ကြာသပတေး၊ ဩဂုတ် ၆၊ ၂၀၂၀

“တပ်ချုပ်ကတိစကားကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၂၀ ခုနှစ်တွင် ပြင်ဆင်နိုင်မည်” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ပြော

ဒီဇင်ဘာ ၁၀ ယဉ်ကေနွယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ကတိစကားကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ၂၀၂၀ ခုနှစ်တွင် ပြင်ဆင်နိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။ “ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ပြောခဲ့တဲ့ ကတိစကားတစ်ခုရှိပါတယ်။ ၂၀၂၀ မှာ ကျွန်တော်တို့ငြိမ်းချမ်းရေးကို ပြည်သူတွေလက်အရောက် အပ်ပါမယ်လို့ စကားရှိပါတယ်။ငြိမ်းချမ်းရေး အပ်လိုက်ပြီဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က တခါတည်းပါသွားမယ်”ဟု...

ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ANP ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်ပြန်

စက်တင်ဘာ ၃ ပဉ္စမလှိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ က ရခိုင်အမျိုးသားပါတီ(ANP) ကိုယ်စားလှယ် ၂ ဦးကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ANP ပါတီက ဒီနေ့ ထုတ်ပြန်ပါတယ်။ ကော်မတီမှာ ပါဝင်ရန်ဆန္ဒမရှိတော့တာကြောင့်လို့ ဖော်ပြထားပါတယ်။ မနေ့ကလည်း မအူပင်အမတ် ဦးစိန်ဝင်းက သမိုင်းတရားခံအဖြစ်မခံနိုင်လို့ဆိုပြီး နုတ်ထွက်စာတင်ထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၄၅ ဦးနဲ့ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် ၃ ဦး နုတ်ထွက်ခဲ့တာပါ။ စက်တင်ဘာ...

၂၀၂၀ရွေးကောက်ပွဲတွင် ကရင်ပါတီသစ် အောင်မြင်မည်ဟု ယုံကြည် ကြောင်း ပါတီဥက္ကဋ္ဌပြောဆို

ရန်ကုန် ၊ မတ် ၁၂ ၊ ၂၀၁၈ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၄ပါတီပူးပေါင်းခဲ့သည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDPပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်မြင်မည်ဟု ယုံကြည်ကြောင်း ပါတီဥက္ကဋ္ဌ အဖြစ်ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် ဦးမန်းအောင် ပြည်စိုးက ပြောသည်။ KNDPကို ကရင်ပြည်နယ်အခြေစိုက်ပါတီများဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)...

NLD ပါတီ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကွယ်လွန်

ဇူလိုင် ၁၉ ကျော်သူမြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်သည် အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ " ဆုံးတာကတော့ မနေ့က မနက်ပိုင်းကပဲ လည်ချောင်းကင်ဆာရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့ တာပါ"ဟု...

နေပြည်တော်ရုံးခွဲဖွင့်ရန် သိန်းနှစ်ထောင်ကျော်ဖိုး မြေကွက် NLD ဝယ်ယူထား

ဖေဖော်ဝါရီ ၂၆ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နေပြည်တော်ကောင်စီနယ်မြေတွင်ရုံးခွဲဖွင့်လှစ်ရန်အတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေကွက်အား ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေ၀င်းမြင့်ကပြောသည်။ “နေပြည်တော်မှာ NLD ရုံးခွဲဖွင့်မယ်.အဲ့ဒီအတွက် ၁၆ ဧက ရှိတဲ့ မြေကို ၀ယ်ထားတာ သိန်းပေါင်း ၂၄၄၅...

အမျိုးဂုဏ်ထိန်းသိမ်းသည့်ပါတီဖြစ်သောကြောင့် အလံပြောင်းလဲ လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးဆို

ရန်ကုန် ဇန်နဝါရီ ၂၇ အစိမ်းရောင်အောက်ခံ အနီထောင့်ကွက်အတွင်း ကြယ်ဖြူတစ်လုံး ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံကို ပြောင်းလဲလျှောက်ထားခြင်းသည် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ထိန်းသိမ်းသည့် သဘောကို ပြသလိုခြင်းကြောင့်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် က ပြောသည်။ ပြောင်းလဲလိုက်လျှောက်ထားသည့် အလံတွင် မူလအလံနှင့် အထူးကွဲပြားခြင်း မရှိဘဲ အဖြူရောင်ကြယ်အား...

အုတ်တွင်းတွင် NLD ဦးကျော်ဇေယျ မဲအသာရနေ

၂၀၁၈ကြာဖြတ်ရွေးကောက်ပွဲ မဲရလဒ်ရေတွက်မှုအရ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ်များ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတော့ ကိုယ်စာလှယ်လောင်း ၈ဦးရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးကျော်ဇေယျက မဲအသာဖြင့် အနိုင်ရနေကြောင်း သိရသည်။ Photo - Thant Lwan Wai Chit...

NLD ပါတီဝင်သုံးဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

ဖေဖော်ဝါရီ ၂၂ ယဉ်ကေနွယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ NLD ပါတီမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တို့သည် ပါတီအဖွဲ့ဝင်အဖြစ် ၀င်ရောက်လာကြောင်း သိရသည်။ ယနေ့ နေပြည်တော်ရှိ ဒက္ခိဏသိရီမြို့နယ် ကျေးစာဥကျေးရွာ တွင် ပါတီအဆိုပြုလွှာပေးအပ်ပွဲတွင် လာရောက်ဝင်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် NLD ပါတီမှာ ထပထမဦးဆုံးလုပ်ခါစက...

