သောကြာ၊ ဇွန် ၅၊ ၂၀၂၀

“အရည်အချင်းမရှိ သူများအား ရွေးချယ်တာဝန်ပေးအပ်မိပါက နောက် ၅နှစ် ခါးစည်းခံရလိမ့်မည် ” ဟု ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရှိသူ ပြော

နိုဝင်ဘာ ၂၅ ကိုလူသစ် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲများတွင် အရည်အချင်းမရှိ သည့်လူ၊အားနည်းသည့်လူ၊အတွေ့အကြုံမရှိသည့်လူများကို ရွေးချယ်တာဝန်ပေးအပ်မိပါက နောက်ထပ် ၅နှစ် ထပ်မံခါးစည်းခံရလိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောကြားသည်။ ''လွှတ်တော်ထဲကို လူတော်လူကောင်းနဲ့အစွဲမရှိတဲ့ ပုဂ္ဂိုလ်တွေရောက်သွားမှသာလျှင် အဲ့ဒိလွှတ်တော်ကသင့်တော်တဲ့ အစိုးရကိုဖွဲ့စည်းပြီး သမ္မတဖြစ်သင့်တဲ့ပုဂ္ဂိုလ်ကို သမ္မတဖွဲ့စည်းပေးပြီးတော်မှ နိုင်ငံအတွက်လိုအပ်တဲ့ဥပဒေတွေကိုရေးဆွဲပြဌာန်း၊မလိုတဲ့ဥပဒေတွေကိုဖျက်သိမ်းဆောင်ရွက်သွားမှားဖြစ်ပါတယ်။အရည်အချင်းမရှိတဲ့လူ၊အားနည်းတဲ့လူ၊အတွေ့အကြုံမရှိတဲ့လူတွေကို ရွေးချယ်တာဝန်ပေးအပ်မိရင်တော့ နောက်ထပ် ၅နှစ် ခါးစည်းခံရဦးမှာဖြစ်ပါတယ်''ဟု ဒေါက်တာနန္ဒလှမြင့်ကပြောကြားသည်။ ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်ရှိ...

အမျိုးသားနိုင်ငံရေးပါတီတည်ထောင်ခွင့် လိုအပ်ချက်များရှိနေသဖြင့် UEC မှ ခွင့်မပြုသေး

ဇန်န၀ါရီ ၉ ယဉ်ကေနွယ် ယခင် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သည့် ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားရာတွင် လိုအပ်ချက်များရှိနေသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ပါတီတည်ထောင်ခွင့်အား ခွင့်မပြုသေးကြောင်း UEC ဥက္ကဌ ဦးလှသိန်းကပြောသည်။ “ကျွန်တော်တို့ဆီက ပြည့်စုံရင်တော့ ခွင့်ပြုပေးမှာပါ။ ကျွန်တော်တို့ ခွင့်မပြုသေးတာက ပြည့်စုံမှုမရှိသေးလို့ စောင့်ဆိုင်းနေတာပါ။ ဘာတွေလိုအပ်နေလဲဆိုတာကတော့ အသေးစိတ်...

“ခြေ/ဥ ပြင်ဆင်ရေးကော်မတီဖွဲ့စည်းမည့် အရေးကြီး အဆို မေးခွန်းထုတ်စရာရှိ” ဟု ပြည်ခိုင်ဖြိုးအမတ်ပြော

ဇန်န၀ါရီ ၃၀ ယဉ်ကေနွယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းမည့် အရေးကြီးအဆိုသည် မေးခွန်းထုတ်စရာ ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ အမတ်ဖြစ်သူ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမောင်သင်းကပြောသည်။ “ကျွန်တော်တို့ရဲ့ လွှတ်တော်နည်းဥပဒေ ၆၆(ဃ) ရဲ့ နံပတ် ၂ မှာ အရေးပေါ် တစ်တိုင်းပြည်လုံးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ဆိုတဲ့ မေးခွန်းအတွက်ပဲဖြစ်လာတယ်။ နောက်...

