက် ဟောင်ကောင်အတွက်အကြီးဆုံးစိန်ခေါ်မှုဖြစ်နေတဲ့သီတင်းပတ် ၁၀ ပတ်ကြာအကြပ်အတည်းတွေ့နေချိန်မှာ ပြည်မကြီးအစိုးရဘက်က အခုသတင်းရုပ်သံထုတ်လွှင့်ခဲ့တာပါ။ ရှန်ကျန်းကို လက်နက်တပ်ဆင်ထားတဲ့ယာဉ်တန်းသွားနေတာဟာ...

ကယ်လီဖိုးနီးယားမှာ ဓားကိုင်ရမ်းကားလို့ လူ ၄ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရ

သြဂုတ် ၉ နိုင်ငံတကာသတင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ကြာသပတေးနေ့က လူတစ်ယောက်ဓားကိုင်ရမ်းကားခဲ့လို့ အနည်းဆုံးလူ ၄ ယောက်သေဆုံးပြီး နောက်ထပ် ၂ ယောဏ်ဒဏ်ရာရခဲ့တဲ့နောက် အဲဒီလူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုက ကျပန်းဖြစ်ခဲ့ပြီး နှစ်နာရီလောက်ကြာခဲ့တဲ့ရမ်းကားမှုရဲ့နောက်ကွယ်ကအကြောင်းရင်းဟာ ဓားပြမှု၊ အမုန်းတရားနဲ့ လူသတ်မှုတို့ဖြစ်တယ်လို့ ရဲတွေက အမေရိကန်မီဒီယာတွေကို ပြောပါတယ်။ ထိန်းသိမ်းခံထားရတဲ့လူက ဘယ်သူဘယ်ဝါဆိုတာ အာဏာပိုင်တွေက ထုတ်မပြောပေမဲ့...

အမေရိကန်လယ်ယာထွက်ကုန်တွေကို တရုတ်အဝယ်ရပ်

သြဂုတ် ၆ နိုင်ငံတကာသတင်း အမေရိကန်လယ်ယာထွက်ကုန်တွေကို တရုတ်ကုမ္ပဏီတွေက အ၀ယ်ရပ်လိုက်ပြီလို့ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဲဒီထွက်ကုန်တွေကို ထပ်ပြီးစည်းကြပ်ခွန်တိုးကောက်သွားမယ်လို့လည်း တရုတ်ကပြောပါတယ်။ ဒါ့ကြောင့် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့်ကိုမဲပေးခဲ့ကြတဲ့ ဆင်ခြေဖုံးပြည်နယ်တွေကို ထိုးနှက်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲမှာ နောက်ထပ်ကြားခံတွေထပ်ပြီးဖြစ်လာဖို့ရှိနေတာပါ။ တရုတ်သွင်းကုန်အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးလောက်ရှိတဲ့ကုန်စည်တွေကို စည်းကြပ်ခွန်တိုးကောက်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်ကြာသပတေးနေ့မှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကြေညာခဲ့ပြီးတဲ့နောက်...

ပါကစ္စတန်နဲ့အငြင်းပွားမှုတွေဖြစ်နေချိန် အိန္ဒိယပိုင်ကတ်ရှ်မီးယားဘက်ခြမ်းဆီ တပ်ဖွဲ့ဝင်ထောင်ချီထပ်ပို့ပြီး နယ်မြေပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေ

သြဂုတ် ၅ နိုင်ငံတကာသတင်း အိန္ဒိယက တပ်ဖွဲ့ဝင်ထောင်ချီကိုနယ်စပ်ထပ်ပို့ထားပြီး ပါကစ္စတန်နဲ့ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ကတ်ရှ်မီးယားဒေသမှာ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ထိပ်တိုက်တွေ့စေမယ့်လုပ်ရပ်တွေအပြန်အလှန်စွပ်စွဲပြောဆိုနေချိန်မှာ အိန္ဒိယပိုင်ကတ်ရှ်မီးယားဘက်ခြမ်းရဲ့အာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ နယ်မြေပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ်။ ပုဂ္ဂလိကမိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေနဲ့ တယ်လီဖုန်းလိုင်းတွေကိုဖြတ်ထားပြီး အဆက်အသွယ်တွေဖြတ်ထားတယ်လို့ AFPသတင်းအေဂျင်စီကဖော်ပြပါတယ်။ ကွန်ရက်တွေအဖြတ်မခံရခင် ကတ်ရှ်မီးယားနိုင်ငံရေးခေါင်းဆောင်တွေက သူတို့ကို နေအိမ်အကျယ်ချုပ်နဲ့ဖမ်းထားတယ်လို့ တွစ်တာမှာပြောပါတယ်။ အမိန့်အရ လူထုလှုပ်ရှားမှုတွေလည်း မရှိရမယ့်အပြင် ပညာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေကိုလည်း ပိတ်ထားရမယ်လို့ အိန္ဒိယပိုင်ကတ်ရှ်မီးယားရဲ့မြို့တော်ဆရီနာဂါအတွက်ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ အခုအမိန့်စတည်တဲ့အချိန်ကစပြီး လူထုအစည်းအဝေးတွေလုပ်တာကို လုံးဝပိတ်ပင်ထားသလို...

