စနေ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၀

ပြည်ထောင်စုဝန်ကြီး နှစ်ပါး ပါတီလုပ်ငန်းများ ဝင်ရောက်ဆောင်ရွက်သည်ဟုဆိုကာ ရွေးကော်နှင့် လွှတ်တော်အား မေးမြန်းမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ဇူလိုင် ၂ ကျော်သူမြင့် နေပြည်တော် MICC-2 တွင် ဇွန်လ ၃၀ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသမီးလုပ်ငန်း ကော်မတီများ စုံညီတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ၂ ဦး အဖွင့်မိန့်ခွန်း တက်ရောက်ပြောဆိုခဲ့ခြင်းအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိမရှိအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လွှတ်တော်သို့...

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ကန့်ကွက်ရှုတ်ချပွဲ ပြည်ခိုင်ဖြိုးပါတီဦးဆောင်ပြီး အောင်လံတွင် ပြုလုပ်

သြဂုတ် ၂ ပဉ္စမလှိုင်း နိုင်ငံခြားသားကလေး မွေးစားခွင့် ဟု လူသိများနေသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ကန့်ကွက်ရှုတ်ချပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မျိုးချစ်အင်အားစုများပူးပေါင်းကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲအား မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ယနေ့မနက်ပိုင်း က ပြုလုပ်ခဲ့သည်။ ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်သော အဆိုပါဆန္ဒဖော်ထုတ်ပွဲကို သံဃာတော် (၂၀၀) ခန့်နှင့် လူထုအင်အား ၃၀၀၀ ခန့် ပါဝင်ချီတက်လှည့်လည်ဆန္ဒဖော်ထုတ်ပြီး...

ငြိမ်း/စု/စီ ဥပဒေ ပြင်ဆင်မှုအပေါ် ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဝေဖန်

နေပြည်တော်၊ မတ် ၁၅ ၊ ၂၀၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်သူများ၏သဘောဆန္ဒအား ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းကပြောသည်။ “ငြိမ်းစုစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံသားအခွင့်အရေးမှာ ပြဌာန်း ထားတာတွေရှိတယ်။မိမိယုံကြည်ချက်ကိုလွတ်လပ်စွာတင်ပြနိုင်တယ်။ လက်နက်မပါပဲငြိမ်းချမ်းစွာစုဝေးတန်းစီခွင့်ရှိတယ်တို့အသင်းအဖွဲ့(သို့) အစည်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိတယ်တို့ တိုင်းရင်းသား...

NLD ဒုတိယအကြိမ် လူငယ်ညီလာခံ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ရန်ကုန်။ မတ် ၃။ ၂၀၁၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းလူငယ် ညီလာခံ ကိုယ်စားလှယ်များ စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့ ယုဒသန်ခန်းမတွင် နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည်။ မတ်လ ၂ ရက်နှင့် ၃ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သော...

စည်ပင်ရွေးကောက်ပွဲ နိုင်ငံရေးပါတီများ မတရားဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်စေရေး ပြည်သူလူထုကအမှန် တရားဖြစ်အောင်ရပ်တည်ပေးရန် ဒေါက်တာ ညိုညိုသင်း ပြော

ဖေဖော်ဝါရီ ၂၁ ကိုလူသစ် ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှမတရားဝင်ရောက် စွပ်ဖက်ခြင်းမပြုနိုင်စေရေးအတွက် ပြည်သူလူထုအနေဖြင့် အမှန်တရားဖြစ်အောင်ရပ်တည်ပေးရန် ရန်ကုန် စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းက တိုက်တွန်းပြောကြားလိုက်သည်။ “နိုင်ငံတွေမှာ ဒေသန္တရရွေးကောက်ပွဲဆိုတာ အရမ်းအရေးကြီးတယ်။ပုံမှန်ရွေးကောက်ပွဲထပ် တောင်အရမ်းကြီး တာဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဖြစ်အောင် ၊နိုင်ငံရေးပါတီတွေရဲ့ မတရားဝင် စွပ်ဖက်ခြင်းမပြုအောင်၊ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ကာကွယ်နိုင်အောင် ပြည်သူ လူထုက အမှန်တရား ဖြစ်အောင် ရပ်တည်ပေးကျပါလို့...