ကချင်နိုင်ငံရေးပါတီ သုံးခု တစ်ပါတီတည်းပေါင်းစည်းရေး သဘောတူ

ရန်ကုန် ၊ ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈ ကချင်ပြည်နယ်တွင်အခြေစိုက်သော နိုင်ငံရေးပါတီသုံးခုသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းရန် သဘောတူလက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။ တစ်ပါတီတည်းဖြစ်ရေးအတွက် ပူးပေါင်းရန်သဘောတူညီခဲ့သော နိုင်ငံရေးပါတီများမှာ ကချင်ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်အမျိုးသားကွန်ကရက်ပါတီတို့ ဖြစ်ကြောင်းသိရသည်။ "တစ်ပါတီတည်းပူးပေါင်းရေးအတွက် ဒီနေ့လက်မှတ်ရေးထိုးတယ်။ အခုလိုပူးပေါင်းတာကတော့ လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကို ရောက်ဖို့အတွက်ပဲဖြစ်တယ်" ဟု...

ဝန်ကြီးချုပ်ခန့်အပ်ရန် ဧရာတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်မည်

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈ လစ်လပ်သွားသည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအတွက် ခန့်အပ်ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ဇန်နဝါရီိ ၁၅ ရက်တွင် ခေါ်ယူထားကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးတို့ကို ယနေ့တွင် နိုင်ငံတော်သမ္မတ...

လဲချားမြို့နယ် မြို့ပေါ်ရပ်ကွက် မဲရုံများတွင် မဲပေးသူ သုံးပုံ တစ်ပုံသာရှိ

နိုဝင်ဘာ ၃ နိုင်လင်းဦး ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲချားမြို့နယ် မြို့ပေါ်ရပ်ကွက် မဲရုံများတွင် မဲပေးသူမှာ မဲပေးခွင့်ရှိသူ အရေအတွက်၏ သုံးပုံ တစ်ပုံသာရှိကြောင်း တွေ့ရှိရသည်။ လဲချားမြို့နယ်တွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် နိုဝင်ဘာလ ၃ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ညနေ ၃ နာရီ မိနစ် ၃၀ ကျော်အချိန်အထိ...

ပြည်ထောင်စုဝန်ကြီး နှစ်ပါး ပါတီလုပ်ငန်းများ ဝင်ရောက်ဆောင်ရွက်သည်ဟုဆိုကာ ရွေးကော်နှင့် လွှတ်တော်အား မေးမြန်းမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ဇူလိုင် ၂ ကျော်သူမြင့် နေပြည်တော် MICC-2 တွင် ဇွန်လ ၃၀ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသမီးလုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ၂ ဦး အဖွင့်မိန့်ခွန်း တက်ရောက်ပြောဆိုခဲ့ခြင်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိမရှိအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော်သို့...

