အင်္ဂါ၊ ဧပြီ ၂၃၊ ၂၀၁၉

တပ်မတော်နှင့်ဆိုင်သည့် ကိစ္စများအား ခွဲခြားသိမြင်နိုင်ခြင်းမရှိပါက ရင်ကြားစေ့ရေးအတွက် အလားအလာကောင်းမည်မဟုတ် ဟု သူရဦးရွှေမန်းပြော

ဧပြီ ၁၀ ယဉ်ကေနွယ် တပ်မတော်နှင့်ဆိုင်သည့် ကိစ္စများအား ခွဲခြားသိမြင်နိုင်ခြင်းမရှိပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးအတွက် အလားအလာကောင်းမည်မဟုတ်ကြောင်း သူရဦးရွှေမန်း က ပြောကြားသည်။ “တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းရဲ့ ကိစ္စရပ်တွေကို ခြားပြီးကြည့်ဖို့လိုပါတယ်။အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီနေ့ပြောနေတဲ့ ရင်ကြားစ့ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာတွေ မဖြစ်ပဲ ဆက်လက်ပြီေးတာ့ ဒီလို အခြေအနေမျိုးတွေ ဖြစ်တာကိုတော့ စိတ်ထဲမကောင်းဘူး”ဟု သူရဦးရွှေမန်းကပြောသည်။ နေပြည်တော်ရှိ...

ဦးရွှေမန်းပါတီ တိုင်းဒေသကြီးများတွင် အဓိကထား ယှဉ်ပြိုင်မည်

ဧပြီ ၈ ယဉ်ကေနွယ် ပါတီစုံအထွေထွေရွေးကောက်ပွဲများတွင် တိုင်းဒေသကြီးများ၌ အဓိကထား ၀င်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်းက ပြောသည်။ “ပါတီဝင်ရောက်ယှဉ်ပြိုင်မှုနဲ့ ပြောရမယ်ဆိုရင် တိုင်းဒေသကြီးများကိုပဲ အဓိကထားပြီးစဉ်းစားပါတယ်။ ပြည်နယ်ကိုတော့ အဓိက ထားပြီးမစဉ်းစားပါဘူး။ ပြည်နယ်ကိုတော့ တိုင်းရင်းသားတွေကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။ သူရဦးရွှေမန်းက ဧပြီလ ၈ ရက်နေ့...

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား အင်းစိန်ထောင်သို့ပြောင်းရွှေ့

ဧပြီ ၇ ညိုမှိုင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အကျဉ်းထောင်တွင် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေးမှု တို့ဖြင့် ပြစ်ဒဏ် နှစ် ၂၀ စီကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား အင်စိန်အကျဉ်းထောင်သို့ မနေ့ကညနေပိုင်းတွင် ပြောင်းရွှေ့သွားကြောင်း မိသားစုဝင်များကပြောသည်။ ယင်းသို့ ထောင်ပြောင်းရွှေ့ခံလိုက်ရသည့် အကျဉ်းသားများနှင့်ပတ်သက်၍ မိသားစုများအား တစ်စုံတစ်ရာအကြောင်းကြား ခြင်းမရှိခဲ့ဘဲ လျှို့ဝှက်စွားပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း စာရေးဆရာဝေဟင်အောင်၏ မိသားစုဝင်များကပြောသည်။ “မနေ့ကညနေပိုင်းမှာပြောင်းသွားတယ်လို့...

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်ကော်မတီ မဟာမိတ်မူလုပ်ဆောင်သင့်ဟု ၈၈ ကျောင်းသားများ ပြော

မတ် ၃၀ ကိုလူသစ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်မှဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီအနေဖြင့် ပြင်ပ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့်မဟာမိတ်ဖွဲ့သည် မူကိုလုပ်ဆောင်သင့်ကြောင်း ၈၈ကျောင်းသားအချို့က ပြောဆိုလိုက်သည်။ ''မဟာမိတ်ဖွဲ့တာဟာ တင်ပြဖို့မဟုတ်ဘူး။ပူးပေါင်းဆောင်ရွက်ဖို့။တူညီတဲ့အချက်တွေကို အခြေခံပြီးတော့ရွေးထုတ်တင်ပြဖို့။ဒါကြောင့်မို့လို ဒီမဟာမိတ်မူနဲ့သွားရင်တော့ ကျွန်တော်တို့က ဒီမဟာမိတ်ကိုရွေးတယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်၊အဖွဲ့အစည်းအရပဲဖြစ်ဖြစ်၊လူမျိုးစုအရပဲဖြစ်ဖြစ် သူတို့နိုင်ငံရေဿးာတွေကိုပြီးဆုံးသွားနိုင်မယ့် ပြည်ထောင်စုထွက်ပေါ်လာဖို့ သူတို့မဟာမိတ်ဖွဲ့စည်းပြီးဆောင်ရွက်သင့်တယ်လို့'' ဦးတင်သန်းဦးကပြောကြားသည်။ ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းရှိ နိုင်ငံရေးသိပ္ပံကျောင်းတွင်...