အမေရိကန်ပြည်နယ် နှစ်ခုမှာ ပစ်ခတ်မှုဖြစ်၊ လူ ၂၉ ဦး သေဆုံး

သြဂုတ် ၄ နိုင်ငံတကာသတင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်နဲ့ အိုဟိုင်းယိုးပြည်နယ်တို့မှာ စနေနေ့ကပစ်ခတ်မှုတွေဖြစ်ခဲ့လို့ အနည်းဆုံးလူ ၂၉ ယောက်သေဆုံးပြီး လူ ၄၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ တက္ကဆက်ပြည်နယ်ရဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်နဲ့သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ဝေါမတ်ကုန်တိုက်မှာ စနေနေ့အစောပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ညပိုင်းမှာတော့ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားတာပါ။ တက္ကဆက်ပြည်နယ်က ပစ်ခတ်မှုလက်သည်လို့ယူဆရတဲ့သံသယတရားခံဟာ အသက် ၂၁...

အာဆီယံလုံခြုံရေးထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ဘန်ကောက်မြို့မှာ အသေးစားပေါက်ကွဲမှု ၃ ခုဖြစ်ပွား

သြဂုတ် ၂ နိုင်ငံတကာသတင်း ဒီနေ့မနက်ပိုင်း၊ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ လက်လုပ်ဗုံးတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆရတဲ့အသေးစားပေါက်ကွဲမှု ၃ ကြိမ်ဖြစ်လို့ အနည်းဆုံးလူ ၃ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဘန်ကောက်မှာ အာဆီယံလုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးကျင်းပနေတာပါ။ ဘန်ကောက်မြို့လယ်ခေါင်မှာ ဒေသစံတော်ချိန်မနက် ၉ နာရီလောက်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး တတိယပေါက်ကွဲမှုကတော့ ၀န်ကြီးတွေတော်တော်များများကိုလက်ခံထားရှိတဲ့အစိုးရရုံးဝင်းထဲမှာ ဖြစ်ခဲ့တာပါ။ သန့်ရှင်းရေးလုပ်သား ၂ ယောက်ထိခိုက်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ဒါပေမဲ့ အကြီးစားဒဏ်ရာတွေတော့မဟုတ်ဘူးလို့ ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။ King...

အီရန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ပိတ်ဆို့မှုတွေချမှတ်၊ ထိခိုက်မှုမရှိဘူးလို့ ၀န်ကြီးကတုံ့ပြန်

သြဂုတ် ၁ နိုင်ငံတကာသတင်း အမေရိကန်ငွေတိုက်ဝန်ကြီးဌာနက အီရန်နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗက်ဇာရစ်ဖ်ကို ပိတ်ဆို့မှုတွေချမှတ်လိုက်ပါတ.်။ အမေရိကန်မှာရှိတဲ့ဇာရစ်ဖ်ရဲ့ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင်သိမ်းသွားမယ်လို့ ၀န်ကြီးဌာနထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဇာရစ်ဖ်က အီရန်ဘာသာရေးခေါင်းဆောင်ကြီးအယာတိုလာ အလီခါမေနီရဲ့ အဆင်အခြင်ကင်းမဲ့တဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်နေတယ်လို့ အမေရိကန်ငွေတိုက်ဝန်ကြီးစတီဗင် မန်နူချင်ကပြောပါတယ်။ အမေရိကန်ရဲ့အစီအစဉ်တွေကို ခြိမ်းခြောက်နေတယ်လို့စဉ်းစားတဲ့အတွက် အမေရိကန်က သူ့ကိုပိတ်ဆို့မှုတွေလုပ်တာလို့ ဇာရစ်ဖ်က တွစ်တာကနေ ပြောပါတယ်။ ဇာရစ်ဖ်ဟာ အီရန်အာဏာရှင်နိုင်ငံရဲ့ကမ္ဘာတ၀န်းအဓိကပြောခွင့်ရသူလို့ မန်နူချင်ကပြောခဲ့တာပါ။ အီရန်နိုင်ငံရဲ့ပြင်ပမှာ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့အကျိုးစီးပွားတွေမရှိလို့ အမေရိကန်ရဲ့အခုပိတ်ဆို့မှုဟာ သူနဲ့သူ့မိသားစုအတွက်...