“အစိုးရနဲ့လွှတ်တော်က ပုလင်းတူ၊ ဘူးစို့ဖြစ်သွားရင် အဲ့ဒါ ဒီမိုကရေစီ ပျက်သွားပြီ “

စက်တင်ဘာ ၂၉ ယဉ်ကေနွယ် အစိုးရနှင့် လွှတ်တော်မှ ပုလင်းတူ ဘူးစို့လုပ်နေအည်ဆိုပါက ဒီမိုကရေစီ ပျက်မည်ဟု ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောဆိုလိုက်သည်။ ''သမ္မတနဲ့ လွှတ်တော်နဲ့ အစိုးရနဲ့ လွှတ်တော်နဲ့က ပုလင်းတူဘူးစို့ဖြစ်သွားပြီဆိုရင် အဲ့ဒါဒီမိုကရေစီပျက်ပြီ ။ဘာကြောင့်လဲဆိုတော့အစိုးရကိုလွှတ်တော်ကထိန်းကျောင်းရမယ့်အစား ယောက္ခမနို့သားမတ်မစို့ဝံ့ ဆိုတာရှိတယ်မြန်မာစကား ။မပြောရဲအဆိုရဲ၊ဒီကြားထဲမှာမှအစိုးရကိုအကြပ်အတည်ဖြစ်အောင်မလုပ်ပါနဲ့ ၊အကြပ်အတည်းဖြစ်မယ့်မေးခွန်းတွေမမေးပါနဲ့ဆိုတော့ တကယ်ကအကြပ်အတည်းဖြစ်အောင်လုပ်နေတာမဟုတ်ဘူး။လွှတ်တော်ကလွှတ်တော်အလုပ်ကိုလုပ်ကိုလုပ်ရမှာ၊အဲ့ဒီအလုပ်တာဝန်ပျက်သွားပြီဆိုရင်အဲ့ဒါဒီမိုကရေစီပျက်တာပဲ၊ ''ဟုပြောကြားခဲ့သည်။ ယနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်...

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အစိုးရနှင့်တပ်မတော်က စိတ်ပါဝင်စားခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးတံခါးပိတ်သွားပြီ ဟု SNLD ပြော

ဇွန် ၂၅ ကိုလူသစ် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့(EAO)များဘက်က ခိုင်မာစေရန်လုပ်ဆောင်နေ သော်လည်း အစိုးနှင့်တပ်မတော်တို့မှာ လက်ရှိတွင်ငြိမ်းချမ်းရေးအပေါ် စိတ်ပါဝင်စားခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးတံခါးမှာပိတ်သွားပြီဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ အထွေထွေအတွင်းရေးမှူး(၁)ဖြစ်သူ ဦးစိုင်းလိတ်က ပြောကြားသည်။ ''တစ်ချက်ပဲ ပြောပါမယ်။ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်လာရင် EAO ကတစ်ဖက်သက်အချစ်ဖြစ်နေတယ်။အစိုးရနဲ့တပ်မတော်အနေနဲ့ ဘာမှသိပ်စိတ်မဝင်စားတော့ဘူး။အဲလိုအခြေအနေမျိုးရောက်နေပါတယ်။၂၀၂၀မှာအပြီးလုပ်ရမယ်လို့ တပ်ချုပ်ကြီးကပြောတယ်။ငြိမ်းချမ်းရေးကိစ္စကို။ ဒါပေမယ့် ၂၀၂၀မတိုင်ခင်မှာဘာလုပ်မလဲဆိုတာ Plan မရှိဘူး။ဘာနဲ့ပိတ်ထားလဲဆိုရင်...

မြင်းခြံမြို့နယ်တွင် ဆန္ဒမဲလာပေးကြသူများမြင်ကွင်း

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်နေ့တွင် ကျင်းပလျှက်ရှိရာ မြင်းခြံမြို့နယ်ရှိ မဲရုံများ တွင်စတင်မဲပေးနေကြပြီဖြစ်သည်။ ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်နေရာ ၁၃ ခုသာရှိသည်။ Photo - MPA ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်နေ့တွင် ကျင်းပလျှက်ရှိရာ မြင်းခြံမြို့နယ်ရှိ မဲရုံများ တွင်စတင်မဲပေးနေကြပြီဖြစ်သည်။ ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်...

အလုပ်ပိုလုပ်သည့် ကိုယ်စားလှယ်များ ပိုတိုင်ကြားခံရ ဟု ဒေါက်တာ မျိုးညွန့်ပြော

ဇူလိုင် ၂၉ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပိုမို တိုင်ကြားခံရမှုများရှိနေကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။ “ကိုယ်စားလှယ်တွေက သူတို့အလုပ်တွေကို ဖိဖိစီးစီးလုပ်ပါတယ်။ အလုပ်ပိုလုပ်တဲ့ကိုယ်စားလှယ်တွေပိုတိုင်ခံရတာတွေတွေ့နေရပါတယ်” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။ ကိုယ်စားလှယ်များအနေဖြင့် တိုင်ကြားမှုများရှိနေရခြင်းသည် လုပ်နေကျ အလုပ်မဟုတ်သည့်အတွက် အံချော်နေခြင်းဖြစ်ကြောင်း၊ ၎င်းပါတီဝင် များနင့် နဂိုက ပူးပေါင်းဆောင်ရွက်ရာကနေ လုပ်ငန်းတာဝန်...

