ကြာသပတေး၊ ဖေ‌ဖော်ဝါရီ ၂၇၊ ၂၀၂၀

ကုန်ဈေးနှုန်းတည်ငြိမ်သည်အထိ ဆန်များဈေးလျော့ရောင်းချပေးမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ဇန်န၀ါရီ ၁၉ ယဉ်ကေနွယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်မှုရရှိသည် အထိ ဆန်များအား ကာလပေါက်ဈေးထက် တစ်ပြည်လျှင် ၃၀၀ ကျပ်ဈေးလျော့ ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်ဦး ကပြောသည်။ “ဆန်ရောင်းတဲ့ ကာလ ကတော့ ၂၀၂၀ ပဲဖြစ်ဖြစ် ၊၂၀၃၀ ပဲဖြစ်ဖြစ်...

ခြေ/ ဥ ပြင်ဆင်ရေးကော်မတီတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ ပါဝင်နေခြင်းကို ရှင်းပြ

စက်တင်ဘာ ၄ ယဉ်ကေနွယ် ပြည်ထောင်စုလွှတ်တော် မှ ဖွဲ့စည်းပေးထားသည့် ၄၅ ဦးပါဝင်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှ မမှန်သည်များ လုပ်ဆောင်နေသည်မျိုးမဖြစ်ရအောင် ကြည့်ရှု့နိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယင်းကော်မတီထဲတွင် ပါဝင်နေခြင်းသာ ဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်း အေးကပြောသည်။ “ဒီ ၄၅ ဦးကော်မတီ လုပ်ဆောင်နေချက်ကို တိုင်းရင်းသားပါတီ တွေနဲ့...

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခံရအောင် သတင်းအမှားများလုပ်ကြံဖန်တီးသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား တရားစွဲမည်

ဖေဖော်ဝါရီ ၂၁ ယဉ်ကေနွယ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခံရအောင် သတင်းအမှားများ လုပ်ကြံဖန်တီးခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းကပြောသည်။ “အစီရင်ခံစာပေါ်မူတည်ပြီးတော့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ ကုလသမ္မက အထွေထွေညီလာခံမှာ မဲခွဲဆုံဖြန်ခံရတာတွေဟာ ဒီနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အင်မတန်မှ ထိခိုက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဒီလိုဖြစ်အောင် သတင်းမှားတွေ မျိုးစုံလုပ်ကြံဖန်တီးပြီးတော့...

ခန့်အပ်မည့် ဝန်ကြီးချုပ်နှင့်ဝန်ကြီးစာရင်း မရောက်သေးသောကြောင့် ဧရာတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ရက်ရွေ့ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ၊၂၀၁၈ ဧရာဝတီတိုင်းဒေသကြီးအတွက် လစ်လပ်နေသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးရာထူးနေရာများအတွက် သမ္မတက မှတ်ချက်ပြုပေးအပ်မည့် အမည်စာရင်း မရောက်ရှိသေးသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးကို ရက်ရွေ့ဆိုင်းခဲ့သည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့ ယနေ့တွင်ပြုလုပ်မည့် အရေးပေါ် အစည်းအဝေး မတိုင်မီ မိနစ်ပိုင်းအလိုတွင် လွှတ်တော်၏ ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေသောကြောင့်...

အမျိုးသားနိုင်ငံရေးပါတီတည်ထောင်ခွင့် လိုအပ်ချက်များရှိနေသဖြင့် UEC မှ ခွင့်မပြုသေး

ဇန်န၀ါရီ ၉ ယဉ်ကေနွယ် ယခင် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သည့် ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားရာတွင် လိုအပ်ချက်များရှိနေသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ပါတီတည်ထောင်ခွင့်အား ခွင့်မပြုသေးကြောင်း UEC ဥက္ကဌ ဦးလှသိန်းကပြောသည်။ “ကျွန်တော်တို့ဆီက ပြည့်စုံရင်တော့ ခွင့်ပြုပေးမှာပါ။ ကျွန်တော်တို့ ခွင့်မပြုသေးတာက ပြည့်စုံမှုမရှိသေးလို့ စောင့်ဆိုင်းနေတာပါ။ ဘာတွေလိုအပ်နေလဲဆိုတာကတော့ အသေးစိတ်...

