သောကြာ၊ စက်တင်ဘာ ၁၈၊ ၂၀၂၀

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအတွက် ကမ်းလှမ်းမှုကို SNLD လက်မခံ

မန္တလေး ၊ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စုအဆင့် ဒုဝန်ကြီးနေရာ အတွက် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ကမ်းလှမ်းမှုကို လက်မခံကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် ထံက သိရသည် ။ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနေရာအတွက်...

ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆက်လက်တောင်းဆိုသွားမည်​ဟု UWSAထုတ်​ပြန်

ရန်​ကုန်​ ၊ဇန်​န၀ါရီ ၂၄ ၊ ၂၀၁၈ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်​ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဖြစ်​​ကြောင်း "ဝ" ပြည်​​သွေးစည်းညီညွတ်​​ရေးပါတီ UWSA ကဗဟိုတိုးချဲ့အစည်းအ​ဝေးအပြီးတွင်​သတင်းထုတ်​ပြန်​လိုက်​သည်​။ UWSA၏ ဗဟိုတိုးချဲ့အစည်းအ​ဝေးကိုဇန်​န၀ါရီ ဒုတိယ ပတ်​အတွင်းပြုလုပ်​ခဲ့ပြီး အစည်းအ​ဝေးပြီးဆုံးခဲ့သည့်​ ဇန်​န၀ါရီ၁၄ရက်​တွင်​ထုတ်​ပြန်​ခဲ့ခြင်းဖြစ်​သည်​။ အဆိုပါသတင်းထုတ်​ပြန်​ချက်​တွင်​ "ဝ" ပြည်​နယ်​သည်​ မြန်​မာနိုင်​ငံ၏တစ်​စိတ်​တစ်​​ဒေသဖြစ်​ပြီး မည်​သည့်​အ​ကြောင်းနှင့်​မှခွဲထွက်​မည်​မဟုတ်​​ကြောင်း ပြင်​ပရန်​ကျူး​ကျော်​လာပါက ကာကွယ်​သည့်​အ​နေဖြင့်​ပြတ်​ပြတ်​သားသားတိုက်​ခိုက်​သွားမည်​ဖြစ်​ပြီး...

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပထမဆုံးအကြိမ် ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပထမဆုံးအကြိမ် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပါတီရုံးဝန်းအတွင်း ကျင်းပခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဈေးရောင်းပွဲတော်တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက် ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊...

တာဝန် မယူနိုင်ပဲ ခွဲတန်းနှင့် နေရာယူသည့်အလေ့အထ ပါတီတွင် မရှိကြောင်း USDP ဥက္ကဋ္ဌ ဆို

မန္တလေးမြို့၊ ဇန်နဝါရီ ၂၄၊ ၂၀၁၈ တာဝန်မယူနိုင်ပဲ ခွဲတန်းနှင့် နေရာယူသည့အလေ့အထ မိမိတို့ ပါတီတွင် မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ဇန်နဝါရီလ ၂၄ ရက်နေ့...

၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ၌သာ ကျင်းပပြုလုပ်နိုင်တော့မည်

နေပြည်တော်၊ဇန်နဝါရီ ၂၃၊ ၂၀၁၈ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌သာ ကျင်းပပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ “ဖေဖော်ဝါရီလထဲမှာ ဘယ်ရက် ဘယ်ရက်လုပ်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ ပြန်ညှိရမှာပေါ့နော်။ အသစ်ဝင်လာတဲ့ သူတွေကို အချိန်ပေးဖို့ ရှိသေးတယ်။ အဲ့ဒီအတွက်တော့...

(NCA) စာချုပ်တွင် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လတ်မှတ်ရေးထိုးမည်

နေပြည်တော် ၊ ဇန်န၀ါရီ ၂၃ ၊ ၂၀၁၈ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ပါဝင်လတ်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းသိရသည်။ “ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုလို့ရှိရင် အတူသွားရမှာဖြစ်ပါ တယ်။ တဆင့်ပြီးတဆင့်သွားရမယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာလည်း ကျွန်မတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ကျွန်မတို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက်ပြည်ထောင်စုတစ်ခုမှာ...

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ စည်းရုံးရေးဖွဲ့စည်းမှု တိုင်းဒေသကြီး (၅) ခု နှင့် ပြည်နယ် (၂)ခုတွင် ဖွဲ့စည်းပြီးဖြစ်

မန္တလေး၊ ဇန်နဝါရီ ၂၀၊ ၂၀၁၈ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ မှ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းလျှက်ရှိပြီး ယခုအချိန်အထိ တိုင်းဒေသကြီး (၅) ခု နှင့် ပြည်နယ် (၂)ခုတွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ ယင်းနိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီသည် ရှစ်လေးလုံးပါတီ...

အရပ်သားသေဆုံးမှု ၊ တရားစွဲဆိုဖမ်းဆီးခံရသည့် ကရင်နီလူငယ်များနှင့် ပတ်သတ်၍ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းမှုမပြေလည်

ရန်ကုန် ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈ ကရင်နီအရပ်သားသေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကယားပြည်နယ်လွိုင်ကော်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ကရင်နီလူငယ်ငါးဦးအား ဖမ်းဆီးထောင်ချခြင်းနှင့် ထပ်မံဆန္ဒ ထုတ်ဖော်သည့် ကရင်နီလူငယ် သုံးဦးအား ငြိမ်းချမ်းစွာ စုဝေးဟောပြောခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ- ၁၉ဖြင့်ထပ်မံ တရားစွဲဆိုဖမ်းဆီးခံရမှုအတွက် ပြည်နယ်အစိုးရနှင့် ယနေ့ညှိနှိုင်းခဲ့ပြီးပြေလည်မှုမရရှိခဲ့ကြောင်း ကရင်နီအမျိုးသား လူငယ်အစည်းအရုံးမှ...