ရခိုင်မှ ကြားဖြတ်ရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၄ ဦးသာ လျှောက်ထား

မောင်စပ်စု ဇူလိုင် ၁၇ ရခိုင်ပြည်နယ်တွင်ပြုလုပ်မည့်ကြားဖြတ်ရွေးကောက်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၄ ဦးသာလျှောက်ထားကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။ "နိုင်ငံရေးပါတီ ၃ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ယောက်တို့ပဲ အမည်စာရင်းတင်သွင်းထားပါတယ်။"ဟု ဦးခင်မောင်ဦးက ဆိုသည်။ အမည်စာရင်းတင်သွင်းလျှောက်ထားသူများမှာ ရခိုင်အမျိုးသားပါတီမှ ဦးလှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးခင်သန်းမောင်နှင့်...

ငြိမ်း/စု/စီ ဥပဒေ ပြင်ဆင်မှုအပေါ် ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဝေဖန်

နေပြည်တော်၊ မတ် ၁၅ ၊ ၂၀၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်သူများ၏သဘောဆန္ဒအား ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကပြောသည်။ “ငြိမ်းစုစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံသားအခွင့်အရေးမှာ ပြဌာန်း ထားတာတွေရှိတယ်။မိမိယုံကြည်ချက်ကိုလွတ်လပ်စွာတင်ပြနိုင်တယ်။ လက်နက်မပါပဲငြိမ်းချမ်းစွာစုဝေးတန်းစီခွင့်ရှိတယ်တို့အသင်းအဖွဲ့(သို့) အစည်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိတယ်တို့ တိုင်းရင်းသား...

RCSS၏ တပ်သားသစ်အဖြစ်စုဆောင်းခံရသည့် NLD လူငယ်များကို ပြန်လွှတ်ပေးမည်

ဇူလိုင် ၁၇ ကျော်သူမြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားသစ်စု ဆောင်းခြင်းခံရသည့် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့မှ NLD လူငယ် ၄ဦးကို ရက်ပိုင်းအတွင်း ပြန်လွှတ် ပေးမည်ဟု သိရသည်။ " ကျွန်တော်တို့လူငယ်လေးဦးကို ဆက်ဆံရေးရုံးတွေကနေအဆင့်ဆင့် ညှိနှိုင်းပြီး တစ်ရက်နှစ်ရက် အတွင်း ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့ပြန်လွှတ်မယ်ဆိုကတည်းက ဂတိတည်မှာပါ...

“ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက လိုသလိုသုံးရန် မဖြစ်စေဖို့ ရွေးကော်ဥပဒေကို ပြင်ရမည်” ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြော

စက်တင်ဘာ ၁၄ ယဉ်ကေနွယ် အာဏာရပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို လိုသလို သုံးကာ အသာစီးယူမှုများ မဖြစ်စေရေးအတွက် ရွေးကော်ဥပဒေ အား ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေး ကပြောဆိုလိုက်သည်။ “အာဏာရတဲ့ ပါတီ က ရွေးကောက်ပွဲကော်မရှင်ကို လိုသလို သုံးပြီးအသာစီးယူ ၊အနိုင်ယူမှုတွေ ဖန်တီးခွင့်မရရှိအောင် ရွေးကောက်ပွဲကော်မရှင် ဥပဒေ...

လွိုင်ကော်ဆန္ဒပြလူငယ် ၅ဦးကို ထောင်ဒဏ်ရက်၂၀ ချမှတ်

ရန်ကုန် - ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈ လွိုင်ကော်တွင်ငြိမ်းစုစီဥပဒေဖြင့်အညီဆန္ဒထုတ်ဖော်ခဲ့ခြင်းမရှိသည့် လူငယ်ငါးဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇က်၂၀ချမှတ်ခဲ့ကြောင်းသိရသည်။ KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးမှုအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်နေ့ ကအမှုမှန် ပေါ်ပေါက်ရန် ဆန္ဒ ထုတ်ဖော်ခဲ့သည့် လူငယ်ခေါင်းဆောင် ငါးဦးကို လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ငြိမ်းချမ်းစွာ...

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ဝေးလံသည့်ထောင်များသို့ ထပ်မံပို့ဆောင်မည်ကို မိသားစုများစိုးရိမ်

ဧပြီ ၉ ညိုမှိုင်း ပြစ်ဒဏ် နှစ် ၂၀ စီကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား ဧပြီလ ၆ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။ ၎င်းတို့နှစ်ဦးအား မိသားစုများသွားရောက်တွေ့ဆုံရန် အခက်အခဲရှိမည့် ဝေးလံသည့်ဒေသများမှ အကျဉ်းထောင်များသို့ ဆက်လက်ပို့ဆာင်ခံရမည်ကိုစိုးရိမ်ကြောင်း စာရေးဆရာဝေဟင်အောင်၏ မိသားစုဝင်များကပြောသည်။ “အခုတော့ အင်းစိန်ထောင်ကို ပြောင်းပစ်လိုက်တာဖြစ်ပါတယ်။ ဧပြီ ၆...

အဖရခိုင်ပါတီတည်ထောင်သူကို ရခိုင်အမျိုးသားပါတီက နှုတ်ထွက်ခွင့်မပြုသေး

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈ ရခိုင်အမျိုးသားပါတီမှ နှုတ်ထွက်ပြီး အဖရခိုင်ပါတီတည်ထောင်မည့် ဦးကျော်ဇောဦးအား ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်မပြုသေးကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောသည်။ ဦးကျော်ဇောဦးသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်...