လက္ခစား(CMP)စက္ရံုမ်ား အလုပ္ရပ္နားေရး အခက္ၾကံဳ

လက်ခစား(CMP)စက်ရုံများ အလုပ်ရပ်နားရေး အခက်ကြုံ

ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်တွေကို ယခုလ၂၁ရက်နေ့ကစပြီး နေအိမ်နေထိုင်ရေးstay at homeအစီအစဉ်မှာအကျုံးဝင်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘဏ်ငွေရေးကြေးရေးဝန်ဆောင်မှုအပါအဝင်လုပ်ငန်းအချို့ကိုလုပ်ငန်းခွင်ဝင်ရောက်ခွင့်ပြုခဲ့ပြီးလုပ်သားအင်အားထောင်ချီရှိတဲ့ကုန်ကြမ်းယူကုန်ချောပေးတဲ့လက်ခစားလုပ်ငန်းတွေကိုယခုလ၂၄ရက်နေ့ကစပြီးအလုပ်ရပ်နားဖို့အချိန်ကပ်ကြေညာခဲ့တာကြောင့်ပြည်ပကဝယ်လက်တွေကိုအကြောင်းကြားဖို့နဲ့လုပ်သားတွေအတွက်လစာငွေပေးချေဖို့အခက်အခဲဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

ဒါအပြင်စက်ရုံလုပ်ငန်းခွင်ဝင်ရောက်နေတဲ့ နယ်ကလာရောက်လုပ်ကိုင်နေတဲ့လုပ်သားတွေအနေနဲ့ ယခုနှစ်ပတ်တာကာလအလုပ်ရပ်နားမှုက အဆောင်လစာနဲ့စားဝတ်နေရေးကိုထိခိုက်စေတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တွင် COVID-19 ကပ်ရောဂါဖြစ် ပွားမှုကာလ အပါအဝင် ခုနစ်လ အတွင်း ပိတ်သိမ်း၊ လုပ်သားအင်အားလျှော့ချတဲ့စက်ရုံ ၁၇၃ ရုံရှိပြီး အလုပ်လက်မဲ့ လေးသောင်း ကျော်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က သြဂုတ် ၃၁ ရက်နေကကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ် HM
#TheFifthWave

(zawgyi)

လက္ခစား(CMP)စက္ရံုမ်ား အလုပ္ရပ္နားေရး အခက္ၾကံဳ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းကၿမိဳ႕နယ္ေတြကို ယခုလ၂၁ရက္ေန႔ကစၿပီး ေနအိမ္ေနထိုင္ေရးstay at homeအစီအစဥ္မွာအက်ံဳးဝင္ေၾကာင္းထုတ္ျပန္ေၾကညာခ့ဲပါတယ္။

ဘဏ္ေငြေရးေၾကးေရးဝန္ေဆာင္မႈအပါအဝင္လုပ္ငန္းအခ်ိဳ႕ကိုလုပ္ငန္းခြင္ဝင္ေရာက္ခြင့္ျပဳခ့ဲၿပီးလုပ္သားအင္အားေထာင္ခ်ီရွိတ့ဲကုန္ၾကမ္းယူကုန္ေခ်ာေပးတ့ဲလက္ခစားလုပ္ငန္းေတြကိုယခုလ၂၄ရက္ေန႔ကစၿပီးအလုပ္ရပ္နားဖို႔အခ်ိန္ကပ္ေၾကညာခ့ဲတာေၾကာင့္ျပည္ပကဝယ္လက္ေတြကိုအေၾကာင္းၾကားဖို႔နဲ႔လုပ္သားေတြအတြက္လစာေငြေပးေခ်ဖို႔အခက္အခဲျဖစ္ေပၚေနတယ္လို႔သိရပါတယ္။

ဒါအျပင္စက္ရံုလုပ္ငန္းခြင္ဝင္ေရာက္ေနတ့ဲ နယ္ကလာေရာက္လုပ္ကိုင္ေနတ့ဲလုပ္သားေတြအေနနဲ႔ ယခုႏွစ္ပတ္တာကာလအလုပ္ရပ္နားမႈက အေဆာင္လစာနဲ႔စားဝတ္ေနေရးကိုထိခိုက္ေစတယ္လို႔ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး တြင္ COVID-19 ကပ္ေရာဂါျဖစ္ ပြားမွုကာလ အပါအဝင္ ခုနစ္လ အတြင္း ပိတ္သိမ္း၊ လုပ္သားအင္အားေလၽွာ့ခ်တ့ဲစက္႐ုံ ၁၇၃ ႐ုံရွိၿပီး အလုပ္လက္မဲ့ ေလးေသာင္း ေက်ာ္ရွိခဲ့တယ္လို႔ တိုင္းေဒသႀကီး လူဝင္မွုႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္း အားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ၾသဂုတ္ ၃၁ ရက္ေနကက်င္းပခ့ဲတ့ဲ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးမွာေျပာဆိုခ့ဲပါတယ္။

ရိုက္ကူး/တည္းျဖတ္ HM
#TheFifthWave