သောကြာ၊ မတ် ၂၇၊ ၂၀၂၀

မြောက်ဦးဖြစ်စဉ်စုံစမ်းရေးကော်မရှင်၏ စစ်ဆေးခြင်းကိုမခံရန် ရခိုင်ပြည်နယ်အစိုးရညွှန်ကြားထား

စစ်တွေ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈ ရခိုင်ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားသည့် မြောက်ဦးဖြစ်စဉ်စုံစမ်းရေးကော်မရှင်၏ စစ်ဆေးခြင်းကို ခံစရာမလိုဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများကို ညွှန်ကြားထားကြောင်း သိရသည်။ "အဆိုပါစုံစမ်းရေးအဖွဲ့တာဝန်ပေးအပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်နှင့်ညီညွတ်ခြင်းမရှိသည့်အပြင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့မှ ဖိတ်ကြားစစ်ဆေးမေးမြန်းခြင်းပြုလုပ်လာပါက ဖြေကြားရန်မလိုကြောင်းနှင့် စာရွက်စာတမ်းအထောက်အထားများ တောင်းခံလာပါကလည်း ပြသပေးပို့ခြင်းမပြုရန်၊ အကယ်၍...

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီရုံးခန်းများ တိုင်းနှင့်ပြည်နယ် (၅) ခုဖွင့်ပြီးဖြစ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီမှ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းလျှက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် ရုံးခန်းများဖွင့်ပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ၏ မန္တလေးတိုင်းဒေသကြီး (စည်းရုံးရေးကော်မတီ) တိုင်းဒေသကြီးရုံးဖွင့်ပွဲကို ကျင်းပခဲ့ပြီး မြို့နယ်များတွင်လည်း ရုံးခန်းများထပ်မံဖွင့်လှစ်သွားမည်ဟု...

NLDအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ခရီးမပေါက် ဖြစ်နေကြောင်းRCSS ထုတ်ပြန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ၊၂၀၁၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်အား သွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့် သလောက်ခရီးမပေါက်ဖြစ်နေကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီRCSSက ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည့် ၇၁နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်တွင်တွင် ထည့်သွင်းဖော်ပြထားသည်။ ကြေညာချက်တွင် ၂၀၁၁ခုနှစ်မှစတင်၍ ဦးသိန်းစိန်အစိုးရလက်ထက်က...

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ပြန်လွတ် ပေးရေး မင်းပြားတွင် ဆန္ဒပြ

ရန်ကုန် ဇန်နဝါရီ ၃၁ ဖမ်းဆီးခံထားရသောလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ပြန်လွှတ်ပေးရေးအတွက် ရခိုင်ပြည် နယ် မင်းပြားမြို့နယ်တွင် ယနေ့နေ့လည်ပိုင်းက ဆန္ဒပြတောင်းဆို ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် လူရာနှင့်ချီပါဝင်ပြီး နေ့လည် ၁နာရီမှ ၂ နှာရီအထိ ဆန္ဒပြ တောင်ဆိုခဲ့ခြင်းဖြစ်ပြီး ရခိုင်အမျိးသားပါတီရုံးရှေ့မှ လူအင်အား ၄၀၀ ခန့်ဖြင့်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဇန်နဝါရီ...

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင် မြို့နယ် တရားရုံးတွင် ရုံးထုတ်

ရန်ကုန် ဇန်နဝါရီ ၂၉ ၊၂၀၁၈ စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထားသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးကို စစ်တွေအကျဉ်းထောင်မှတဆင့် ရသေ့တောင်မြို့နယ်တရားရုံးတွင် ယနေ့မနက်ပိုင်းက ရုံးထုတ်ခဲ့ကြောင်းသိရသည်။ ယနေ့မနက် ၁၀ နာရီခန့်တွင် စစ်တွေအကျဉ်းထောင်မှ စက်လှေဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ရသေ့တောင်မြို့ မင်းချောင်းတံတားရောက်မှ ရဲကားများဖြင့် မြီု့နယ်တရားရုံးသို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို လုံခြုံရေး...

မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်နယ် လွှတ်တော် အတည်ပြု

ရန်ကုန် ဇန်နဝါရီ ၂၉ ၊ ၂၀၁၈ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ဖြစ်ပွားသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရန်အတွက် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ရာ ထောက်ခံမဲ ၂၀၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၄ မဲဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရေးအတွက် အတည်ပြုခဲ့သည်။ ယနေ့ကျင်းပသည့် လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ကိုယ်စားလှယ် ၄၀ တက်ရောက်ခဲ့ပြီး...

အမျိုးဂုဏ်ထိန်းသိမ်းသည့်ပါတီဖြစ်သောကြောင့် အလံပြောင်းလဲ လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးဆို

ရန်ကုန် ဇန်နဝါရီ ၂၇ အစိမ်းရောင်အောက်ခံ အနီထောင့်ကွက်အတွင်း ကြယ်ဖြူတစ်လုံး ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံကို ပြောင်းလဲလျှောက်ထားခြင်းသည် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ထိန်းသိမ်းသည့် သဘောကို ပြသလိုခြင်းကြောင့်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် က ပြောသည်။ ပြောင်းလဲလိုက်လျှောက်ထားသည့် အလံတွင် မူလအလံနှင့် အထူးကွဲပြားခြင်း မရှိဘဲ အဖြူရောင်ကြယ်အား...