နေပြည်တော်ရုံးခွဲဖွင့်ရန် သိန်းနှစ်ထောင်ကျော်ဖိုး မြေကွက် NLD ဝယ်ယူထား

ဖေဖော်ဝါရီ ၂၆ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နေပြည်တော်ကောင်စီနယ်မြေတွင်ရုံးခွဲဖွင့်လှစ်ရန်အတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေကွက်အား ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေ၀င်းမြင့်ကပြောသည်။ “နေပြည်တော်မှာ NLD ရုံးခွဲဖွင့်မယ်.အဲ့ဒီအတွက် ၁၆ ဧက ရှိတဲ့ မြေကို ၀ယ်ထားတာ သိန်းပေါင်း ၂၄၄၅...

ငြိမ်း/စု/စီ ဥပဒေ ပြင်ဆင်မှုအပေါ် ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဝေဖန်

နေပြည်တော်၊ မတ် ၁၅ ၊ ၂၀၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်သူများ၏သဘောဆန္ဒအား ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကပြောသည်။ “ငြိမ်းစုစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံသားအခွင့်အရေးမှာ ပြဌာန်း ထားတာတွေရှိတယ်။မိမိယုံကြည်ချက်ကိုလွတ်လပ်စွာတင်ပြနိုင်တယ်။ လက်နက်မပါပဲငြိမ်းချမ်းစွာစုဝေးတန်းစီခွင့်ရှိတယ်တို့အသင်းအဖွဲ့(သို့) အစည်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိတယ်တို့ တိုင်းရင်းသား...

ဦးကိုကိုကြီး ၏ ” ပြည်သူ့ပါတီ ” မှတ်ပုံတင်ခွင့် လျှောက်ထား

ဇူလိုင် ၉ ယဉ်ကေနွယ် ရှစ်လေးလုံးပါတီမှ ပြည်သူ့ပါတီ သို့ အမည်ပြောင်းမှတ်ပုံတင်ခွင့် ကို ယနေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ယနေ့တွင် လျှောက်ထားခဲ့သည်။ ပြည်သူ့ပါတီအဖြစ် နာမည်ပြောင်းလျှောက်ထားမှုသည် သုံးကြိမ်မြောက်ဖြစ်ပြီး ရှစ်လေးလုံးပါတီ၊ ရှစ်လေးလုံးပြည်သူ့ ပါတီ စသည့် အမည်များဖြင့် လျှောက်ထားခဲ့သော်လည်း ကင်္န့ကွက်မှုများ ရှိသောကြောင့် ယခုအမည်ဖြင့် ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း...

ဆိပ်ကမ်းတွင် USDP နိုင်

အောက်တိုဘာ ၃ ကိုလူသစ် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နိုဝင်ဘာ ၃ရက်ကပြုလုပ်ခဲ့ရာတွင် ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ်(၂)အတွက် ပြည်ထောင်စုကြံ့ခိုက်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ကိုယ်စားလှယ်လောင်းဦးနေမျိုးအောင်ကို ရမဲ ၅၀၇ မဲဖြင့် တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုကြေညာခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၁၃နေရာအနက် ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ်(၂)အတွက် ဆန္ဒမဲပေးရွေးချယ်မှုကို ယနေ့နံနက် ၆နာရီအချိန်တွင် စတင်ခဲ့ရာ ရဲရိပ်သာရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင် မဲပေးခွင့်ရှိသူ ၇၄၆ဦးအနက်...