“ဦးဇော်ဌေးပြောကြားချက်ကြောင့် သမ္မတကြီးမှာ စစ်မက်လိုလားသူအဖြစ် သဘောသက်ရောက်နေ” ဟု ဒေါက်တာအေးမောင်ပြော

ဇန်နဝါရီ ၁၄ ညိုမှိုင်း နိုင်ငံသစ္စာဖောက်ဖျက်မှုပုဒ်မဖြင့် ဖမ်းဆီးခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ယနေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်လာစဉ် ဦးဇော်ဌေး၏ပြောကြားချက်ကြောင့် နိုင်ငံတော်သမ္မကြီးမှာ စစ်မက်လိုလားသူ အဖြစ်သဘောသက်ရောက်နေကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်း လေးခုတို့အား AA မှ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ AA...

ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမဲရေတွက်နေ

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့နယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် မဲများကိုရေတွက်နေကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့နယ် တွင် မဲပေးသည့် ဦးရေပေါင်း ၃၉၃၂၁ ဦးရေ ရှိကြောင်း သိရသည်။ Photo - Nay Lynn Thaik...

မြို့နယ် NLD ပါတီရုံးမြေနေရာရရှိရေး ရန်ပုံငွေပွဲအဖြစ် နှစ်သစ်ကူးညတွင် IC Show ကျင်းပမည်

ဒီဇင်ဘာ ၂၄ နိုင်လင်းဦး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးမြေနေရာရရှိရေးအတွက် ရန်ပုံငွေပွဲတော်အဖြစ် နှစ်သစ်ကူးညပိုင်းတွင် မန္တလာသီရိဘောလုံးကွင်း၌ IC Show ကျင်းပသွားမည်ဖြစ်ကြောင်း ပါတီ ရုံးဖြစ်မြောက်ရေးကော်မတီ က သိရသည်။ ချမ်းမြသာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးနေရာကို ၂၀၁၆ ခုနှစ်ကစတင်၍ (၆) လတစ်ကြိမ်ငှားရမ်းပြီး ဖွင့်လှစ်ခဲ့ရာ...

စည်ပင်ရွေးကောက်ပွဲ နိုင်ငံရေးပါတီများ မတရားဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်စေရေး ပြည်သူလူထုကအမှန် တရားဖြစ်အောင်ရပ်တည်ပေးရန် ဒေါက်တာ ညိုညိုသင်း ပြော

ဖေဖော်ဝါရီ ၂၁ ကိုလူသစ် ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှမတရားဝင်ရောက် စွပ်ဖက်ခြင်းမပြုနိုင်စေရေးအတွက် ပြည်သူလူထုအနေဖြင့် အမှန်တရားဖြစ်အောင်ရပ်တည်ပေးရန် ရန်ကုန် စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းက တိုက်တွန်းပြောကြားလိုက်သည်။ “နိုင်ငံတွေမှာ ဒေသန္တရရွေးကောက်ပွဲဆိုတာ အရမ်းအရေးကြီးတယ်။ပုံမှန်ရွေးကောက်ပွဲထပ် တောင်အရမ်းကြီး တာဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်အောင် ၊နိုင်ငံရေးပါတီတွေရဲ့ မတရားဝင် စွပ်ဖက်ခြင်းမပြုအောင်၊ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ကာကွယ်နိုင်အောင် ပြည်သူ လူထုက အမှန်တရား ဖြစ်အောင် ရပ်တည်ပေးကျပါလို့...

“အနိုင်ရ ဆိပ်ကမ်းအမတ်ကိစ္စ ဥပဒေအတိုင်းရင်ဆိုင်မည်” ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

နိုဝင်ဘာ ၁၉ ကိုလူသစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအ ဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမတ်လောင်းဦးနေမျိုး အောင်ကို ရွေးကောက်ပွဲဥပဒေပုဒ်မ၅၈(က)ဖြင့် ဆိပ်ကမ်းမြို့မရဲစခန်းတွင်အမှုဖွင့်လှစ်ထားမှုအပေါ် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကျွန်တော်ဘက်ကတော့ ဥပဒေဘောင်အတွင်းကနေပဲ ဥပဒေအတိုင်းပြန်လည်ဆောင်ရွက်သွားမှာ ပါ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဗဟိုကော်မတီဝင်အဆင့်ရှိ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ကိုယ်စာလှယ်လောင်းဦးနေမျိုးအောင် အပါအ ၀င်...

ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်ပေးသွင်းနိုင်ရန် ရွေးကော်ကြေညာ

မေ ၂၆ ပဉ္စမလှိုင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇူလိုင်လ ၂ ရက်မှစ၍ အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာလိုက်သည်။ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခွင့်ကို ရက်သတ္တတပတ်ကျော်ခွင့်ပြုထား၍ ဇူလိုင်လ ၁၁ ရက် နောက်ဆုံးထား တင်သွင်းရမည်ဟု သတ်မှတ်ထားသောရက်ကြေညာထားသည်။ အမည်စာရင်း တင်သွင်းလွှာများကို ပြန်လည်ရုပ်သိမ်းမည်ဆိုလျင် ဇူလိုင်လ ၁၃ ရက်...

ပြည်ထောင်စုဝန်ကြီး နှစ်ပါး ပါတီလုပ်ငန်းများ ဝင်ရောက်ဆောင်ရွက်သည်ဟုဆိုကာ ရွေးကော်နှင့် လွှတ်တော်အား မေးမြန်းမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ဇူလိုင် ၂ ကျော်သူမြင့် နေပြည်တော် MICC-2 တွင် ဇွန်လ ၃၀ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသမီးလုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ၂ ဦး အဖွင့်မိန့်ခွန်း တက်ရောက်ပြောဆိုခဲ့ခြင်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိမရှိအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော်သို့...

“မြစ်ဆုံကိစ္စ လုံးဝလက်မခံ” ဟု ပြည်ခိုင်ဖြိုးအမတ်ဆို

ဇန်န၀ါရီ ၃၀ ယဉ်ကေနွယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်မည်ဆိုပါက လုံးဝ လက်မခံကြောင်း ကယားပြည်နယ်အမှတ် ၉ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကပြောသည်။ “မြစ်ဆုံကို အရင်တုန်းကလည်း တားခဲ့တယ်။ ဆိုင်းငံ့ခဲ့တယ်။ တကယ်တော့ ကျွန်တော့်အမြင်ပြောရရင် မြစ်ဆုံကတော့ မလုပ်သင့်တဲ့ ဟာလေးတစ်ခုလို့ မြင်တယ်။ ကျွန်တော်တို့ခေတ် တုန်းကလည်း ဒီကနေ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့သူကိုယ်တိုင်က မလုပ်ရဘူးလို့ သူကိုယ်တိုင်ပါဝင်ပြီးပြောခဲ့တာပဲ။အခုမှ...

NLD ပါတီဝင်များ ၃ ပိုင်းကွဲနေ

ဇူလိုင် ၂၁ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် အာဏာရပြီးနောက်တွင် ပါတီဝင်များ အနေဖြင့် ၃ ပိုင်းကွဲ၍ ပွတ်တိုက်မှုများရှိနေသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဒုတိယဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ “ကျွန်တော်တို့ထဲ နိုင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တွေရှိလာတယ်။နောက်တစ်ခါ အစိုးရအဖွဲ့ဝင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဝင် တွေဖြစ်လာတယ်။ ၃ ပိုင်းလည်းကွဲရော...

မကြာခင်မှာ တိုင်းပြည်ကို ပြန်လည်ဦးဆောင်နိုင်မည်ဟု ပြည်ခိုင်ဖြိုးဆို

ရန်ကုန်။ မတ် ၁၂။ ၂၀၁၈ မကြာခင်ကာလတွင် တိုင်းပြည်ကိုပြန်ပြီးဦးဆောင်နိုင်မည်ဟု ယုံကြည်ပြီး ဦးဆောင်နိုင်သည့် ဆောင်ရွက်ချက်များကိုလည်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ဘိုကြီးစု ကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲတွင် မိန့်ခွန်းပြေားကြားရာတွင်...

လူမှုကွန်ရက်များ

253,246FansLike