“ပါတီကို မဲထည့်ဖို့ထက် မဲပေးသူ မရှိမှာကို စိုးရိမ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြော

နိုဝင်ဘာ ၃ နိုင်လင်းဦး ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲချားမြို့နယ်၌ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ဖို့ထက် မဲပေးသူ မရှိမှာကို စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ လဲချားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က The...

“လက်ရှိအစိုးရလက်ထက်တွင် မီဒီယာများကို လုပ်ပိုင်ခွင့်ပေးမှု အားနည်းလာ” ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ပြော

စက်တင်ဘာ ၁၄ ယဉ်ကေနွယ် ယခု အစိုးရ လက်ထက်တွင် ၎င်း တို့ဘက်မှ ပွင့်လင်းစွာ စပြောတာမျိုး မီဒီယာများကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့တွေ အားနည်းလာကြောင်း ပြန်ကြားရေး ၀န်ကြီးဟောင်းဖြစ်သည့် ဦးရဲထွဋ်မှ ထောက်ပြဝေဖန်ပြောဆိုလိုက်သည်။ လက်ရှိ အစိုးရ လက်ထက် တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး အဖြစ် ဒေါက်တာဖေမြင့်...

နေပြည်တော်ရုံးခွဲဖွင့်ရန် သိန်းနှစ်ထောင်ကျော်ဖိုး မြေကွက် NLD ဝယ်ယူထား

ဖေဖော်ဝါရီ ၂၆ ယဉ်ကေနွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နေပြည်တော်ကောင်စီနယ်မြေတွင်ရုံးခွဲဖွင့်လှစ်ရန်အတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေကွက်အား ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေ၀င်းမြင့်ကပြောသည်။ “နေပြည်တော်မှာ NLD ရုံးခွဲဖွင့်မယ်.အဲ့ဒီအတွက် ၁၆ ဧက ရှိတဲ့ မြေကို ၀ယ်ထားတာ သိန်းပေါင်း ၂၄၄၅...


အသစ်တစ်ဖန်တောက်ပတဲ့ မြန်မာနိုင်ငံဖြစ်အောင်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော အောက်တိုဘာ ၁၇ ပဉ္စမလှိုင်း "ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အသစ်တစ်ဖန်တောက်ပလာတဲ့ မြန်မာနိုင်ငံဖြစ်အောင် အချိန်တိုတိုအတွင်းမှာ ဆောင်ရွက်နိုင်ဖို့ အသင့်ရှိတယ်လို့" ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြောဆိုခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ယနေ့ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ဒေသခံတဦးမှ လက်ရှိစီးပွားရေးကျဆင်းနေမှုအခြေအနေကို ပြည်ခိုင်ဖြိုးအစိုးရဖွဲ့နိုင်ပါက...

လွိုင်ကော်ဆန္ဒပြလူငယ် ၅ဦးကို ထောင်ဒဏ်ရက်၂၀ ချမှတ်

ရန်ကုန် - ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈ လွိုင်ကော်တွင်ငြိမ်းစုစီဥပဒေဖြင့်အညီဆန္ဒထုတ်ဖော်ခဲ့ခြင်းမရှိသည့် လူငယ်ငါးဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇က်၂၀ချမှတ်ခဲ့ကြောင်းသိရသည်။ KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးမှုအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်နေ့ ကအမှုမှန် ပေါ်ပေါက်ရန် ဆန္ဒ ထုတ်ဖော်ခဲ့သည့် လူငယ်ခေါင်းဆောင် ငါးဦးကို လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ငြိမ်းချမ်းစွာ...