ဒေါက်တာအေးမောင် ကို စစ်တွေထောင်သို့ပို့ဆောင်

ရန်ကုန် ဇန်နဝါရီ ၁၈ ၊ ၂၀၁၈ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေ မှုနှင့် မတရားအသင်းအက်ဥပဒေပုဒ်မ များဖြင့်ဖမ်းဆီးခြင်းခံရသော အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စစ်တွေအမှတ် (၁) ရဲစခန်းမှ စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ စစ်တွေအမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားစဉ် ရဲစခန်းရှေ့သို့ ပြည်သူများဝိုင်းလာသောကြောင့် စစ်တွေထောင်သို့ ပို့ဆောင်ခဲ့ခြင်း...

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မကျေနပ်မှုများကြောင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေဟု တိုင်းရင်းသားရေးရာဝန်ကြီး ပြော

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ၊၂၀၁၈ တိုင်းရင်းသားဒေသများ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မကျေနပ်မှု များကြောင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေကြောင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်က ပြောသည်။ “တိုင်းရင်းသားများတွင် ၎င်း တို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး မညီမျှမှုကြောင့် အထွေထွေမကျေနပ်မှုမှတဆင့် ပြည်တွင်းပဋိပက္ခများ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ အဲ့ဒီပဋိပက္ခတွေကြောင့် ယနေ့အထိပြည်တွင်းငြိမ်းချမ်းရေးကိုမရရှိနို်င်သေးပါ ။ငြိမ်းချမ်းမှု မရှိသည့်အတွက်ကြောင့်...

မြန်အောင်အမတ်ဦးလှမိုးအောင်အားဧရာတိုင်းဝန်ကြီးချုပ်အဖြစ်ခန့်အပ်

  ရန်ကုန်၊ ဇန်နဝါရီ ၁၈ ၊ ၂၀၁၈ လစ်လပ်နေသော ဧရာဝတီတိုင်းဒေသကြီးချုပ်အဖြစ်ခန့်အပ်ရန် မြန်အောင် မဲဆန္ဒနယ်မြေအမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်အား သမ္မတကအမည်စာရင်းပေးပို့ခဲ့ကြောင်း ယနေု့ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အရေးပေါ် လွှတ်တော် အစည်းအဝေး ၁/၂၀၁၈ မှသိရသည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် မြန်အောင်မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်သည်...

ဒေါက်တာအေးမောင်အား ချက်ချင်းအရေးယူရန်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးအမြဲတမ်း အတွင်းဝန်ပြော

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈ ဒေါက်တာအေးမောင်အား တည်ဆဲဥပဒေအရ ချက်ချင်းအရေးယူရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးတင်မြင့် ကပြောသည်။ "တည်ဆဲဥပဒေအရ အရေးယူပါလိမ့်မယ် ခွင့်ပြုချက်လည်းရပြီးပါပြီ ။ တည်ဆဲဥပဒေတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအရေးယူပါလိမ့်မယ် ။ ချက်ချင်းအရေးယူမှာပေါ့ဗျာ။" ဟုဦးတင်မြင့် ကပြောသည်။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်အား...

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အဆုတ်သွေးကြောအတွင်းသွေးခဲ၍ ကွယ်လွန်

မန္တလေး ၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၈ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော အသက်(၆၈)နှစ်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်၀၀:၂၅နာရီ အချိန်က အဆုတ်သွေးကြောအတွင်းသွေးခဲ၍ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ဇန်နဝါရီလ ၃ ရက်နေ့က ဦးနှောက်သွေးကြောပေါက်ခဲ့သည့်အတွက် မန္တလေး...

ပုသိမ်လူထုတွေ့ဆုံပွဲပြုလုပ်ခွင့်ရရေးအစိုးရနှင့်ဆက်လက်ညှိနှိုင်းမည်ဟု ကျောင်းသားတပ်မတော်ခေါင်းဆောင်ပြောဆို

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ၊ ၂၀၁၈ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၏ ပုသိမ်လူထုတွေ့ဆုံပွဲကို ပြီးခဲ့သည့် ဇန်န၀ါရီ ၁၃ရက်နေ့က ပုသိမ်မြို့ တွင်ပြုလုပ်ခဲ့ပြီး ဒေသအာဏာပိုင်များ၏ ဟန့်တားမှုကြောင့် ယာယီ ရပ်ဆိုင်းခဲ့ပြီး ကျင်းပခွင့်ရရှိ ရေးအတွက် အစိုးရနှင့် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ABSDF အထွေထွေ...

ခန့်အပ်မည့် ဝန်ကြီးချုပ်နှင့်ဝန်ကြီးစာရင်း မရောက်သေးသောကြောင့် ဧရာတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ရက်ရွေ့ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ၊၂၀၁၈ ဧရာဝတီတိုင်းဒေသကြီးအတွက် လစ်လပ်နေသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးရာထူးနေရာများအတွက် သမ္မတက မှတ်ချက်ပြုပေးအပ်မည့် အမည်စာရင်း မရောက်ရှိသေးသောကြောင့် ဧရာဝတီတိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးကို ရက်ရွေ့ဆိုင်းခဲ့သည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့ ယနေ့တွင်ပြုလုပ်မည့် အရေးပေါ် အစည်းအဝေး မတိုင်မီ မိနစ်ပိုင်းအလိုတွင် လွှတ်တော်၏ ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေသောကြောင့်...