အဖမ်းခံထားရသူများအတွက် အကူညီပေးနိုင်ရန် ရခိုင်အမျိုးသားပါတီ ဥပဒေအထောက်အကူပြုကော်မတီ ဖွဲ့စည်း

ရန်ကုန် ဇန်နဝါရီ ၂၅ ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်နှင့်ရသေ့တောင်ဖြစ်စဉ်များအတွက် လိုအပ်သောအကူအညီများပေးနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေအထောက်အကူပြုကော်မတီတစ်ခုကို ယနေ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ယင်းကော်မတီကို အထက်တန်းရှေ့နေနှစ်ဦး၊ တရားလွှတ်တော်ရှေ့နေ သုံးဦးနှင့် ရခိုင်အမျိးသားပါတီအတွင်း ရေးမှူး စုစုပေါင်း ၆ ဦးဖြင့် ယနေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ “ အခုအဖမ်းခံထားရတာ စုစုပေါင်း ၁၀ ဦးရှိတယ်။ အချို့တွေကတော့ ကိုယ့်အစီအစဉ်နဲ့...

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအတွက် ကမ်းလှမ်းမှုကို SNLD လက်မခံ

မန္တလေး ၊ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုအဆင့် ဒုဝန်ကြီးနေရာ အတွက် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ကမ်းလှမ်းမှုကို လက်မခံကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် ထံက သိရသည် ။ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနေရာအတွက်...

ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်တောင်းဆိုသွားမည်​ဟု UWSAထုတ်​ပြန်

ရန်​ကုန်​ ၊ဇန်​န၀ါရီ ၂၄ ၊ ၂၀၁၈ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဖြစ်​​ကြောင်း "ဝ" ပြည်​​သွေးစည်းညီညွတ်​​ရေးပါတီ UWSA ကဗဟိုတိုးချဲ့အစည်းအ​ဝေးအပြီးတွင်​သတင်းထုတ်​ပြန်​လိုက်​သည်​။ UWSA၏ ဗဟိုတိုးချဲ့အစည်းအ​ဝေးကိုဇန်​န၀ါရီ ဒုတိယ ပတ်​အတွင်းပြုလုပ်​ခဲ့ပြီး အစည်းအ​ဝေးပြီးဆုံးခဲ့သည့်​ ဇန်​န၀ါရီ၁၄ရက်​တွင်​ထုတ်​ပြန်​ခဲ့ခြင်းဖြစ်​သည်​။ အဆိုပါသတင်းထုတ်​ပြန်​ချက်​တွင်​ "ဝ" ပြည်​နယ်​သည်​ မြန်​မာနိုင်​ငံ၏တစ်​စိတ်​တစ်​​ဒေသဖြစ်​ပြီး မည်​သည့်​အ​ကြောင်းနှင့်​မှခွဲထွက်​မည်​မဟုတ်​​ကြောင်း ပြင်​ပရန်​ကျူး​ကျော်​လာပါက ကာကွယ်​သည့်​အ​နေဖြင့်​ပြတ်​ပြတ်​သားသားတိုက်​ခိုက်​သွားမည်​ဖြစ်​ပြီး...

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပထမဆုံးအကြိမ် ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပထမဆုံးအကြိမ် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပါတီရုံးဝန်းအတွင်း ကျင်းပခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဈေးရောင်းပွဲတော်တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက် ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊...

တာဝန် မယူနိုင်ပဲ ခွဲတန်းနှင့် နေရာယူသည့်အလေ့အထ ပါတီတွင် မရှိကြောင်း USDP ဥက္ကဋ္ဌ ဆို

မန္တလေးမြို့၊ ဇန်နဝါရီ ၂၄၊ ၂၀၁၈ တာဝန်မယူနိုင်ပဲ ခွဲတန်းနှင့် နေရာယူသည့အလေ့အထ မိမိတို့ ပါတီတွင် မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ဇန်နဝါရီလ ၂၄ ရက်နေ့...

၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ၌သာ ကျင်းပပြုလုပ်နိုင်တော့မည်

နေပြည်တော်၊ဇန်နဝါရီ ၂၃၊ ၂၀၁၈ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌သာ ကျင်းပပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ “ဖေဖော်ဝါရီလထဲမှာ ဘယ်ရက် ဘယ်ရက်လုပ်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ပြန်ညှိရမှာပေါ့နော်။ အသစ်ဝင်လာတဲ့ သူတွေကို အချိန်ပေးဖို့ ရှိသေးတယ်။ အဲ့ဒီအတွက်တော့...

(NCA) စာချုပ်တွင် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လတ်မှတ်ရေးထိုးမည်

နေပြည်တော် ၊ ဇန်န၀ါရီ ၂၃ ၊ ၂၀၁၈ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ပါဝင်လတ်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းသိရသည်။ “ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုလို့ရှိရင် အတူသွားရမှာဖြစ်ပါ တယ်။ တဆင့်ပြီးတဆင့်သွားရမယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာလည်း ကျွန်မတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ကျွန်မတို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက်ပြည်ထောင်စုတစ်ခုမှာ...

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ စည်းရုံးရေးဖွဲ့စည်းမှု တိုင်းဒေသကြီး (၅) ခု နှင့် ပြည်နယ် (၂)ခုတွင် ဖွဲ့စည်းပြီးဖြစ်

မန္တလေး၊ ဇန်နဝါရီ ၂၀၊ ၂၀၁၈ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ မှ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းလျှက်ရှိပြီး ယခုအချိန်အထိ တိုင်းဒေသကြီး (၅) ခု နှင့် ပြည်နယ် (၂)ခုတွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ ယင်းနိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီသည် ရှစ်လေးလုံးပါတီ...

လူမှုကွန်ရက်များ

253,415FansLike