တာမွေမြို့နယ်တွင် သမ္မတ မဲပေး(ရုပ်သံ)

https://www.youtube.com/watch?v=ru4Bx8KIN3A နိုင်ဝင်ဘာ ၃ ကျော်သူမြင့် ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ လစ်​လပ်​မဲဆန္ဒနယ်​ ဖြစ်​သည့်​ တာ​မွေမြို့နယ်​ ကျားကွက်​သစ်​ရပ်​ကွက်​ မဂ္ဂင်​လမ်းရှိ မဲရုံအမှတ်​ ၃ သို့ နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​က ယ​နေ့​နေ့လည်​ ၁နာရီ မိနစ်​ ၄၀ အချိန်​က လာ​ရောက်​မဲ​ပေးခဲ့သည်​။ မဲရုံ​ရှေ့သို့ သမ္မတထံတိုင်​ကြားစာ ​ပေးမည့်​ ပြည်​သူများနှင့်​ ရပ်​ကွက်​​နေပြည်​သူများဖြင့်​ ပြည့်​နှက်​​နေခဲ့သည်​။ တာ​မွေမြို့နယ်​ ရပ်​ကွက်...

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော် ကိစ္စကို ဘာမှ ကြိုမပြောလိုကြောင်း NLD ဒုဥက္ကဋ္ဌ (၂) ပြော

မတ် ၁၃ နိုင်လင်းဦး အဂတိလိုက်စားမှုနဲ့ အဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော် ကိစ္စကို ဘာမှ ကြိုမပြောလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်အား ပါတီ အနေဖြင့် အရေးယူခြင်းမရှိသေးပဲ တရားရုံးဆုံးဖြတ်ချက်ပြီးမှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည် ။ "သူ့မှာလည်း ခုခံပိုင်ခွင့်ရှိသေးတယ်လေ...

ကြားဖြတ်ရွေးကောက်ပွဲတွင် မန်းတိုင်းအတွင်း မဲပေးသူ ၄၁ ရာခိုင်နှုန်းကျော်သာရှိ

နိုဝင်ဘာ ၅ နိုင်လင်းဦး ၂၀၁၈ခုနှစ် နိုဝင်ဘာလ၃ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူ၏ ၄၁ရာခိုင်နှုန်းကျော်ကသာ မဲပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က သိရသည် ။ မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမြို့နယ်ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) နှင့် ရှမ်းတိုင်းရင်သား...

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၂၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

ဇွန် ၈ ယဉ်ကေနွယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြေကြားလိုက်သည်။ “သူတို့က သူတို့နှစ်ယောက် အရွေးခံရမယ့် မဲဆန္ဒနယ်မှာတော့ မဲဆွယ်ခွင့်ရှိနေပါတယ်။ အတိုင်ပင်ခံရော၊သမ္မတကြီးရော ကျွန်တော်တို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။...

ပုံဖျက်တံဆိပ်ကပ်မှုများကို တွေဝေနေစရာမရှိ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပြော

မေ ၃၀ ယဉ်ကေနွယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်အခြေခံဥပဒေပါပြဌာန်းချက်များ၊ပေးထားချက်များနှင့် အညီသာလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကြောင့် ပုံဖျက်တံဆိပ်ကပ်မှုများကို တွေဝေနေစရာမရှိဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးကပြောသည်။ “မိမိတို့ပါတီဟာ အခြေခံပါဥပဒေပြဌာန်းချက်၊ပေးထားချက်တွေနဲ့အညီသာ လှုပ်ရှားပြောဆိုနေကြတာဖြစ်လို့ဇာတိသွေးမှေးမှိန်နေသူများရဲ့ ပုံဖျက်တံဆိပ်ကပ်မှုအပေါ် ယိမ်းယိုင်တွေဝေနေစရာအကြောင်းမရှိပါဘူး”ဟု ဦးသန်းဌေးကပြောသည်။ နိုင်ငံရေးပါတီသည် နိုင်ငံတော်အား တာဝန်ယူရန်အမြဲအသင့်ရှိနေမည်ဖြစ်သည့်အတွက် ပါတီဝင်များအနေဖြင့်လည်းတိုင်းပြည်နှင့်နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေး၊နိုင်ငံတကာအရေးအစရှိသည့် နယ်ပယ်များအလိုက် ကျွမ်းကျင်မှုများရရှိစေရန် လေ့လာကြရမည်ဖြစ်ကြောင်း ဦးသန်းဌေး ကဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံ၏အနာဂတ်ကို ပုံဖော်ကြမည့် လူငယ်များသည် အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့်...

လူမှုကွန်ရက်များ

208,228FansLike