အိုစမာ ဘင်လာဒင်ရဲ့သား ဟမ်ဇာ ဘင်လာဒင်သေဆုံးပြီလို့ အမေရိကန်ထောက်လှမ်းရေးတွေအတည်ပြု

သြဂုတ် ၁ နိုင်ငံတကာသတင်း အယ်ကေးဒါးစစ်သွေးကြွအဖွဲ့ကိုတည်ထောင်ခဲ့တဲ့အိုစမာ ဘင်လာဒင်ရဲ့သားဖြစ်သူ ဟမ်ဇာ ဘင်လာဒင်သေဆုံးပြီလို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက အတည်ပြုပါတယ်။ ဒါပေမဲ့ သူဘယ်အချိန်၊ ဘယ်နေရာမှာသေဆုံးခဲ့သလဲဆိုတာကိုတော့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ထုတ်မပြောထားပါဘူး။ သူဘယ်မှာရှိနေသလဲဆိုတာသတင်းပေးနိုင်ရင် ဆုငွေအမေရိကန်ဒေါ်လာ ၁ သန်းပေးမယ်လို့ ဖေဖော်ဝါရီတုန်းက အမေရိကန်အစိုးရက ဆုငွေထုတ်ခဲ့ပါတယ်။ အသက် ၃၀ ပတ်ဝန်းကျင်လောက်ရှိပြီလို့ထင်ရတဲ့ဟမ်ဇာက အမေရိကန်နဲ့တခြားနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေလုပ်သွားဖို့ အသံတွေနဲ့ ရုပ်သံသတင်းစကားတွေပို့ခဲ့ဖူးပါတယ်။ သူသေဆုံးပြီလို့ အမေရိကန်မီဒီယာတွေက...

သောင်းကျန်းသူနှိမ်နှင်းရေး၊ စစ်ဘက်ဆက်ဆံရေးမှာ အိန္ဒိယ-မြန်မာနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအကောင်းဆုံးအခြေအနေရှိနေတယ်လို့ အိန္ဒိယ၀န်ကြီးချုပ်ပြော

ဇူလိုင် ၃၀ နိုင်ငံတကာသတင်း အိန္ဒိယနဲ့မြန်မာနိုင်ငံတို့ဟာ သောင်းကျန်းသူနှိမ်နှင်းရေး၊ အရည်အသွေးမြှင့်တင်ရေး၊ စစ်ဘက်ဆက်ဆံရေးနဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတို့မှာ အကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ အိန္ဒိယ၀န်ကြီးချုပ်နာရန်ဒရာ မိုဒီက တနင်္လာနေ့မှာပြောပါတယ်။ ၀န်ကြီးချုပ်မိုဒီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ ဒါ့အပြင် စီးပွားရေးဝန်းကျင်နဲ့ ဖွံဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း အကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ မိုဒီကပြောတယ်ဆိုပြီး သူ့ရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာထုတ်ပြန်ထားပါတယ်။ မကြာသေးခင်က အိန္ဒိယရွေးကောက်ပွဲမှာ မိုဒီအနိုင်ရခဲ့ပြီး ၀န်ကြီးချုပ်အဖြစ်ပြန်ရွေးကောက်ခံခဲ့ရတာကို တပ်ချုပ်က...

ဘင်္ဂါလီတွေကိုနိုင်ငံသားပေးရာမှာ ဘင်္ဂလားဒေ့ရှ်ကို ဓားစာခံအနေနဲ့မထားဖို့ ဘင်္ဂလားဒေ့ရှ်ပြော

ဇူလိုင် ၃၀ နိုင်ငံတကာသတင်း အတည်ပြုပြီးသားဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)မိသားစု ၆၀၀၀ က လူ ၂၅၀၀၀ ပါဝင်နေတဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဘက်ကို တနင်္လာနေ့မှာလွှဲပေးပြီးတဲ့နောက် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်ပြီး ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဓားစာခံမဖြစ်ချင်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေ အဗ္ဗဒူမိုမန်က ပြောပါတယ်။ “ကျွန်တော်တို့အာရုံစိုက်ထားတာက သူတို့(ဘင်္ဂါလီ)တွေ သိက္ခာရှိရှိ၊ ဘေးကင်းကင်းနဲ့နေရပ်ပြန်နိုင်ဖို့ပါ။ သူတို့နိုင်ငံသားဖြစ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဒီ(ဘင်္ဂလားဒေ့ရှ်)မှာ ကျွန်တော်တို့အတွက်ဘာကိစ္စမှမရှိပါဘူး။”လို့...

လူမှုကွန်ရက်များ

201,334FansLike