“ကိုယ်ကိုတိုင် အစိုးရဖြစ်နေတာကိုမေ့လျော့ပြီး ဘယ်သူ့ကို ဆန္ဒဖော်ထုတ်နေတာလဲ” ဟု ပြည်ခိုင်ဖြိုးပါတီမေးခွန်းထုတ်

မတ် ၃၀ ယဉ်ကေနွယ် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ဆန္ဒထုတ်ဖော်ပွဲများနှင့်ထောက်ခံပွဲများပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။ ထိုသို့ထောက်ခံပွဲများပြုလုပ်နေခြင်းသည် မည်သူ့အပေါ် ဆန္ဒထုတ်ဖော်နေလဲဟု ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေရုံး၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေမှ မေးမြန်းလိုက်သည်။ “ဒီအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ အချို့နေရာတွေ မှာဆိုရင် ဒီအစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် ဒီလှုပ်ရှားမှုတွေထဲမှာ ပါဝင်လှုပ်ရှားဆောင်ရွက်နေတာတွေတွေ့ရတယ်။အဲ့ဒီတော့ ကိုယ်ကိုတိုင်အစိုးရဖြစ်တာကကိုမေ့လျော့ပြီးဘယ်သူ့ကို ဆန္ဒဖော်ထုတ်နေလဲဆိုတာ အမတို့ကိုယ်တိုင်လည်း သိချင်ပါတယ်”ဟု ဒေါ်ယဉ်မင်းမြငဆွေကပြောသည်။ ယနေ့...

နိုင်ငံတော်ပုန်ကန်မှုနှင့်တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

မတ် ၁၉ ညိုမှိုင်း နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မတို့နှင့် ဆရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ် ၂၂ နှစ်စီချမှတ်လိုက်သည်။ ၎င်းတို့နှစ်ဦးအား စွဲဆိုထားသည့်ပုဒ်မ နှစ်ခုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့် ၂ နှစ်၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နှင့် ၂၀ နှစ်သီးခြားစီချမှတ်လိုက်ခြင်းဖြစ်သည်။ “အဲ့ဒီပုဒ်မတွေနဲ့ပဲ ချမှတ်လိုက်တာဖြစ်ပါတယ်။...

မြစ်ဆုံကဲ့သို့ မည်သည့် စီမံကိန်းမဆိုလုပ်ဆောင်မည်ဆိုပါက ပြည်သူများအား အသိပေးပြီးမှသာ လုပ်ဆောင်မည်

မတ် ၁၆ ယဉ်ကေနွယ် မြစ်ဆုံကဲ့သို့ မည်သည့် စီမံကိန်းမဆိုလုပ်ဆောင်မည်ဆိုပါက ပြည်သူများအား အသိပေးပြီးမှသာ လုပ်ဆောင်မည် ဖြစ်ကြောင်း NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။ “ကျွန်တော်တို့ကတော့ မြစ်ဆုံလို စီမံကိန်းကြီးလုပ်တဲ့ အခါ လူမှုရေး၊စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး၊အဖက်ဖက်ကနေ ကဏ္ဍကြီး ၄ ရပ်နဲ့ စဉ်းစားပြီးတော့ ဘာဆုံးဖြတ်ချက်လဲ ဘာကြောင့် ဆုံးဖြတ်ရလဲဆိုတာကို ပြည်သူကို...

၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာဗျူဟာရေးဆွဲ၍ ပြင်ဆင်မှုများ ပြုလုပ်နေဟု ဆို

မတ် ၁၅ နိုင်လင်းဦး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဟာဗျူဟာရေးဆွဲ၍ ပါတီတွင်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လစ်လပ်နေရာ...

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော် ကိစ္စကို ဘာမှ ကြိုမပြောလိုကြောင်း NLD ဒုဥက္ကဋ္ဌ (၂) ပြော

မတ် ၁၃ နိုင်လင်းဦး အဂတိလိုက်စားမှုနဲ့ အဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော် ကိစ္စကို ဘာမှ ကြိုမပြောလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်အား ပါတီ အနေဖြင့် အရေးယူခြင်းမရှိသေးပဲ တရားရုံးဆုံးဖြတ်ချက်ပြီးမှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည် ။ "သူ့မှာလည်း ခုခံပိုင်ခွင့်ရှိသေးတယ်လေ...

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသူများ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြု

မတ် ၁၂ ယဉ်ကေနွယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖြစ်ခန့်အပ်ခံထားရသူ ၈ ဦးမှ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။ ယင်း ၈ ဦးကို နိုင်ငံတော်သမ္မတမှ မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့အမည်စာရင်းပေးပို့ခဲ့ရာမတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်မှအတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ်...

မန်းတိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ကို အရေးယူပေးရန် ကျေးရွာဒေသခံများ NLD ရုံးချုပ်ကို လာရောက်တိုင်ကြား

မတ် ၁၁ ကိုလူသစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အောင်သပြေကျေးရွာရှိ အယ်လ်ဖာလိပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်အတွက် မန္တလေးတိုင်းဝန်ကြီချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌတို့ကိုအရေးယူပေးရန် အောင်သပြေကျေးရွာဒေသခံများက NLDရုံးချုပ်ကိုလာရောက်တိုင်ကြားခဲ့သည်။ အောင်သပြေကျေးရွာဒေသခံများက သဘောတူညီချက်ပါဝင်ခြင်းမရှိဘဲ အယ်လ်ဖာလိပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုခဲ့သည့်အတွက် ဒေသခံ ၁ဝ ဦးကျော်ခန့်က ယနေ့နံနက် ၁၁နာရီအချိန်တွင် သွားရောက်တိုင်ကြားခဲ့သော်လည်း ပါတီတာဝန်ရှိသူများကမူ နံနက်ပိုင်း၌တွေ့ဆုံခဲ့ခြင်းမရှိခဲ့သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ...

ပြည်ထောင်စုလွှတ်တော်နာယကအား ဖြုတ်ချရန် ဥပဒေအတိုင်း လုပ်ဆောင်နေ ဟု ပြည်ခိုင်ဖြိုး ဆို

မတ် ၆ ယဉ်ကေနွယ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အား ဖြုတ်ချနိုင်ရေးအတွက် ထောက်ခံလက်မှတ် ကောက်ခံသွားနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ ပြင်ဆင်နေလျှက်ရှိကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိ ဦးသိန်းထွန်းဦးက ယမန်နေ့တွင် ပြောကြားထားကြောင်း သိရသည်။ ထို့ အတူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှလည်း ပြဌာန်းထားသည့် ဥပဒေနှင့် မညီမှုများလုပ်ဆေင်နေသည့် အတွက် ဥပဒေနှင့် ညီအောင်လုပ်သင့်လုပ်ထိုက်သည့် နည်းလမ်းဖြင့်...

ကော်မရှင် ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးလမ်းကြောင်းပေါ် လွတ်လပ်စွာလျှောက်လှမ်းနိုင်သည်ဟု ဦးရွှေမန်းဆို

မတ် ၅ ကျော်သူမြင့် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် အထူးကော်မရှင်ကို လွှတ်တော်မှ သက် တမ်းမတိုးရန် ဆုံးဖြတ်လိုက်ပြီးနောက် ၎င်းတည်ထောင်ထားသည့် ပြည်သူ့ကောင်းကျိုးဆောင်ပါ တီခေါင်းဆောင်အနေဖြင့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လွတ်လပ်စွာလျှောက်လှမ်းနိုင်ပြီဖြစ် ကြောင်း သူရဦးရွှေမန်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုလိုက်သည်။ “နိုင်ငံရေးမှာ အမှုမဲ့ အမှတ်မဲ့ မတော်တဆ တိုက်ဆိုင်တာမရှိဘူးဆိုတဲ့ စကားကြောင့်လဲ ယခုလို ဆွေးနွေး...

နေပြည်တော်ရုံးခွဲဖွင့်ရန် သိန်းနှစ်ထောင်ကျော်ဖိုး မြေကွက် NLD ဝယ်ယူထား

ဖေဖော်ဝါရီ ၂၆ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နေပြည်တော်ကောင်စီနယ်မြေတွင်ရုံးခွဲဖွင့်လှစ်ရန်အတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေကွက်အား ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေ၀င်းမြင့်ကပြောသည်။ “နေပြည်တော်မှာ NLD ရုံးခွဲဖွင့်မယ်.အဲ့ဒီအတွက် ၁၆ ဧက ရှိတဲ့ မြေကို ၀ယ်ထားတာ သိန်းပေါင်း ၂၄၄၅...

“ဦးရွှေမန်းပါတီသို့ ပြောင်းသူမရှိသေး” ဟု USDP ဆို

ဖေဖော်ဝါရီ ၂၅ ယဉ်ကေနွယ် ဦးရွှေမန်းဦးဆောင်တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ပြည်ခိုင်ဖြိုးပါတီမှ ပြောင်းသွားသူ တလတ်တလော မရှိကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။ “ကျွန်တော်တို့ပါတီက လတ်တလောလုပ်ဆောင်နေတဲ့ ပါတီဝင်ထဲက နှုတ်ထွက်သွားတဲ့ သူ တစ်ဦးမှ မရှိသေးပါဘူး။ဘာကြောင့် မရှိသေးတာလဲဆိုရင် ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက လူပုဂ္ဂိုလ် ထက် မူဝါဒပေါ်အခြေခံပြီးတော့ ယုံကြည်ချက် ၊ခံယူချက်အပြည့်နဲ့ နိုင်ငံတော်နိုင်ငံသားတွေရဲ့ကောင်းကျိုးကို...

လူမှုကွန်ရက်များ

140,897FansLike